Best Cuisine

လူကြိုက်များသော Korea ရိုးရာအစားအစာ (၅) မျိုး

August 30, 2022

Korea Drama တွေကို တဖြည်းဖြည်း လူကြိုက်များလာကြသလို Korea အစားအသောက်တွေကို စားသုံးရတာ ကိုလည်း နှစ်သက်လာကြပါတယ်။ အဲ့အတွက် လူကြိုက်များတဲ့ Korea ရိုးရာအစားအသောက်လေးတွေနဲ့ စတင် ဖြစ်ပေါ်လာပုံလေးတွေကို လေ့လာသိရသလောက်ဝေမျှပေးမှာပဲဖြစ်ပါတယ်။

 

BiBimBap 
Bibimbap သည်ဟင်းသီးဟင်းရွက်များ၊ အသားများနှင့် ကင်မ်ချီများပါဝင်သည့် ကိုရီးယားအစားအစာပဲဖြစ်ပါ တယ်။ ပန်းကန်ထဲမှာ ပါဝင်တဲ့ Bibimbap ဟာအရသာမျိုးစုံရှိပြီးတော့ ချက်ပြုတ် စဉ်မှာပါဝင်တဲ့ အသီးအရွက်နဲ့ အသားပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ဂျိုဆွန်းမင်းဆက်လက်ထက်မှာတော့ goldongban အဖြစ် လူသိများ ပြီးတော့ ၂၀ ရာစုနောက်ပိုင်း မင်းဆက်တွေမှာတော့ bibimbap ဆိုတဲ့ ရိုးရာ အစားအစာအဖြစ် ပြောင်းလဲခေါ်ဆို ခဲ့တာ ဖြစ်ပါတယ်။ 

Yu-Kyong's Bibimbap, a traditional Korean treat — Meike Peters | eat in my  kitchen


Kimchi
ကင်ချီကတော့  ကမ္ဘာပေါ်မှာ လူသိအများဆုံးသော ကိုရီးယားရိုးရာ အစားအစာဖြစ်ပါတယ်။ များသောအားဖြင့် မုန်ညှင်းဖူးဖြူ ကိုကင်ချီအတွက် အဓိကအသုံးပြုတာဖြစ်ပြီး အခြားဟင်းသီးဟင်းရွက်တွေကိုလည်း အသုံးပြုနိုင် ပါတယ်။ ပါဝင်ပစ္စည်းတွေအပေါ်မူတည်ပြီးတော့ ကင်ချီလုပ်နည်းမျိုးစုံရှိပါတယ်။ ကင်ချီဟာ ဘီစီ ၃၇ ကနေ ၇ အေဒီထိ အုပ်ချုပ်ခဲ့သော ကိုရီယားမင်းဆက်ကနေ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ယူနက်စကိုကနေ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတာလည်း ဖြစ်ပါတယ်။ 

Sichuan Pepper Cabbage Kimchi + Sweet Miso Pumpkin Kimchi - food to glow


Samgyetang
Samgyetang ကတော့ ကြက်သားနှင့် ဂျင်ဆင်းဟင်းချိုဖြစ်ပြီး ဟင်းချိုထဲပါဝင်တဲ့ ကြက်သွန်ဖြူ ကို ချိုတဲ့ အရသာထွက်လာတဲ့အထိ ထုပ်ပိုးထားတာဘဲဖြစ်ပါတယ်။ Samgyetang သည် ပူပြင်းတဲ့ နွေရာသီမှာ စားသုံးမယ်ဆိုရင်တော့ နွေရာသီရဲ့ပူပြင်းတဲ့ဒဏ်ကြောင့်ဖြစ်တဲ့ ပင်ပန်းမှုတွေကို ခံနိုင်ရည်ရှိပြီး ကျန်းမာရေး ကိုလည်း အထောက်အကူပြုတယ်လို့ ကိုရီယားလူမျိုးတွေက ဆိုကြပါတယ်။ insam-ju လို့ခေါ်တဲ့ ဂျင်ဆင်းဝိုင်တ စ်မျိုးဟာ Samgyetang နဲ့တွဲသောက်ဖို့ အကောင်းဆုံးဝိုင်ဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ပြက္ခဒိန်မှာပါဝင်တဲ့ Chubok, Jungbok နှင့် Malbok ရက်တွေမှာ Samgyetang ကိုစားရတာကို ပိုနှစ်သက်ကြပါတယ်။ 

Korean Ginseng Chicken Soup (Samgyetang) – Aroma Asian


Seolleongtang
Seollongtang ဆိုသည်မှာ အမဲရိုးဟင်းချိုလို့လူသိများကြပါတယ်။ ဂျိုဆွန်းမင်းဆက်ကနေစတင်ပြီး ရာစုနှစ်ပေါင်းမြောက်များစွာ ပုံမှန်စားသုံးလာတဲ့ ကိုရီးယားအစားအစာလည်း ဖြစ်ပါတယ်။ နို့ရည်အဖြူ ကဲ့သို့သော အရောင်ဖြစ်ပြီး အမဲသားအရိုးများ၊ကြက်သွန်ဖြူ၊ ငရုတ်ကောင်းနဲ့ ကြက်သွန်မိတ်တို့ ပါဝင်ပါတယ်။ ဒီဟင်းချိုကိုတော့ ထမင်း(သို့)ခေါက်ဆွဲ ဖြင့်စားသုံးပါတယ်။

Korean Milky Beef Bone Soup (Seolleongtang) | Asian Inspirations


Bulgogi
Bulgogi ကိုအမဲသားဒါမှမဟုတ်ဝက်သားနဲ့ပြုလုပ်ထားပြီး အသားများကို ကင်ခြင်း(သို့မဟုတ်) ကြော်ခြင်းဖြင့် ပြင်ဆင်လေ့ရှိပါသည်။ Bulgogi သည်ဘီစီ ၃၇ မှ Goguryeo အချိန်ကတည်းက ကိုရီးယားအစားအစာတွင် ပါဝင်ခဲ့သည် ဟုယူဆရပြီး Joseon မင်းဆက်တွင် neobiani ဟုခေါ်ဆိုခဲ့သည်။

Bulgogi Recipe | Jet Tila | Food Network


အဆိုပါ အစားအသောက်တွေကတော့ လူကြိုက်များတဲ့ ကိုရီးယားရိုးရာအစားအသောက် တစ်ချို့ပဲဖြစ်ပါတယ်။

MyanmarRestaurant Guide


Read 512 times.