Up-to-date News

ကိုဗစ်က Foodieတွေရဲ့ ဆိုင်ထိုင်စားတတ်တဲ့ အပြုအမူကို ဘယ်လိုပြောင်းလဲစေခဲ့လဲ

November 20, 2020

Covid-19 ဗိုင်းရပ်စ်ကြောင့် စားသုံးသူတွေရဲ့ ဝယ်ယူအားပေးမှု၊ စားသုံးခြင်းနှင့် စျေးဝယ်ခြင်း အလေ့အထတွေက တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ 

ကိုဗစ် ကူးစက်ပျံ့နှံ့မှုက ထင်တာထက် မြန်ဆန်တာကြောင့် လူတွေက အကြောက်တရားနဲ့ ရှင်သန်နေကြရပါတယ်။ Coronavirus ပြဿနာက စားသုံးသူတွေကို အတွေ့အကြုံ အသစ်တွေရရှိစေပါတယ်။ 

ယေဘုယျအားဖြင့် စားသောက်ဆိုင်တွေမှာ စားသောက်မှု ပုံစံအသစ်တွေ ပြီးတော့ ဈေးဝယ်စင်တာတွေမှာ ဝယ်ယူမှုပုံစံ အသစ်တွေ စတဲ့ နည်းအသစ်သစ်တွေနဲ့ ကျင်လည်စေပါတယ်။ 

တစ်ဖက်ကတွေးမယ်ဆိုရင် ဒီအတွေ့အကြုံအသစ်တွေက လူထုအတွက် တစ်မျိုးသော တိုးတက်ခြင်း ဖြစ်ပြီး နည်းပညာ အသစ်တွေထီထွင်ဖို့ တွန်းအားတစ်ခုဖြစ်ပါတယ်။

ကိုဗစ်ကြောင့် စားသောက်ဆိုင်တွေမှာ ထိုင်စားခွင့်ကို အစိုးရက ပိတ်ထားတာကြောင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍက သိသိသာသာ တိုးတက်လာပါတယ်။ 

စားသောက်ဆိုင် ပိုင်ရှင်တွေက သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေကြောင့် ဆိုင်ကို မဖြစ်မနေဖွင့်ရတဲ့ အခါ အိမ်အရောက်ဝန်ဆောင်မှုတွေပါ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။

ယခု အပတ်မှာ ထုတ်ပြန်ထားသော စစ်တမ်းကောက်ယူမှု အချက်အလက်များ အရ COVID-19 ရဲ့ ခြိမ်းခြောက်မှု(ကူးစက်မှု) လျော့နည်းလာ သော်လည်း စားသောက်ဆိုင်တွေအပေါ် အကျိုးထိရောက်မှုက ဆက်လက်ရှိနေဦးမှာပါ။

စျေးကွက်ရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ AMC Global မှ စစ်တမ်းတစ်ခု အရ ကူးစက်ပျံ့နှံ့ပြီးသော နောက်တွင် စားသုံးသူတွေက ယခုလက်ရှိ မှာယူစားသောက်မှုပုံစံကို အသားကျနေကြပြီး ဆိုင်ထိုင်စားမှုပုံစံ အတွက် အထနှေးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

လောလောဆယ်မှာတော့ စားသုံးသူ ၃၃ ရာခိုင်နှုန်းက ကူးစက်ရောဂါမတိုင်မီကထက် သယ်ယူပို့ဆောင်ရေး စားသောက်မှုပုံစံနဲ့ အဆင်ပြေကြတယ်လို့ ဆိုကြသော်လည်း စားသုံးသူတွေရဲ့  ၁၃ ရာခိုင်နှုန်းကတော့ ကိုဗစ်ကြီးပြီးသွားတဲ့အခါ စားသောက်ဆိုင်တွေမှာ ထိုင်စားရဖို့ မျှော်လင့်နေကြပါတယ်။

“ လက်ရှိ ကပ်ရောဂါဟာ စားသုံးသူတွေရဲ့ အပြုအမူကို ပြောင်းလဲစေပြီး အကျပ်အတည်းတွေနဲ့ ကြုံလာရင်တောင် သြဇာလွှမ်းမိုးမှု ဆက်လက်ရှိနေလိမ့်မယ်” လို့ AMC Global မှသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

စစ်တမ်းအရ အချို့တွေ့ရှိချက်တွေကတော့ ....:

- စားသုံးသူ ၄၅ ရာခိုင်နှုန်းသည် ၎င်းတို့က ပုံမှန်အားဖြင့် အသင့်စား အစားအစာကို စားခြင်းထက် ချက်ပြုတ်စားကြပါတယ်။

- စားသုံးသူ ၃၈ ရာခိုင်နှုန်းကတော့ ၎င်းတို့အနေနဲ့ နောင်အနာဂတ်မှာ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကို ပိုမိုထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

- စစ်တမ်းကောက်ယူခဲ့သူ ၃၂ ရာခိုင်နှုန်းက ဗိုင်းရပ်စ်ပိုးကူးပြီးသည့်နောက် အိမ်မှာပဲ ချက်ပြုတ်သည့် အစားအစာများကို ပိုမိုမှီခိုလာပါတယ်။

- လတ်တလောမှာ စားသုံးသူ ၃၃ ရာခိုင်နှုန်းက ပုံမှန်အားဖြင့်ထမင်းစားသုံးခြင်းထက် မုန့်ဖုတ်စားကြပါတယ်။

- စစ်တမ်းကောက်ခံသူ ၄၀ ရာခိုင်နှုန်းက coronavirus ခြိမ်းခြောက်မှုပြီးသွားတဲ့အခါ သူတို့ရဲ့ငွေတွေကိုစုဆောင်းဖို့နဲ့ ဘတ်ဂျက်ဆွဲဖို့ ပိုပြီးအာရုံစိုက်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။

- စစ်တမ်းကောက်ယူခဲ့သူ လေးပုံတစ်ပုံက တစ်ပတ်မှာ အရက်ယမကာသုံးခွက်ထက် ပို၍ သောက်ဖြစ်တယ်လို့ ဆိုသော်လည်း ၉% ကတော့ ကပ်ရောဂါကို အေးအေးချမ်းချမ်း ရှင်သန်ကျော်ဖြတ်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

 

By The Myanmar Restaurant Guide

Re f: restaurantbusinessonline


Read 452 times.