Best Cuisine

ချဉ်ငံစပ် ရခိုင်တံငါသည်ဟင်းချက်နည်း

December 6, 2022

ချဉ်ငံစပ် ရခိုင်တံငါသည်ဟင်းချက်နည်းလေး ချက်စားလို့ရအောင်တင်ပေးလိုက်ပါတယ်။ တံငါသည်ဟင်းကို ကိုတံငါလို့လည်း အတိုကောက်ခေါ်ကြပါတယ်။

ပင်လယ်ထဲ ငါးရှာတဲ့ ကိုတံငါတို့ ပုစွန်နှင့် ဂဏန်းလည်း တစ်နပ်စာမရ၊ ငါးလည်း တစ်နပ်စာမရဘူးဆိုရင် ရသမျှကို ရောနှောပြီး ချက်ရတဲ့ဟင်းမို့ တံငါသည်ဟင်းလို့လည်း ခေါ်ပါတယ်။

တံငါသည်ဟင်းချက်ရာမှာ ပါဝင်ရမည့်ပစ္စည်တွေကတော့ ပင်လယ်စာတွေကတော့ ပြည်ကြီးငါး၊ ဂုံး၊ ခရု၊ ငါး၊ ရေဘဝဲ၊ ကင်းမွန်၊ ဂဏန်းအမာနှင့် အပျော့၊ ပုစွန်နှင့် ရေခူတို့ပဲဖြစ်ပါတယ်။

မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ ကြက်သွန်အဖြူအနီ၊ ငြုပ်ကောင်းနဲ့ ငရုပ်သီးစိမ်း၊ ရခိုင်ငါးပိနဲ့ သကြား၊ ဟင်းချိုမှုန့်တွေလည်း ပါဝင်ပါတယ်။ 

ပါးပါးလှီးထားတဲ့ ပင်လယ်စာတွေကို ဒယ်အိုးထဲထည့်ပြီးလှော်ပါ။ ရေထည့်ပါ။ ရေထည့်ပြီးရင် ရခိုင်ငါးပိ၊ ကြက်သွန်ဥနီနဲ့ ခရမ်းချဉ်သီးတွေထည့်ပြီး ခဏထားပါ။ ဟင်းကျက်ခါနီးပြီဆိုရင် ငြုပ်ကောင်းမှုန့်နဲ့ ကြက်သွန်ဖြူကိုထည့်ပြီး လုံးဝပြီးသွားရင်တော့ ပင်စိမ်း၊ ရှမ်းနံနံနဲ့ ကြက်သွန်မြိတ်ကိုအုပ်ပြီး အနံ့အရသာနဲ့ပြည့်စုံတဲ့ ရှုးရှဲပင်လယ်စာအရည်သောက်ဟင်းလေးရပြီးပဲဖြစ်ပါတယ်။

The Myanmar Restaurant Guide


Read 648 times.