Best Cuisine

နိုင်ငံတကာမှ စိတ်ဝင်စားစရာကောင်းသော အစားအစာ (၅) မျိုးအကြောင်း

December 13, 2022

ပုံမှန်မဟုတ်တဲ့ နိုင်ငံတကာမှ အစားအစာတွေကို စိတ်ဝင်စားသူတွေနှင့် မြည်းစမ်းကြည့်ချင်တဲ့သူတွေရှိကြမယ်လို့ ထင်ပါတယ်။

ဒီလိုဆိုရင်တော့ အခုပြောပြပေးမယ့် အစားအစာတွေကို ဖတ်ပြီး သရေကျမလား၊ စားချင်စိတ်လျော့သွားမလား သိချင်ရင်တော့ ပုံလေးတွေနဲ့အတူ တစ်ခုချင်း လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

(1) Wasp Cracker – Japan
ပထမဆုံးပြောပေးမယ့် အစားအစာကတော့ မြန်မာလိုဆိုရင်တော့ နကျယ်လို့ ခေါ်တဲ့ အင်းဆက်ကောင်တွေနဲ့ အပြည့်ဖုတ်ထားတဲ့ Wasp Cracker ကို ဂျပန်နိုင်ငံမှာ ဝယ်စားလို့ရနိုင်ပါတယ်။ ချောကလက်ကွက်ကီးတွေမှာဆို Filling လုပ်ထားတဲ့နေရာမှာ ချောကလက်ကို အသုံးပြုသလိုပဲ Wasp Cracker မှာတော့ နကျယ်ကောင်တွေကို Filling ထည့်ပြီး ပြုလုပ်ထားလို့ နကျယ်ကွတ်ကီးလေးတွေလို့ခေါ်ဝေါ်ကြပါတယ်။

(2) Fried spider – Cambodia
ဒုတိယပြောပြပေးမယ့် အစားအစာကတော့ ကမ္ဘောဒီးယားမှာဆိုရင် ပင့်ကူကြော်တွေကို လမ်းဘေးမှာတင် လွယ်လွယ်ကူကူ ဝယ်စားနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားရောက်ရင် ဆီပူနဲ့ ကြွပ်ကြွပ်ရွရွ ကြော်ထားတဲ့ ပင့်ကူကြော်တစ်ကောင်လောက်တော့ မြည်းစမ်းခဲ့ဖို့ အကြံပြုချင်ပါတယ်။

(3) Cobra heart – Vietnam
ဗီယက်နမ်မှာတော့ လတ်လတ်ဆက်ဆက် နုလုံးခုန်နေသေးတဲ့ မြွေဟောက်နုလုံးနဲ့ သွေးတွေတွေကို အရက်သောက်တဲ့ ဖန်ခွက်အသေးလေးနဲ့ တစ်ရှော့ထဲကုန်အောင် သောက်ရတာဖြစ်ပြီး ကျန်းမာရေးအတွက်လည်း အရမ်းကောင်းတယ်လို့ ဗီယက်နမ်တွေက ယုံကြည်ကြပါတယ်။ ဟန္နိုင်း ရောက်ခဲ့ရင်တော့ မြွေဟောက်နုလုံးတစ်ခွက်ကို ဒေါ်လာ (၅၀) ကနေ ဒေါ်လာ (၇၀) ထိ ပေးပြီး ဝယ်သောက်လို့ရမှာဖြစ်ပါတယ်။

(4) Guinea pig – South America
နောက်ထပ်ပြောပြပေးမယ့် အစားအစာကတော့ ပူးလေးတွေကို ချစ်စရာ အိမ်မွေး Pet လေးတွေအဖြစ်သာ သိထားကြပေမယ့် တောင်အမေရိကမှာတော့ ပူးတစ်ကောင်လုံးကို Roast လုပ်ပြီး စားသောက်ဆိုင်တွေမှာ ဟင်းပွဲအဖြစ် ရောင်းချကြပါတယ်။ အရေပြားထိ ကြွပ်နေအောင် ကင်ထားတဲ ပူးကင်အရသာသိချင်ရင်တော့ တောင်အမေရိကရောက်ရင် မြည်းစမ်းနိုင်ပါတယ်။

(5) Casu Marzu – Italy
ချိစ်ဆိုရင် အရမ်းကြိုက်တယ်ဆိုတဲ့ ချိစ်သရဲလေးတွေ အီတလီက Casu Marzu ဆိုတဲ့ chesse တွေအပြည့်နဲ့ Dessert ကိုတော့ စားရဲမယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ သိုးကရတဲ့ နို့နဲ့ပြုလုပ်ထားတဲ့ ချိစ်တွေနဲ့အတူ အသက်ရှင်နေတဲ့ လောက်ကောင်တွေက ဒီချိစ်ထဲမှာ ပါနေလို့ပါပဲ။


Ref: tastemm

The Myanmar Restaurant Guide


Read 456 times.