Best Cuisine

ဟော့ပေါ့ကို Buffet ရော Set ရော စားလို့ရမယ့် ဆိုင် (၅) ဆိုင်

February 2, 2023

တချို့က Hotpot ကို Buffet စားနိုင်ကြပေမယ့် မစားနိုင်တဲ့သူ အနည်းနဲ့ အများ တွေ့ရပါတယ်။ Buffet  အဝစားနိုင်တဲ့ သူတွေအနေကတော့ ဘယ် Buffet မဆို စားရတာ တန်ပါတယ်။ ဒါပေမယ့် သိပ်မစားနိုင်တဲ့ သူတွေအတွက်လည်း ဟော့ပေါ့ကို Buffet ရော Set ရော စားလို့ရနိင်မယ့်  ဆိုင်လေးတွေကို ပြောပြပေးချင်ပါတယ်။

Payday လည်းဖြစ် တစ်နေ့တစ်နေ့ ဘာစားရမလဲ စဉ်းစားနေရတဲ့ Foodie  လေးတွေအတွက် Buffet (သို့) တစ်ပွဲချင်း Set လိုက်ကိုမှ Add on ထပ်ထည့်စားလို့ ရနိုင်မယ့် Hotpot ဆိုင် (၅) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

Click Here >>> Ever Plastic

၁။ Fu Fu Hotpot & Mala Fragrant pot

ပထမဆုံး တစ်ဆိုင်ကတော့ နာမည်ရထားပြီးသား ဖြစ်ပြီး ဆိုင်ခွဲတွေ အများကြီးဖွင့်ထားတဲ့ Fu Fu Hotpot ဆိုင်လေးပါ။။ လက်ရှိအချိန်ထိ ဆိုင်ခွဲပေါင်း (၈) ဆိုင် ဖွင့်လှစ်ထားပြီး စားဖူးသူတိုင်း ထပ်စားချင်တဲ့  Hotpot ဆိုင်လေး တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ 

ဒီဆိုင်မှာဆိုရင် Hotpot တစ်မျိုးထဲ ရတာမဟုတ်ဘဲ မာလာရှမ်းကော၊ မာလာမောက်ချိုက်အပြင် ခေါက်ဆွဲနဲ့ ပတ်သက်တဲ့ အခြား Menu မျိုးစုံကိုလည်း မှာယူပါတယ်။ ဖွင့်ထားတဲ့ ဆိုင်ခွဲတော်တော်များများကလည်း ကျယ်ဝန်းတာကြောင့် မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ သွားရောက် သုံးဆောင်မယ်ဆိုရင် လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ သုံးဆောင်လို့ရမှာ ဖြစ်ပါတယ်။

၂။ Jo Jo Hotpot - 九九

အခုထပ်ပြောပြမယ့်  Jo Jo Hotpot ဆိုင်လေးကလည်း နာမည်ရပြီးသားဆိုင် တစ်ဆိုင်ဖြစ်ပြီး ဆိုင်ခွဲပေါင်း ၉ ဆိုင် ဖွင့်လှစ်ထားပါတယ်။ ဒီဆိုင်လေးမှာ ဆိုရင်တော့ Hotpot အပြင် အချိုပွဲတွေကိုလည်း တစ်ပွဲဘယ်လောက်ဆိုပြီး စျေးနှုန်းလေးတွေ သတ်မှတ်ထားလို့ အစားစာပြီးချိ န် အချိုတည်းတတ်တဲ့သူတွေအတွက်အဆင်ပြေစေပါတယ်။ 

Hotpot ထဲ ထည့်စားတဲ့ Toppen လေးတွေကလည်း လတ်ဆတ်ပြီး အရသာရှိပါတယ်။ ဒီဆိုင်ရဲ့ နာမည်ကြီး Signature ကတော့ နဂါးမောက်သီးနဲ့ ပုဇွန်ပေါင်းစပ်ထားတဲ့ နဂါးမောက်သီးပုဇွန်ချောင်းနဲ့ ဝက်ပိန်းဥလုံး ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆိုင်ကိုရောက်ရင် မပါမဖြစ် မှာစားကြည့်ဖို့ တိုက်တွန်းပါတယ်။  သောက်စရာအနေနဲ့ကတော့ Lemon Tea ကို Free Flow ပေးထားပါသေးတယ်။

၃။ Cody Food Corner

ဒီဆိုင်လေးကတော့ ဖွင့်ထားတာ မကြာသေးပါဘူး။ ဆိုင်အပြင်အဆင်လေးက သပ်ရပ်ပြီး ထိုင်ရတာ အေးဆေးတဲ့ Cody Food Corner ဆိုင်လေးက အမှတ် ၃၇၈၊ စံပြ ၁ လမ်း၊  သင်္ဃန်းကျွန်းမြို့နယ်၊ ဖွင့်ထားပါတယ်။ 

ဒီဆိုင်လေးမှာတော့ Hotpot အပြင် အခြား တရုတ်အစားအစာ၊ ဂျပန်အစားအစာတွေကိုလည်း ရရှိပါသေးတယ်။ Hotpot အရည်ကလည်း ၅ မျိုးတောင်ရှိပြီး တုန်ယမ်း၊ မောက်ချိုက်၊ စီချွမ်ကြံမဆိုင်၊ ကိုရီးယားကင်မ်ချီ၊ ဟော့ပေါ့ အရသာတို့ကို မှာယူ စားသောက်နိင်ပါတယ်။  Add On Item တွေက ၃၀၀ ကနေ ၁၂၀၀ ထိ ရှိပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ Hotpot အရည်ကို တစ်ခြားဆိုင်တွေမှာ မရသေးတဲ့ Taste တွေပါ ရရှိတာပဲ ဖြစ်ပါတယ်။

၄။ Shwe Lar Hot Pot

ဒီဆိုင်ကတော့ ဖွင့်ထားတာလည်း ကြာပြီဖြစ်ပြီး လူသိများပြီးသားလည်းဖြစ်တဲ့ Shwe Lar Hotpot ပဲ ဖြစ်ပါတယ်။ ဒီဆိုင်ကလည်း မြန်မာတစ်နိုင်ငံလုံးမှာ ဆိုင်ခွဲပေါင်းများစွာ ဖွင့်ထားတာကို တွေ့ရပါတယ်။ ဖွင့်ထားတဲ့ ဆိုင်ခွဲတော်တော်များများက ဆိုင်နေရာကျယ်ဝန်းတာကြောင့် မိသားစုမိတ်ဆုံစားပွဲ၊ ကုမ္ပဏီ Party ပွဲတွေ ကျင်ပမယ်ဆိုရင် ရွေးချယ်သင့်တဲ့ဆိုင်ပဲ ဖြစ်ပါတယ်။ 

Hotpot အရည်က အချို၊ အစပ် နှစ်မျိုးရှိပြီး Add On အနေနဲ့ အသားလုံး၊ ပင်လယ်စာ၊ အသီးအရွက်တွေကိုမှ အမျိုးပေါင်း ၂၀၀ ကျော် ရရှိမှာပါ။ Hotpot နဲ့ တွဲစားစာရမယ့် အချဉ်ရည်ကတော့ မိမိကြိုက်နှစ်သက်သလို အရသာစပ်ပြီး လိုသလောက် သုံးဆောင်လို့ ရပါတယ်။
သောက်စရာအနေနဲ့ကတော့ Lemon Tea ကို Free Flow ပေးထားပါတယ်။ ။


၅။ My Day Stick Hot Pot & Mala Xiang Guo

နောက်ဆုံးပြောပြပေမယ့် ဆိုင်လေးကတော့ အောက်ကြည့်မြင်တိုင် လမ်းမကြီးအနီးမှာ ဖွင့်ထားတဲ့ My Day Stick Hot Pot & Mala Xiang Guo ဆိုတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဆိုင်ကတော့ Hotpot အပြင် မာလာရှမ်းကော၊ မာလာမောက်ချိုက်တွေပါ ရရှိတဲ့အပြင် ထည့်စားတဲ့ Toppen လေးတွေကိုလည်း Stick ပုံစံလေးတွေနဲ့ ထူးထူးခြားခြား ပြင်ဆင်ထားပါတယ်။ 

Hotpot အရည်ကိုအချို၊ အစပ်၊ တုန်ယမ်းနဲ့ မာလာ ဆိုပြီး ၄ မျိုးပေးထားပြီး အချဉ်ကိုတော့ မန်ကျည်းချဉ်၊ ချဉ်စပ်၊ Chilli sauce ဆော့စ် ၃ မျိုးအကုန် စပ်ထားပြီးသား ရရှိမှာဖြစ်ပါတယ်။ သောက်စရာအနေနဲ့ကတော့ အအီပြေပြီး Fresh ဖြစ်စေတဲ့တဲ့  စတော်ဘယ်ရီ၊ လိုက်ချီး၊ လိမ္မော် ဖျော်ရည်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် Hotpot ကို Buffet အပြင် ကိုယ်စားနိုင်သလောက်ကိုမှ လတ်ဆတ်တဲ့ အသားလုံး၊ ပင်လယ်စာ၊ အသားငါး၊ အသီးအရွက်တွေကို Set အလိုက် စျေးနှုန်းတွေနဲ့ မှာယူသုံးဆောင်လို့ရတဲ့ ဒီ Hotpot ဆိုင် (၅) ဆိုင်ကို ပိတ်ရက်မှာ သွားရောက် မြည်းစမ်းနိုင်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။
 

The Myanmar Restaurant Guide


Read 797 times.