Best Cuisine

Chinese New Year Promotion ပေးနေတဲ့ စားသောက်ဆိုင် (၇) ဆိုင်

January 18, 2023

ဒီနှစ်က တရုတ်လူမျိုးတို့၏ ယုန်နှစ်လည်းဖြစ် တရုတ်နှစ်သစ်ကူးကာလလည်း နီးကပ်လာပြီဆိုတော့ တရုတ်နှစ်ကူးမှာ တရုတ်ရိုးရာ ဟင်းတွေတွေနဲ့ ကန်တော့ချင်လို့ပဲဖြစ်ဖြစ် တရုတ်နှစ်ကူးပိတ်ရက်ကို မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ Budget လည်း Save ဖြစ်ပြီး ပျော်ပျော်ပါးပါး စားသောက်ချင် တွေအတွက် တရုတ်နှစ်ကူးကာလအတွင်း ပရိုမိုးရှင်းတွေပေးနေတဲ့ စားသောက်ဆိုင် (၇) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

(1) Swe Thai Restaurant

ပထမဆုံးပြောပြပေးမယ့် ဆိုင်နာမည်ကတော့ Swe Thai Restaurant ဆိုတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဆိုင်ကို သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်ထားတာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ မနက် ၁၀ နာရီမှ ည ၁၀ အထိပါ။ ဒီဆိုင်ရဲ့ တရုတ်နှစ်ကူး အထူး ပရိုမိုးရှင်းအစီအစဉ်လေးကတော့ လာရောက်စားသုံးသူတွေအတွက် အရမ်းတန်တဲ့ ဟင်း Set Menu Promotion လေးတွေကို စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ 

သတ်မှတ်ထားတဲ့ Promotion ကာလကတော့ ဇန်နဝါရီလ ၁၄ မှ ၃၁ ရက်နေ့ အထိ ဖြစ်ပါတယ်။ Set Menu Promotion ပုံစံကတော့ Set Menu (A)၊ (B)၊ (C) ဆိုပြီး (၃) မျိုးခွဲပေးထားတဲ့အပြင် Set Menu တစ်မျိုးချင်းစီတိုင်းအတွက် လူ (၄) ယောက်စာ သုံးဆောင်လို့ရမှာ ဖြစ်ပါတယ်။

SET MENU (A) မှာဆိုရင်…
(1) Yee San
(2) Eight Treasure
(3) Seafood Salad
(4) Deep Fried Crispy Pork with Spring Onion and Ginger
(5) Stair Fried Chicken with Sichuan Sauce
(6) Braised Salted Mushroom with Garlic Vegetable
(7) Stair fried fish filled with Black Bean Sauce.
(8) Fried Long Life with Noodle Chicken.
(9) Seasonal Fruit and Chinese Traditional Dessert. တို့ဖြစ်ပြီး စျေးနှုန်းကတော့  95,000 ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

SET MENU (B)
(1) Seafood TomYum soup.
(2) Spicy Grilled Pork Neck Salad.
(3) Fried Vegetable with Spring Roll.
(4) Stair-Fried Cut-fish with Red Curry.
(5) Stair-Fried Chicken with Green Curry.
(6) Steamed Pork Leg with Kailan.
(7) Stir-Fried Chayote with Garlic. 
(8) Steamed Rice.
(9) Mix Fruit and Thai Traditional Dessert. တို့ဖြစ်ပြီး စျေးနှုန်းကတော့  75,000 ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

SET MENU (C)     
(1) Hot and Sour Pork Belly Salad.
(2) Braised sweet corn soup with Chicken.
(3) Stair-Fried chicken with Oyster sauce.
(4) Stir-Fried mixed Vegetable with Preserved-ToFu.
(5) Braised ToFu Sichuan Style.
(6) Fried Rice chicken with Yan.
(7) Deep-Fried French Bean.
(8) Mix Fruit & Chinese Traditional Dessert. တို့ဖြစ်ပြီး စျေးနှုန်းကတော့  60,000 ကျပ်ကျသင့်မှာဖြစ်ပါတယ်။ 

Address: No.1, Thiri Yadanar Street and From Yadanar Main Road, Thingangyun Township,Yangon.
Ph: 01 407067, 09 445806064, 09 407144442
Fb Link >>> Swe Thai Restaurant

 

(2) Western Park Royal Restaurant

အခုပြောမယ့်ဆိုင်ကတော့ ကန်တော်ကြီးထဲမှာ ဖွင့်တာလဲကြာပြီဖြစ်တဲ့ Western Park Royal Restaurant ပဲဖြစ်ပါတယ်။ ဗဟန်၃လမ်းမှတ်တိုင်အနီးက ကန်တော်ကြီးဝင်းထဲမှာ ဖွင့်ထားပြီး တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ ပိတ်ရက်မရှိဖွင်းထားပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ တနင်္လာ၊ ဗုဒ္ဓဟူး ကို မနက် ၉နာရီမှ ည၉နာရီ၊ အင်္ဂါ၊ သောကြာ၊ စနေ၊ တနင်္ဂနွေ ကို မနက် ၉နာရီမှ ည ၁၀နာရီနှင့် ကြာသာပတေးနေ့ တစ်ရက်တည်းကို တော့ မနက် ၆ နာရီမှ ည ၉နာရီအထိဖွင့်ပါတယ်။ 

ဒီဆိုင်ရဲ့ ပရိုမိုးရှင်းအစီအစဉ်ကတော့ Special Set တွေကို ပုံမှန်စျေးထက် လျှော့ပေးထားတဲ့ အစီအစဉ်ရှိတဲ့အပြင် တရုတ်နှစ်ကူးရက်အတွင်း လာရောက်စားသုံးသူများကို နှမ်းမဲအငံ မုန့်လ က်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ နှမ်းအမဲ အငံမုန့်လက်ဆောင်အစီအစဉ်ကတော့ Stock ရှိသလောက်ပဲ ရမှာပါ။

လိပ်စာ။ ဗဟန်း ၃ လမ်းမှတ်တိုင်အနီး၊ မဟာမြိုင်ကျွန်း၊ ကန်တော်ကြီးဝင်းအတွင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
Ph: 09 782222553, 09 782222554
Fb Link >>> Western Park Royal Restaurant

 

(3) Chatrium Hotel Royal Lake Yangon

နောက်ထပ်ပြောပြပေးမှာကတော့ တာမွေမြို့နယ် နတ်မောက်လမ်းမှာဖွင့်ထားတဲ့ Chatrium Hotel Royal Lake Yangon ပဲဖြစ်ပါတယ်။ ဟိုတယ်စားသောက်ဆိုင်ဆိုတော့ ပိတ်ရက်မရှိ သွားရောက်သုံးဆောင်လို့ရပါတယ်။ ပရိုမိုးရှင်းအစဉ်အစီကတော့ တိုင်လုံးအမြင့်ကြီးတွေပေါ်မှာ ကပြဖျော်ဖြေမယ့် တရုတ်ရိုးရာ ခြင်္သေ့အကအလှတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရင်း ရေကူးကန်ဘေးမှာ တရုတ်နှစ်သစ်ကူး ဘူဖေးညစာ ကို လူကြီးတစ်ဦးလျှင် ၄၈ ဒေါ်လာ ၊ ကလေးတစ်ဦးလျှင် ၂၄ ဒေါ်လာသာကျသင့်မယ့် ပရိုမိုးရှင်းအစီအစဉ်ပဲဖြစ်ပါတယ်။ 

Address: No 40 Natmauk Road, Tamwe Township, Yangon
Ph: 01 9544 500, 09 5164526
Fb Link >>> Chatrium Hotel Royal Lake Yangon

 

(4) Inya Lake Hotel

အင်းယာလိတ်ဟိုတယ် ရန်ကုန်ရဲ့ Restaurant ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဟိုတယ် တည်နေရာကတော့ မရမ်းကုန်မြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်မှာ တည်ရှိပြီး ပိတ်ရက်မရှိ ဖွင့်ထားပါတယ်။ ဟိုတယ်ကပြုလုပ်ပေးထားတဲ့ ပရိုမိုးရှင်းအစီအစဉ်လေးကတော့ 

- လူကြီးတစ်ဦးလျှင် ၅,၅၀၀၀ ကျပ်
- ၄ နှစ်မှ ၁၂ နှစ်အထိ ကလေးတစ်ဦးလျှင် ၂၇၅၀၀ ကျပ်ကိုမှ Soft-Drinks, Coffee/Tea ကိုလည်း Free flow 
- လူတစ်ဦးကို ၁၅,၀၀၀ ကျပ်နှင့် Heineken Beer Free flow ရမယ့် အင်းယားလိတ်ဟိုတယ်ရဲ့ နှစ်သစ်ကူး အထူးစပါယ်ရှယ် ဘူဖေးညစာ ပရိုမိုးရှင်းပဲ ဖြစ်ပါတယ်။ 

ဒီဘူဖေးမှာ ပါဝင်တဲ့ ဟင်း Menu တွေကတော့ တရုတ်ရိုးရာ  ဆယ်လ်မွန်ရီဆန်းအသုပ်၊ ပီကင်းဘဲကောင်လုံးကင်၊ ပင်လယ်စာစုံဟင်းချိုစတဲ့ ဟင်းမျိုးစုံပါဝင်တဲ့ ဘူဖေးဖြစ်လို့ သွားရောက် မြည်းစမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။ 

Address: No.37, Kaba Aye Pagoda Road, Mayangone Township, Yangon
Ph: 09942842866, 09942942866
Fb Link >>> Inya Lake Hotel, Yangon, Myanmar

 

(5) Meliá Yangon

တရုတ်နှစ်ကူး ယုန်နှစ်မှာ Meliá Yangon ဆိုတဲ့ Hotel က ပေးထားတဲ့ ပရိုမိုးရှင်းလေးကိုလဲ ဖော်ပြပေးလိုက် ပါတယ်။ ဒီဟိုတယ်ရဲ့ ပရိုမိုးရှင်းလေးကတော့ လူတစ်ဦးကို 28  ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး Free flow အနေနဲ့ Red Wine, White Wine, Beer, Soft Drink, Chilled Juice, Coffee and Tea တို့ပါရရှိမည့်အပြင် ပထမဆုံး ကြိုတင်မှာယူသူ အယောက် 50 အတွက် 15% လျှော့စျေးကိုလည်းရရှိမှာဖြစ်ပါတယ်။ 

Address: 192, Kaba Aye Pagoda Road, Bahan Township Yangon
Ph: 09 940407700, 01 934 5000
Fb Link >>> Meliá Yangon

(6) Wyndham Grand Yangon Hotel

တရုတ်နှစ်ကူး ယုန်နှစ်တွင် Spoon Restaurant၊ Wyndham Grand Yangon Hotel မှ ပရိုမိုးရှင်းများရယူနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ ပရိုမိုးရှင်းအစီအစဉ်ကတော့ ပင်လယ်စာဘူဖေး နှင့် တရုတ် အစားအစာ များကို တစ်ဦးလျှင် 88,000 ကျပ်သာ ကျသင့်မည်ဖြစ်ပြီး သောကြာနှင့် စနေနေ့တိုင်း 40% Discount လည်းရရှိမှာဖြစ်ပါတယ်။

Address: No 11 Corner of Kan Yek Thar Yangon
Ph: 09 451888355, 09 451888322, 01 9377188 ext. 15
Fb Link >>> Wyndham Grand Yangon Hotel

 

(7) Prince Hotel Yangon

နောက်ဆုံးအနေနဲ့ ပြောပြပေးမှာကတော့ Prince Hotel Yangon ၏ တရုတ်နှစ်သစ်ကူး အထူး Set Menu ပရိုမိုးရှင်းအကြောင်းပဲဖြစ်ပါတယ်။ ပရိုမိုးရှင်း ပုံစံကတော့ Set Menu တစ် set စာကို လူ 8 ဦး မှ ၁၀ ဦးအထိသုံးဆောင်လို့ရမှာဖြစ်တဲ့အပြင် တရုတ်ဟင်းပွဲ ၁၅ မျိုးအထိပါဝင်ပြီး တရုတ်ရိုးရာ Yee Sang Salad ပါ သုံးဆောင်ရမှာဖြစ်ပါတယ်။

Address: အမှတ် ၃(ခ)၊ဓမ္မဓရလမ်း၊နတ်ချောင်းရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်
Ph: 01 9558484, 09 775197736, 09 752631667
Fb Link >>> Prince Hotel Yangon

 

The Myanmar Restaurant Guide


Read 790 times.