Cafes & Restaurant

ရန်ကုန်မြို့တွင်းက Hidden Place Coffee ဆိုင် (၅) ဆိုင်

January 20, 2023

ကော်ဖီကို တိတ်ဆိတ်အေးချမ်းတဲ့ နေရာလည်းဖြစ်ပြီး ဆိုင် Decoration ဒီဇိုင်းလှလှလေးတွေနဲ့ အလှဆင်ထားတဲ့ နေရာမျိုးလေးတွေမှာ သောက်ချင်တဲ့ ကော်ဖီချစ်သူတွေအတွက် ရန်ကုန်မြို့တွင်းက Hidden Place Coffee ဆိုင် (၅) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

Click Here >>>  Cheery Eveline

(1) Lyfe Coffee House

အခုပြောပြပေးမယ့် Hidden Place Coffee ဆိုင်ကတော့ ပြည်သူ့ဥယျာဉ်ထဲက Myanmar Culture Valley မှာဖွင့်ထားတဲ့ Lyfe Coffee House ဆိုတဲ့ ကော်ဖီဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ဆိုင် Decoration ပုံစံလေးဟာဆိုရင် ကြိမ်ထိုင်ခုံလေးတွေနဲ့ အသားပေး ပြင်ဆင်ထားတာကို တွေ့ရပြီး ထိုင်တဲ့ စားပွဲဘေးမှာဆိုရင်လည်း ပန်ချီးကားလေးတွေ ထောင်ပြီး အလှဆင်ထားတာကိုလည်း တွေ့ရပါတယ်။ ကော်ဖီသောက်ရင် တကယ်ကို  Relax ဖြစ်စေမယ့် ဆိုင်လေးဆိုလဲ မမှားပါဘူး။ ဆိုင်ဖွင့်ချိန်ကတော့ ပိတ်ရက်မရှိ မနက် ၇ နာရီမှ ည ၇ နာရီအထိပဲ ဖြစ်ပါတယ်။ 

Fb Link >>> Lyfe Coffee House

 

(2) Mice Mice Cafe
ဒီဆိုင်လေးကတော့ တာမွေမြို့နယ်မှာ ဖွင့်ထားတာလည်း မကြာသေးတဲ့ Mice Mice Cafe ဆိုတဲ့ ကော်ဖီဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်မှာ ရရှိတဲ့ အစားအသောက်လေးတွေရဲ့ စျေးနှုန်းကလည်း အသင့်အတင့်ဖြစ်တာကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ သွားထိုင်ရင်လဲ ‌Budget ချွေတာလို့ရတဲ့ ဆိုင်လေးလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် ဆိုင်ပြင်ဆင်ပုံ ထူးခြားချက်လေးကတော့ စားပွဲတိုင်မှ အလှပန်းအိုးလေးတွေကို စားပွဲတစ်ခုနဲ့ တစ်ခုရဲ့ ပန်းအိုးမှာ အလှဆင်ထားတဲ့ ပန်းလေးတွေကလည်း သူမတူဘဲ တစ်မျိုးစီလှနေအောင် ပြင်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ပိတ်ရက်မရှိ မနက် ၇နာရီမှ ည ၈နာရီအထိပဲ ဖြစ်ပါတယ်။

Fb Link >>> mice mice cafe

 

(3) Rio Coffee & Brunch

နောက်ထပ်ပြောပြပေးမယ့် ဆိုင်ကတော့ ရန်ကုန်မြို့ရဲ့ အချက်အချာ အကျဆုံးနေရာဖြစ်ပြီး ဆူးလေဘုရားအဝိုင်းထောင့်၊ ရန်ကုန်မြို့တော်ခန်းမရဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိနေတဲ့ Rio Coffee & Brunch ဆိုတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ 

ဆိုင်ဖွင့်ထားတဲ့နေရာလေးကတော့ အထပ်မြင့်မှာဖြစ်ပြီး ကော်ဖီသောက်ရင်း  မြင်ရမယ့် မြင်ကွင်းလေးက တိမ်ပြာပြာကောင်းကင်အောက်က သပ္ပာယ်စရာကောင်းတဲ့ ဆူးလေဘုရားနှင့် ရန်ကုန်မြို့ထဲ လူတွေရဲ့ လှုပ်ရှားသွားလာနေကြပုံကို ဒီကော်ဖီဆိုင်အပေါ်ကနေ ရင်သပ်ရှုမောစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ချစ်သူနဲ့ အေးဆေး ဒိတ်မယ်ဆိုရင်လဲ ရွေးချယ်သင့်တဲ့ ကော်ဖီဆိုင်ဆိုရင်လည်း မမှားပါဘူး။

Fb Link >>> Rio Coffee & Brunch

(4) Platform 29/B5

ဒီဆိုင်လေးကတော့ Food Blogger တွေရဲ့ Review ကောင်းလေးတွေ ပိုင်ဆိုင်ထားပြီး စမ်းချောင်းမြို့နယ်ထဲမှာ ဖွင့်ထားတဲ့ Platform 29/B5 ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။ ဆိုင်နေရာလေးကကျဉ်းပေမယ့် ဆိုင်နောက်ဘက်လေး ကိုတော့ Garden ပုံစံလေးပြင်ဆင်ထားတာကိုတွေ့ရပါတယ်။ Stree Vibe ပုံစံလေးဆိုတော့ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ အေးဆေး Chill လို့ကောင်းတဲ့ နေရာလေးလဲဖြစ်ပါတယ်။

Fb Link >>> Platform 29/B5

(5) My Cafe

နောက်ဆုံး ဖော်ပြပေးမယ့်ဆိုင်လေးကတော့ ရန်ကင်းမြို့နယ်က မဂ္ဂင်လမ်းမှာ ဖွင့်ထားတဲ့ My Cafe ဆိုတဲ့ ကော်ဖီဆိုင်လေးပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ အရသာရှိပြီး နာမည်ကြီး Menu လေးတွေဖြစ်တဲ့ Signature Coffee၊ တူနာအီကလဲ၊ တူနာ Melted cheese sandwich တွေကို စားဖူးကြတဲ့လူတိုင်း ပြန်လာထိုင်ကြတာများပါတယ်။
ဒီဆိုင်လေးက Hidden place ဖြစ်တဲ့အပြင် အစားအသောက်တွေကလဲ တကယ်အရသာရှိပါတယ်။

Fb Link >>> My Cafe

 

The Myanmar Restaurant Guide


Read 803 times.