Healthy Food

သင် သတိမထားမိတဲ့ Fast Food ရဲ့ Calories

January 13, 2021

Fast Food တွေ၊ Ready Made Food တွေဆိုတာက Foodieတွေအနေနဲ့ နေ့စဉ်ဘဝမှာတောင် မလွတ်ကင်းကြပါဘူး။ နေ့စဉ်စားသုံးနေတဲ့ သူနဲ့ တစ်ခါတစ်လေ စားသုံးတဲ့သူဆိုပြီး ကွာသွားတာပဲရှိတာပါ။

နေရာတိုင်းမှာ တန်ဆေးလွန်ဘေးဆိုတာက အမြဲရှိနေတတ်ပါတယ်။ Fast Food၊ Ready Made Food တွေ အလွန်အကျွံစားသုံးခြင်းက ကျန်းမာရေးကိုထိခိုက်နိုင်တာကြောင့် ဆင်ခြင်သင့်ပါတယ်။ 

လေ့လာမှုအသစ်အရ Fast Food စားသောက်ဆိုင်တွေမှာ စားသုံးသူတွေက သူတို့သိထားတာထက် ကယ်လိုရီတွေကို သိသိသာသာပိုမိုစားသုံးလာကြပါတယ်။ ဒီလို ကယ်လိုရီစားသုံးမှုမှာ ဆယ်ကျော်သက်တွေက အဆိုးဆုံးပါပဲ။

"ဆယ်ကျော်သက်တွေက သူတို့စားတဲ့ အစားအစာတွေမှာ ကယ်လိုရီအရေအတွက်ကို (၃၄) ရာခိုင်နှုန်း လျော့တွက်ကြပြီး ကျောင်းနေအရွယ်ကလေးတွေရဲ့ မိဘတွေက (၂၃) ရာခိုင်နှုန်းနှင့်လူကြီးတွေကတော့ (၂၀) ရာခိုင်နှုန်းခန့်အထိ အသီးသီးလျော့ထွက်ကြတယ်" လို့ လေ့လာမှုတွေအရ သိရပါတယ်။

ဒါ့ကြောင့် Fast Food စားသောက်ဆိုင် (၈၉) ခုမှာ စားသောက်နေသော Foodie တွေ ဖြစ်တဲ့ အရွယ်ရောက်သူ၊ ဆယ်ကျော်သက်နဲ့ ကလေး (၃၄၀၀) နီးပါးကို စစ်တမ်းကောက်ယူခဲ့ပါတယ်။

လေ့လာချက်အရ အရွယ်ရောက်သူ‌တွေ အစာစားချိန်မှာ Fast Food စားသောက်ဆိုင်က သူတို့မှာထားတဲ့ Fast Foodတွေက ပျမ်းမျှအားဖြင့် (၈၃၆) ကယ်လိုရီ ပါဝင်နေသော်လည်း  အစားအစာတွေမှာ (၆၆၁) ကယ်လိုရီသာ ပါဝင်နေတယ်လို့ ထင်နေကြပါတယ်။

ဆယ်ကျော်သက်တွေရဲ့ Fast Food အပေါ် ကယ်လိုရီသတ်မှတ် စားသုံးမှု လေ့လာချက်မှာတော့ သူတို့စားသုံးတဲ့ အစားအစာမှာ (၇၅၆) ကယ်လိုရီပါဝင်နေသော်လည်း သူတို့က (၂၅၉) ကယ်လိုရီပဲပါတယ်လို့ သိထားပါတယ်။

စစ်တမ်းမှာ ပါဝင်တဲ့ (၂၅)ရာခိုင်နှုန်းသော ဆယ်ကျော်သက်တွေက သူတို့စားတဲ့အစားမှာ ပါဝင်တဲ့ ကယ်လိုရီ (၅၀၀)လောက်ကို လျော့ပြီး သိထားကြပါတယ်။

ဒီတွေ့ရှိချက်တွေက Fast Food စားသောက်ဆိုင်တွေမှာ စားတဲ့လူအများစုက သူတို့ ကယ်လိုရီ ဘယ်လောက်စားသုံးနေတယ်ဆိုတာကို သူတို့မသိတဲ့အတွက် အသိပေးရွေးချယ်မှုတွေ မလုပ်နိုင်ကြပါဘူး။ 

Fast Food စားသောက်ဆိုင်တွေရဲ့ Menu မှာ ကယ်လိုရီပါဝင်မှုကို အတူယှဉ်တွဲပြသထားဖို့ လိုအပ်ပါတယ်။ ဒါမှ စားသုံးသူတွေက ကယ်လိုရီပေါ်မူတည်ပြီး သူတို့စိတ်ကြိုက် ရွေးချယ်စားသုံးနိုင်ကြမှာ ဖြစ်ပါတယ်။

ကယ်လိုရီက သင့်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သင်ရဲ့ ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ထုတ်ဖို့အတွက် ကယ်လိုရီလိုအပ်ပါတယ်။ သို့သော် ကယ်လိုရီများများစားခြင်းကြောင့် သင်ရဲ့ ခန္ဓာကိုယ် လောင်ကျွမ်းမှုကို အများကြီးမလုပ်နိုင်တဲ့အတွက် ခန္ဓာကိုယ် အလေးချိန် တက်လာရခြင်းဖြစ်ပါတယ်။

အဲ့ဒီအတွက်ကြောင့် လှုပ်ရှားသွားလာမှုတွေ၊ လေ့ကျင့်ခန်းတွေ လုပ်ကြရတာ ဖြစ်ပါတယ်။ Foodie တို့လည်း ကယ်လိုရီပါဝင်မှုများတဲ့ Fast Food တွေကို ချင့်ချိန်စားသုံးနိုင်ကြပါစေ။

By The Myanmar Restaurant Guide


Read 1299 times.