Healthy Food

ဖြစ်နိုင်ရင် တစ်နေ့တစ်လုံး စားပေးသင့်တဲ့ ထောပတ်သီး

November 10, 2020

ထောပတ်သီးဟာ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ထောပတ်သီးကို အသားညှပ်ပေါင်မုန့်မှစပြီး ဟင်းပွဲအမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။ 

ထောပတ်သီးက လူတို့အတွက် အသားအရေကျန်းမာရေးကို အဖက်ဖက်ကနေ ထောက်ပံ့အကျိုးပြုပေးတဲ့ အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တွေကိုလည်း ပါဝင်အားဖြည့်ပေးပါတယ်။ 

ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထောပတ်သီးကို တစ်နေ့တစ်လုံးစားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးတွေကတော့

 

၁. မျက်လုံးကို ပိုပြီး ကျန်းမာစေပါတယ်။

ထောပတ်သီးပုံမှန်စားခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ lutein နဲ့ zeaxanthin တွေက အလင်းရောင်ကြောင့် မျက်လုံးပျက်စီးမှုနှင့် မျက်လုံးပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်လို့ ထောပတ်သီး တစ်နေ့တစ်လုံးစားခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ဂရုစိုက်ကြရပါ့မယ်။

 

၂. အသားအရည်ပိုပြီး ကောင်းမွန်လာစေပါတယ်။

ထောပတ်သီးမှာပါဝင်တဲ့ Carotenoid နဲ့ lutein ဓာတ်တွေက ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အသားအရည်ကို ကျန်းမာတောက်ပနုပျိုစေပါတယ်။ ဒါတွေအပြင် ခန္ဓာကိုယ်မှ စုပ်ယူမှုအားကောင်းတဲ့အတွက် အခြားအသီးတွေထက်ပိုပြီး ရွေးချယ်သင့်ပါတယ်။

 

၃. မှတ်ဉာဏ်ပိုကောင်းလာစေပါတယ်။

ထောပတ်သီးမှာ omega-3 fatty acid နဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။

 

၄. ခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းထားနိုင်ပါတယ်။

ထောပတ်သီးမှာ အဆီဓာတ်ပါဝင်သော်လည်း ကောင်းမွန်တဲ့ အဆီဖြစ်လို့ ကိုယ်အလေးချိန်လျော့ကျလိုသူတွေ စားသင့်ပါတယ်။ ထောပတ်သီးက အချိန်အတော်ကြာအောင် ဗိုက်ပြည့်နေစေလို့ အလွန်အကျွံစားသုံးခြင်းကို လျှော့ချနိုင်ပါတယ်။

 

၅. နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

ထောပတ်သီးမှာ နှလုံးနဲ့သွေးကြောစနစ်အတွက် ကောင်းကျိုးများစွာရှိပါတယ်။ ဒီအသီးမှာကောင်းမွန်တဲ့ ဆီအမျိုးအစားဖြစ်တဲ့ မပြည့်ဝဆီကြွယ်ဝစွာပါဝင်ပြီးတော့ မကောင်းတဲ့အဆီဓာတ်ပါဝင်မှုနည်းပါတယ်။ ထို့ကြောင့် ထောပတ်သီးမှာ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ အင်တီအောက်စီးဒင့်၊ phenols နဲ့ carotenoids စတာတွေ ပါဝင်ပါတယ်။

 

၆. ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

ထောပတ်သီးမှာ ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ကျစေတဲ့ phytochemicals များစွာပါဝင်ပါတယ်။ ပါးစပ်ကင်ဆာ ဖြစ်နိုင်ချေနည်းစေတဲ့ xanthophyll lutien နဲ့ glutathione ဆိုတဲ့ ပရိုတင်းဓာတ်လည်း ပါဝင်ပါတယ်။ ထောပတ်သီးက ဆီးကျိတ်နဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျော့နည်းစေပြီး အချို့သော ဓာတ်ပေါင်းတွေက acute myeloid leukemia cells (သွေးဖြူဥကင်ဆာဆဲလ်) တွေကို တိုက်ဖျက်နိုင်ပါတယ်။

 

၇. ခန္ဓာကိုယ်မှ လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ်ကို ရရှိစေပါတယ်။

ထောပတ်သီး 100 ဂရမ်မှာ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ပိုတက်ဆီယမ်ပမာဏရဲ့ 14% ပါဝင်ပါတယ်။ ငှက်ပျောသီးမှာတော့ 10% ပဲပါဝင်ပါတယ်။ ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ချပေးပြီး နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ချေကို လျော့ကျစေတဲ့အတွက် အလွန်အရေးကြီးပါတယ်။

 

By The Myanmar Restaurant Guide


Read 687 times.