Healthy Food

ပဲဆိုတဲ့ အစားအစာကို ကလေးရော လူကြီးရော ဘာလို့ စားသင့်တာလဲ

November 13, 2020

အသက်အရွယ်ရလာတာ နှင့်အမျှ ကလေးငယ်တွေမှာ အာဟာရဓာတ်ချို့တဲ့ခြင်း ၊ လူကြီးတွေမှာဆိုရင် ဆီးချို ၊ သွေးတိုး ၊ သွေးတွင်း ကိုလက်စထေရော တက်ခြင်း ၊ ကျခြင်း တွေကို ဖြစ်စေနိုင်ပါတယ်။

 

ဒါကြောင့် အာဟာရပြည့်ပြည့်ဝဝ နှင့် စနစ်တကျ ကျန်းမာရေး နှင့် ညီညွှတ်အောင် အစားအစာ ကောင်းမျိုးကို စားပေးဖို့ လိုပါတယ်။ ဒီလိုအစားအစာမျိုးထဲက ပဲအမျိုးမျိုး ဆိုတဲ့ ပဲများ၏ အကျိုးပြုပေးတဲ့ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ပဲ များတွင် အသားဓာတ် ၊ အမျှင်ဓာတ် ၊ သံဓာတ် ၊ သွပ်ဓာတ် ၊ စီလီနီယမ် ၊ ကော့ပါး ၊ Phosphours ၊ ဗီတာမင် ဘီ တို့ ပါဝင်ပါတယ်။

 

အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်း ၊ ဝမ်းမှန်ခြင်း ၊ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ချပေးတဲ့ ကောင်းကျိုးတွေ ရှိပါတယ်။ သွေးအတွင်း ကိုလက်ကစထရော ကျခြင်း နှင့် နောက်ဆက်တွဲရောဂါ ဖြစ်တဲ့ သွေးတိုး ၊ ဆီးချိုရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။ သံဓာတ်ဟာဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥများ ပေါက်ဖွားခြင်းကို အားကောင်းစေတာကြောင့် သွေးအားများကို ကောင်းစေနိုင်ပါတယ်။

 

ဒါပြင် မှတ်ဉာဏ်စွမ်းအားကိုလည်း ကောင်းစေတဲ့ အပြင် သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ သံဓာတ် အားနည်းခြင်းကို တစ်ဖက်တစ်လမ်းက ကာကွယ်ပေးပါတယ်။ ဗီတာမင်ဘီ ပါဝင်တာကြောင့် ဉာဏ်စွမ်းအားချို့တဲ့ခြင်းကို ၊ မှတ်ဉာဏ် အားနည်းခြင်းတွေကို ကာကွယ်ပေးပါတယ်။

 

အသားဓာတ်ကြွယ်ဝတဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးခြင်း ၊ အရပ်ရှည်စေပါတယ်။ ဒါပြင် သက်ကြီးပိုင်းအများစုမှာ ဖြစ်လေ့ရှိတဲ့ အစားစာရတာ အဆင်မပြေခြင်း၊ ပါးစပ်ပျက်ခြင်း၊ အနံ့မခံနိုင်ခြင်း၊ အသား နှင့် ငါးကို အစားနည်းတဲ့ သူများအတွက် မဖြစ် မနေလိုအပ်တဲ့ အသားဓာတ်ကို ပဲအမျိုးမျိုး က ရရှိနိုင်ပါတယ်။

 

ပဲတွင် Phosphours များပါဝင်တာကြောင့် အရိုးအဆစ်များကို သန်မာစေပါတယ်။ သွပ်ဓာတ် နှင့် စီလီနီယမ်တို့ ပါဝင်တဲ့ အတွက် ကိုယ်ခံအားများကို မြှင့်တင်ပေးပြီး ကိုယ်ခံအားကောင်းစေပါတယ်။ ဓာတ်တိုးဆန့်ကျင်တဲ့ ဆီလီမီယမ်ဓာတ်ပါဝင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ ဆီလီမီယမ်ဓာတ်ကို အစားစာတိုင်း မရှိနိုင်ဓာတ် တစ်မျိုးဖြစ်ပါတယ်။ ထိုဓာတ်ကို ပဲအမျိုးမျိုး မှာ ကြွယ်ဝစွာ ရရှိနိုင်ပါတယ်။

 

By The Myanmar Restaurant Guide


Read 400 times.