Easy Recipes

ဝက်သားတုတ်ထိုးကို ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဖြစ်အောင် ဘယ်လိုလုပ်စားကြမလဲ

December 2, 2020

Photo Credit to www.howtocook.com.mm

“ အသီးမှာ သရွက်၊ အသားမှာ ဝက် “ ဆိုသလိုပါပဲ။ ဝက်သားဟာ ခေါင်းမှစလို့ အမြှီးအဆုံး ပစ်ရက်စရာ မရှိဘဲ အကုန်စားလို့ရတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဝက်သားတုတ်ထိုး ချစ်သူတွေအဖို့တော့ ကိုဗစ်ကာလအတွင်း အပြင်လည်း ထွက်စားလို့ မရ၊ အိမ်မှာ ကိုယ့်ဘာကိုယ် လုပ်စားဖို့ကိုလည်း မသန့်ရှင်းမှာ၊ မကောင်းမှာစိုးလို့ ကြံရာမရ ဖြစ်နေသူတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ 

ဒီနေ့မှာတော့ ဝက်သားတုတ်ထိုး ချစ်သူ အစားတလိုင်းလေးတွေအတွက် သန့်ရှင်းတဲ့ ဝက်သားတုတ်ထိုး တစ်ပွဲကို ဘယ်လို ပြုလုပ်ရမယ်ဆိုတာ ပြောပြသွားချင်ပါတယ်။ ဝက်သားတုတ်ထိုး ပြုလုပ်ဖို့ ဝက်အူစုံနဲ့ အသား ၁ပိဿခန့် အသုံးပြုမှာ ဖြစ်ပါတယ်။ 

ပထမဆုံး အသားတွေကို ရေနဲ့ ဆေးကြောသန့်စင်ပြီး ဆားနဲ့ သကြား ရောနယ်ထားပါ။ အူတွေကို အရင်ဆုံး ပဲမှုန့်နဲ့ နယ်ပြီး ဆေးရပါမယ်။ ပြီးရင်တော့ ရှာလကာရည်နဲ့ ပွတ်ဆေးပြီး ရေသန့်နဲ့ (၃)ကြိမ်ခန့် ပြန်လည် ဆေးကြော သန့်စင်ပေးရပါမယ်။ ဒါမှ တစ်ကယ်သန့်ရှင်းတဲ့ ဝက်သားတုတ်ထိုးကို စားသုံးနိုင်မှာ ဖြစ်ပါတယ်။ 

ရေဆေးပြီးရင်တော့ အူကို ပြောင်းပြန်လုပ်ပြီး တူနဲ့ အူချောင်းတွေကို ထိုးသွင်းထားပါ။ ဝက်သားတွေကို ပြုတ်တဲ့အခါ အနီရောင်ရှိတဲ့ အသဲ၊ အဆုပ်၊ နားရွက်၊ ကျောက်ကပ်နဲ့ အသားစတာတွေကို သီးသန့်တစ်အိုး ပြုတ်ပြီး အူတွေကိုတော့ သပ်သပ်တစ်အိုးနဲ့ ပြုတ်ရပါမယ်။ ရောပြုတ်ရင် အရောင်မလှ ဖြစ်တတ်ပါတယ်နော်။ 

Pach Lau Pork Organ Recipe - YouTube | Cambodian food, Recipes, Pork

အူတွေကို ပြုတ်တဲ့အခါ …

ရေအတန်အသင့် ထည့်ထားတဲ့ အိုးကို ပူအောင်တည်ပြီး သကြား ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်လှော်ပါ။ အရောင်လှဖို့ကိုတော့ ငြုပ်ကောင်းမှုန့် အနည်းငယ်နဲ့ လေးညှင်းပွင့် (၂)ပွင့်၊ နာနတ်(၁)ပွင့်နဲ့ ပဲငံပြာရည် လက်ဖက်စားဇွန်း (၂) ဇွန်းခန့် ထည့်ပေးရပါမယ်။ 

အူတွေကို မီးမြေ့မြေ့နဲ့ ရေခန်းအောင် လုံးထားပြီးမှ ရေအမြုပ်ထည့်ပြီး ပြုတ်ပါ။ ပြီးရင်တော့ နံနံပင် အမြစ်ပင် (၃) ပင်ခန့် ဓားပြားရိုက်ထည့်ကာ.နူးပြီးရေခန်းတဲ့အထိ မီးဖြည်းဖြည်းနဲ့ ထားပါ။ ရေခန်းရင် ချလို့ရပါပြီ။ 

အသဲ၊ အဆုပ်၊ ကျောက်ကပ်၊ အသားနဲ့ နားရွက်တွေကို ပြုတ်တဲ့အခါ …

ရေနွေးဆူအောင်တည်ပြီး ဆားနဲ့ သကြား ထမင်းစားဇွန်းဝက်ခန့်၊ နာနတ်ပွင်း (၁)ပွင့်၊ ငံပြာရည်နဲ့ ငြုပ်ကောင်းမှုန့် စတာတွေကို ထည့်ပြီး အသားထည့်ကာ မီးဖြည်းဖြည်းနဲ့ နူးတဲ့အထိ ပြုတ်ရပါမယ်။ အားလုံးနူးပြီ ဆိုရင်တော့ ဗန်းတစ်ခုထဲ ဆယ်ထည့်ကာ အအေးခံထားလိုက်ပါ။ ကြက်ဥပြုတ်ကြိုက်တဲ့ သူတွေက အသားတွေနဲ့အတူ ကြက်ဥကို ရောပြီး ပြုတ်ထားလို့ ရပါတယ်။ 

ဝက်သားတုတ်ထိုးရဲ့ အသက်က အချဉ်ရည်ပါပဲ။ သန့်ရှင်းလတ်ဆတ်တဲ့ အချဉ်ရည် ရနိုင်ဖို့ မန်ကျည်းသီး လက်တဆုပ်ခန့်ကို ထန်းလျှက်ခဲ (၃)ခဲရောပြီး အရည်နဲ့ အနှစ် ရတဲ့အထိ ပြုတ်ပါ။  အနှစ်ရအောင် ဇကာနဲ့ စစ်ထားလို့ ရပါတယ်။ 

ផាក់ឡូវ Braised Pork Organ [Cambodian's Recipe][Kitchen Story] - YouTube

ပြီးရင်တော့ ကြက်သွန်ဖြူနဲံ ငြုပ်သီးစိမ်း ရောထောင်းပြီး ကြိုထားတဲ့ မန်ကျည်းအနှစ်ကို ရောလိုက်ပါ။ ဒါပြီးရင်တော့ ယိုးဒယား ပဲငံပြာရည်နဲ့ သကြားအနည်းငယ် ထည့်ဖျော်ပြီး အအေးခံထားတဲ့ ဝက်သားတုတ်ထိုးနဲ့ လတ်ဆတ်တဲ့ အချဉ်ရည် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီနော်။ 

ကိုးကား - Aye Thazin 


Read 3336 times.