Special Deals

Hotpot Paradise ရဲ့ 35% အထိ လျှော့စျေးရှိတဲ့ Christmas Promotion

December 18, 2023

ဒီဇင်ဘာရဲ့ ဆောင်းအငွေ့အသက်လေးနဲ့အတူ ပူပူနွေး‌‌နွေးဟော့ပေါ့ကို ဘူဖေးအ၀စားချင်တဲ့ Foodie လေးတွေအတွက် Hotpot Paradise ရဲ့ Christmas နဲ့ New Year ပရိုမိုးရှင်းတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။ ဒီဇင်ဘာတစ်လလုံး လျှော့ဈေးရှိနေလို့ Makro ကို ဈေးဝယ်ထွက်လို့ပဲဖြစ်ဖြစ်၊ ဆောင်းတွင်းမှာ လိုနေတဲ့ အနွေးဓာတ်ကို ဟော့ပေါ့ပူပူလေးစားရင်း ရချင်ရင်ဖြစ်ဖြစ် Hotpot Paradise ကို သတိရလိုက်ပါ။ 

ပရိုမိုးရှင်းတွေကတော့ ဆိုင်မှာထိုင်စားမယ့်သူတွေအတွက်တင်မဟုတ်ဘဲ အိမ်မှာနေရင်း မှာစားချင်သူတွေအတွက်ရော ပါဆယ်ဆွဲချင်တဲ့သူတွေအတွက်ပါ အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ 

ပထမဆုံးအနေနဲ့ ဆိုင်မှာ သွားစားမယ်ဆိုရင် အချိန်ကန့်သတ်ချက်မရှိတဲ့ အ၀စားဘူဖေးကို -

(၃) ယောက်သွားမယ်ဆို 8% OFF

(၄) ယောက်နဲ့ အထက်သွားမယ်ဆို 10% OFF ရမှာဖြစ်ပါတယ်။

ဟော့ပေါ့ဘူဖေးမှာ ရွေးချယ်စရာ Package (၂) မျိုး ရှိပါတယ်။ အသားတွေချည်းပါတဲ့ Regular Fun ရယ်၊ ပင်လယ်စာချည်းသီးသန့်ပါတဲ့ Seafood Lover ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ 

Regular Fun

Regular Fun မှာ ကြက်သားလွှာ၊ ကြက်မဲသားလွှာ၊ ကြက်သားနှပ်၊ ကြက်သားလုံး၊ ကြက်အူချောင်း၊ ချိးစ်ကြက်အူချောင်း၊ ကြက်ဆင်၊ ဝက်သုံးထပ်သား၊ ဝက်ဂုတ်သား၊ ဝက်မှိုလုံး၊ အမဲသား၊ အမဲသားလုံး တို့ပါဝင်ပါတယ်။ ပင်လယ်စာ မကြိုက်တဲ့ သူတွေ၊ ပင်လယ်စာနဲ့ မတည့်တဲ့သူတွေကတော့ Regular Fun ကို ရွေးကြပါတယ်။ မူရင်းစျေးနှုန်းကတော့ ၁၈,၃၀၀+ ကျပ်ဖြစ်ပါတယ်။ အခု ပရိုမိုးရှင်းကြောင့် ၁၆,၀၀၀+ ကျပ်လောက်ပဲ ကျပါတော့မယ်။ 

Seafood Lover

Seafood Lover မှာ ပုဇွန်၊ ကင်းမွန်၊ ဒိုရီငါး၊ ဂုံးစိမ်း၊ ဂုံးယပ်တောင်၊ ငါးအိုးစည်၊ ချီးစ်ငါးတို့ဟူး၊ ပြည်ကြီးငါးလုံး၊ ပုဇွန်ဥ၊ ငါးသားလုံး၊ ပုဇွန်ဖက်ထုပ်၊ ဂဏာန်းအသားချောင်းတို့နဲ့ ပင်လယ်စာအစုံဗန်း ပါဝင်ပါတယ်။ စျေးနှုန်းကိုတော့ ၁၉,၉၀၀+ ကျပ် သတ်မှတ်ထားပါတယ်။ ဒီလရဲ့ ပရိုမိုးရှင်းနဲ့ဆို စျေးနှုန်းက ၁၇,၀၀၀+ ကျပ်လောက်ပဲ ရှိပါတော့မယ်။

     Advertisement

Click Here > Htun Tauk

ဟော့ပေါ့ဘူးဖေး (၂) မျိုးလုံးမှာ ပါဝင်တဲ့ အသီးအရွက်၊ အရံဟင်းနဲ့ သောက်စရာ အအေးများ

အသီးအရွက်အစုံ - အပ်မှို၊ မှိုဘုရင်၊ ကြွက်နားရွက်၊ ပိန်းဥ၊ မုန့်ညှင်းဖြူ၊ ဘေဘီကွန်း၊ ပြောင်းဖူး၊ ဂျပန်ပဲပြား၊ ကြာစွယ်၊ ကန်စွန်းရွက်၊ ကြက်ဥ၊ မုန့်ညှင်းစိမ်း၊ ပဲလိပ်ခြောက်၊ ပဲလိပ်ကြော်၊ အာလူး၊ ရွှေဖရုံသီး၊ မုန်လာဥနီ

Side Dish - ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ မားမားခေါက်ဆွဲကြော်၊ သင်္ဘောသီးထောင်း

အအေး - ကိုကာကိုလာ၊ Sprite၊ လိမ္မော်ရည်

ဟော့ပေါ့အရည် - တုံယမ်း၊ မာလာ၊ အချို၊ အစပ် စသဖြင့် ရွေးချယ်စရာတွေ များပါတယ်။

မှတ်ချက် ။ ။  Seafood Lover Package ကို ရွေးရင် Regular Fun က မီနူးတိုင်းကို စားလို့ရပါတယ်။ 

ဆိုင်မှာ ထိုင်မစားချင်ဘူး၊ အိမ်ကနေပဲ ဟော့ပေါ့ကို မှာစားမယ် (ဒါမှမဟုတ်) ပါဆယ်ဆွဲမယ်ဆိုရင် ရမယ့် ပရိုမိုးရှင်းကတော့ Hotpot Paradise ရဲ့ Set Menu တွေကို - 

35% OFF (Delivery and Take Away Only)
20% OFF (Dine In Only) ရရှိမှာပါ။

Hotpot Paradise ရဲ့ Set Menu လေးတွေကတော့ 35% Off ဆို - 

Chicken Set - 1̶7̶,̶0̶0̶0̶ (11,050 +++)
ကြက်ဆင်၊ ကြက်သားလွှာ၊ ကြက်မဲ

Pork Set - 1̶7̶,̶0̶0̶0̶ (11,050 +++)
သုံးထပ်သား၊ ဝက်ဂုတ်သား၊ ကြက်မဲ

Beef Set - 1̶9̶,̶0̶0̶0̶  ̶(12,350 +++)
အမဲသား၊ ကြက်ဆင်၊ ကြက်မဲ

Seafood Set - 2̶2̶,̶0̶0̶0̶ ̶ (14,300 +++)
နယူးဇီလန်ဂုံး၊ ပြည်ကြီးငါး၊ ပုစွန်

Seafood Chicken Set - 2̶0̶,̶0̶0̶0̶ ̶ (13,000 +++)
ပုစွန်၊ ကြက်သားလွှာ၊ ကြက်မဲ

Seafood Pork Set - 2̶0̶,̶0̶0̶0̶ ̶ (13,000 +++)
ပုစွန်၊ သုံးထပ်သား၊ ဝက်ဂုတ်သား

Family Set - 5̶8̶,̶0̶0̶0̶ ̶ (37,700 +++)
ကြက်ဆင်၊ ကြက်သားလွှာ၊ ကြက်မဲ၊ ကြက်သားနှပ်၊ ဆိတ်သား၊ သုံးထပ်သား၊ ဝက်ဂုတ်သား၊ အမဲသား၊ ဒိုရီငါး၊ နယူးဇီလန်ဂုံး၊ ပုစွန်၊ ပြည်ကြီးငါး၊ ပဲလိပ်ကြော် 

မှတ်ချက်။  ။ ၅၀,၀၀၀ ကျပ်ဖိုးအထက် မှာယူရင် ပို့ခဖရီး ဖြစ်ပါတယ်။ 

Makro Whole Sale Myanmar

No.322,Upper Pazundaung Road, Sat Sun Ward, Mingalar Taung Nyunt Township.

09-777005065, 09-750800446, 09-77720070


Read 271 times.