Healthy Food

ကြက်ခြေထောက်နဲ့ ဘာကြောင့် Chill သင့်တာလဲ?

January 6, 2021

ကြက်ခြေထောက်ဆိုတာက စားပွဲသောက်ပွဲတွေမှာ မရှိမဖြစ် လိုအပ်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကြက်ခြေထောက်ကို အရသာအမျိုးမျိုး၊ ပုံစံ အမျိုးမျိုးနဲ့ စားသောက်ကြပေမယ့် သင်တို့ သတိမထားမိတဲ့ အကျိုးကျေးဇူးတွေက အများကြီးရှိနေပါတယ်။

သင် ပါးစပ်အဟောင်းသားဖြစ်စေမယ်ဆိုတာက အကြောင်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ အရင်ကမသိခဲ့တဲ့ ကြက်ခြေထောက်ရဲ့ကောင်းကျိုးတွေသိလိုက်ရမှာဖြစ်လို့ပါ။

ဒုတိယတစ်ခုကတော့ စားချင်လို့သွားရေကျလာမှာဖြစ်လို့ပါပဲ။ ကြက်ခြေထောက်ကိုလူတော်တော်များများ ကြိုက်နှစ်သက်ကြပေမယ့် ကြက်ခြေထောက်မပြောနဲ့ကြက်သားတောင်မစားဘူး..ဟင့်အင်း ဆိုတဲ့လူတွေကလည်းရှိနေပါသေးတယ်။

Chicken Feet Shipment Heralds a New Era for U.S.-China Trade | Time

အချို့ကတော့ ကြက်ခြေထောက်ကလူလက်ဖဝါးနဲ့တူလို့အသည်းယားလို့မစားဘူးလို့ဆိုပါတယ်။ အဲဒီလူတွေက ကြက်ခြေထောက်ချဉ်စပ်တို့ ကြက်ခြေထောက်သုပ်တို့ လျှာလည်စေမယ့် ကြက်ခြေထောက် chicken feet recipes တွေမစားဖူးလို့ဖြစ်ပါလိမ့်မယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ကြက်ခြေထောက်ကို စားသုံးခြင်းက ရရှိနိုင်တဲ့ အံ့မခန်းတဲ့ အကျိုးကျေးဇူးတွေကတော့....

  • အသားအရည်ကိုနုပျိုလှပစေတယ်

ကြက်ခြေထောက်ရဲ့အဓိကပါဝင်ပစ္စည်း Key component ကတော့ Collagen ပါပဲ။ ဒီခေတ်ကြီးမှာ နုပျိုချင်လို့ collagen ကြိုးတွေထိုးနေကြတာ၊ အသားဖြူချင်လို့ Collagen တွေထိုးနေသောက်နေကြတာ ကြားဖူးကြမှာပါ။ 

ကြက်ခြေထောက်မှာ Collagen ပါတဲ့အတွက် သင့်ကိုနုပျိုလှပစေတဲ့အပြင်အသားအရည်ကိုပါ တင်းရင်းစေပါတယ်။ ဒါဟာဒီအတိုင်းလျှောက်ပြောထားတာမဟုတ်ပါဘူး။ 

Taiwan က  National Chung-Hsing University ရဲ့ Animal Science Department က လေ့လာတွေ့ရှိချက်စာတမ်းမှာ ပါဝင်တဲ့အချက်ဖြစ်ပါတယ်။

  • အရိုးတွေကိုသန်မာစေတယ်

သူများအကျိုးဆောင်ကိုယ့်အကျိုးအောင်နဲ့တော့နည်းနည်းကွဲပါတယ်။ သူများအရိုးတွေစားလို့ ကိုယ့်အရိုးတွေသန်မာတယ်ပေါ့။ 

ကြက်ခြေထောက်မှာ အရိုးနုတွေကိုအားဖြည့်ပေးတဲ့ ပရိုတိန်းတွေပါတဲ့အပြင် ကြက်ခြေထောက်အတွင်းက ရိုးတွင်းချင်ဆီမည်းမည်းလေးတွေဟာဆိုရင်ဖြင့် စားတဲ့လူရဲ့ cartilage ခေါ်အရိုးနုလေးတွေကို ရေဓာတ်ဖြည့်ပေးတာကြောင့် အရိုးပါးတာ၊ အရိုးပွတာ၊အရိုးတွေကျွတ်ဆတ်လွယ်တာကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

  • အနာကျက်ဆေးအနေနဲ့လည်းသုံးလို့ရတယ်

ကြက်ခြေထောက်ရဲ့အတွင်းမှာပါတဲ့ Protein တွေထဲက ပမာဏအများဆုံးဖြစ်တဲ့ Collagen protein ဟာဆိုရင် အရေပြားပေါ်မှာဖြစ်တဲ့အနာတွေကို အမြန်ကျက်စေနိုင်တဲ့အစွမ်းသတ္တိတွေကို ပိုင်ဆိုင်ထားပါတယ်။ 

အနာတွေကိုအမြန်ကျက်စေပြီး အသားနုတက်မြန်စေတာကြောင့် မကြာခဏဟိုဟာနဲ့တိုက်မိဒီဟာနဲ့ တိုက်မိအနာဖြစ်နေတတ်သူတွေ၊ ပွန်းပဲ့ရှနာများသူတွေနဲ့ ကုတ်ရာခြစ်ရာကြွယ်ဝသူတွေအနေနဲ့ ကြက်ခြေထောက်ကိုများများစားသင့်ပါတယ်။

Dim-Sum-Style Braised Chicken Feet with black bean sauce — Vietnamese Home  Cooking Recipes

  • အသားအရည်ကိုအစိုဓာတ်ထိန်းပေးတယ်

အသားခြောက်သူတွေအတွက်သတင်းကောင်းပါပဲ။ ကြက်ခြေထောက်မှာ Hyaluronic acid ပျော့ပါဝင်ပါတယ်။ 

Hyaluronic acid ဟာ အသားအရည်ရဲ့အစိုဓာတ်ကိုထိန်းပေးရာမှာ အဓိကကျတဲ့နေရာမှာ ရပ်တည်နေတဲ့ ingredient တစ်မျိုးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ 

အသားအရည်ကို အိုမင်းရင့်ရောက်ခြင်းကနေလည်း ကာကွယ်ပေးသေးတာမို့ အသားအရည်ခြောက်သွေ့သူတွေ ကြက်ခြေထောက်များများစားပေးဖို့မမေ့ပါနဲ့။

  • အရိုးအဆစ်တွေကိုကောင်းမွန်စွာလည်ပတ်စေတယ်

ဒူးလို တံတောင်ဆစ်လို joint တွေဟာ ခန္ဓာကိုယ်ရဲ့အရေးအကြီးဆုံး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲမှာတစ်ခုအပါအဝင်ပါ။ 

အဲဒီလို joint တွေထဲမှာ ကျိချွဲတဲ့အရည်တွေရှိပြီး အဲဒီအရည်တွေကခန္ဓာကိုယ်ထဲက အရိုးတွေကိုလှည့်ရပြုရလွယ်အောင် ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အဲဒီအရည်တွေသာမရှိရင် ခန္ဓာကိုယ်ဟာ ရိုးကြီးဂေါင်ဂင်ဖြစ်နေမှာအမှန်ပါ။

ကြက်ခြေထောက်မှာပါတဲ့ chondroitin sulfate ဓာတ်ဟာ အရိုးနုတွေကိုရေဓာတ်စုပ်ယူပေးဖို့ကူညီအားဖြည့်ပေးတဲ့ complex carbohydrate ဖြစ်တာကြောင့် အရိုးအဆစ်ပြဿနာတွေကိုဖြေရှင်းပေးပါတယ်။ ဒါကြောင့် ဂေါက်ရောဂါဝေဒနာသည်တွေ ကြက်ခြေထောက်စားသင့်ပါတယ်။

Pin on Kimyee Ros Cooking

By The Myanmar Restaurant Guide


Read 785 times.