Up to 40% OFF

ဟင်းပွဲတိုင်းကို 30% Discount ပေးနေတဲ့ Beauty in the Pot

July 18, 2023

မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ လူကြိုက်အများဆုံး Collagen Broth Base Hot Pot ကို ရောင်းချပေးနေတဲ့ Beauty In The Pot MM ဟာ စားသုံးသူတိုင်းကို ဇူလိုင်လ လကုန်ရက်အထိ ပရိုမိုးရှင်းတွေ ပေးနေပါတယ်။

ပရိုမိုးရှင်းအကြောင်းလေး မပြောပြခင်မှာ ဆိုင်ရဲ့ Signature Menu ဖြစ်တဲ့ Collagen Broth ဆိုတာကို သိပ်မသိကြသေးတဲ့ စားသုံးသူတွေအတွက် ဗဟုသုတအနေနဲ့  အရင်ဆုံး ရှင်းပြပေးချင်ပါတယ်။

Collagen Broth ဆိုတာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အဟာရဓာတ်တွေကို အရည်တစ်ခုထဲမှာ ပေါင်းဆုံစေတဲ့ ကျန်းမာရေးဓာတ်စာ တစ်မျိုးပါပဲ။ Beauty in the Pot ရဲ့ Collagen Broth အရည်မှာဆိုရင် Shimeji Mushroom၊ Red Date (ဇီးသီးနီ) နဲ့ Goji Berry စတာတွေ ပါဝင်ပါတယ်။

Advertisement

Click Here > Hnin Taung

Shimeji Mushroom က သွေးတွင်းမှာ ပါဝင်တဲ့ ကိုလက်စထရောကို လျော့ကျစေပြီး ကင်ဆာ ဖြစ်ပွားနိုင်ချေကိုလည်း လျော့နည်းစေသလို ခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့ အဆီတွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

Red Date ဆိုတဲ့ ဇီးသီးနီကတော့ Vitamin A, B1, B2, Protein, Calcium, Phosphorous, Iron နဲ့ Magnesium စတဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။

Goji Berry ကတော့ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့နည်းသက်သာစေတဲ့အပြင် အသားအရေ လှပစေပြီး ကိုယ်ခံအားကိုလည်း အင်မတန် ကောင်းမွန်စေပါတယ်။

ဒီလိုအာဟာရဓာတ်တွေ အားလုံးကို Beauty In the Pot ရဲ့ Collagen Broth တစ်ခုထဲမှာ အကုန် ပေါင်းစပ် ထည့်သွင်းထားတာမို့ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုတဲ့အတိုင်း လူကြီးလူငယ်မရွေး သောက်သုံးနိုင်တဲ့ အဟာရပြည့် သဘာဝဆေးရည်တစ်မျိုးပါပဲ။ သူ့ချည်းပဲ သောက်နိုင်သလို Hotpot လိုမျိုး ကိုယ်ကြိုက်တဲ့ အသားတွေ၊ အရွက်တွေ ထည့်ပြီးလည်း စားသုံးနိုင်ပါတယ်။ 

Beauty in the Pot ရဲ့ Collagen Broth အကြောင်း အနည်းငယ်ကို ပြောပြပြီးပြီဆိုတော့ အခု သူ့ဆိုင်မှာ ပေးနေတဲ့ ပရိုမိုးရှင်းအကြောင်းကို ဆက်ပြောပြချင်ပါတယ်။ ဒါကတော့ မနက် (၁၁) နာရီကနေ နေ့လယ် (၂) နာရီခွဲအတွင်း ဆိုင်မှာ လာရောက်သုံးဆောင်သူတိုင်းနဲ့ မှာယူသုံးဆောင်သူတိုင်းဟာ နှစ်သက်ရာ ဟင်းပွဲတိုင်းကို Discount စျေးနှုန်းနဲ့ ရမှာဖြစ်ပါတယ်။

Discount တွေကိုတော့ Beauty in the Pot ရဲ့ ဆိုင်ခွဲ (၂) ခုဖြစ်တဲ့ ၉ မိုင်မှာ 30% နဲ့ ပြည်ထောင်စုဆိုင်ခွဲမှာ 20% ရရှိနိုင်မှာပါ။ Dine-in သုံးဆောင်နိုင်သလို Delivery အတွက် SS Food Delivery၊ Foodpanda၊  Food2U တို့ကနေလည်း မှာယူနိုင်ပါတယ်။ 

Beauty in The Pot @ Pyidaungzu

Operation Hours: 11:00 AM - 10:00 PM (Last Order - 09:30 PM)

Reservation: 09 676 200 240, 09 676 200 241

Outlet location: No. 33, Corner of Pyidaungzu Yeiktha Street & Khayaypin Street, Dagon Township, Yangon, Myanmar.

Beauty in The Pot @ Taw Win [9 Miles]

Operation Hours: 11:00 AM - 10:00 PM (Last Order - 09:30 PM)

Reservation: 09 880 222 182, 09 880 222 183

Outlet location: No. 11062, Taw Win Road, Mayangone Township, Yangon, Myanmar.

Fb Link - https://www.facebook.com/beautyinthepotmm


Read 402 times.