Eating Tips

အသားအရေကို အကျိုးပြုစေမယ့် Alcoholic Drinks (၄)မျိုး

January 22, 2021

အရက်ကို အလွန်အကျွံ သောက်မယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေမှာ အမှန်ပါပဲ။ ဒါပေမယ့် အရက်ကို စည်းစနစ်ကျကျနဲ့ ချင့်ချိန်ပြီး သောက်နိုင်ရင်တော့ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစေမှာပါ။ ဒါ့အပြင် တစ်ချို့သော အရက်အမျိုးအစားတွေက အသားအရေနဲ့ ဆံပင်ရဲ့ ကောင်းကျိုးအတွက် ထူးထူးခြားခြား အထောက်အကူ ပြုစေပါတယ်။ အဲ့တော့ အသားအ‌ရေလေး ပိုကောင်း၊ ပိုကြည်၊ ပိုလှဖို့ ဘယ်အရက်တွေက ဘယ်လိုတွေ ကောင်းမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁။ အသားအရေ တောက်ပမှုအတွက် ဝိုင်

ဝိုင်က အသားအ‌ရေအတွက် တော်တော်လေး အကျိုးကျေးဇူးများတယ် ဆိုတာကို သိပြီးသားဖြစ်မှာပါ။ ဝိုင်သောက်ခြင်း အားဖြင့် သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အပြင် မျက်နှာပေါ်က အမည်းစက်တွေကိုလည်း သိသိသာသာ လျော့နည်းစေမှာပါ။ ဒါတင်မကသေးဘဲ အသားအရည်ကိုလည်း တောက်ပစေတဲ့ အကျိုးကျေးဇူးကိုလည်း ရနိုင်ပါသေးတယ်။ တကယ်လို့ ဝိုင်သောက်တတ်တဲ့သူ မဟုတ်ဘူးဆိုရင်တောင် နေ့စဉ် မျက်နှာပေါင်းတင်တဲ့ထဲမှာ ဝိုင်နီ (၁)ဇွန်းလောက် ထည့်ပြီး သုံးပေးသင့်ပါတယ်။

၂။ အရွယ်တင် နုပျိုစေဖို့အတွက် ဗော့ကာ

အရက် အမျိုးအစားတွေထဲမှာ ဗော့ကာကတော့ နဲနဲလေး ပြင်းတဲ့ထဲမှာပါတယ် ဆိုပေမယ့် အသားအရေတင်းရင်းပြီး အရွယ်တင် နုပျိုစေဖို့ အတွက်တော့ ဗော့ကာဟာ တော်တော်လေး အစွမ်းထက်ပါတယ်။ အသားအရေ ပျင်းတွဲတွဲ ဖြစ်နေတာမျိုးတို့ အ‌‌ရေပြားတွန့်တာမျိုးတို့ အတွက်တော့ ဗော့ကာဟာ ဆေးတစ်ခွက်လိုပါပဲ။ ညဘက် အိပ်ရာဝင်ခါနီး Face Mask ထဲမှာ ဗော့ကာ အနည်းငယ် ထည့်ပြီး ကပ်ပေးမယ်ဆိုရင် မျက်နှာကိုတင်းတင်းလေး ဖြစ်စေရုံသာမက မျက်နှာပေါ်မှာရှိတဲ့ အပေါက်ငယ်လေးတွေကိုပါ ဖာထေးပေးနိုင်တဲ့ အကျိုးကျေးဇူးကို ရစေပါတယ်။

၃။ အသားအရေ ကြည်လင်စေမယ့် ဘီယာ

ဘီယာနဲ့ မျက်နှာသစ်ပေးမယ်ဆိုရင် အသားအ‌ရေရဲ့ pH Level ကို ထိန်းသိမ်းပြီးသား ဖြစ်တဲ့အတွက်ကြောင့် အသားအရေကို ပိုမိုကြည်လင်စေတဲ့ အတွက် မျက်နှာလေးဝင်းဝင်းလေးနဲ့ ပိုပြီးလှနေမှာပါ။ ဒါ့အပြင် ဘီယာမှာပါတဲ့ ဗီတာမင်ဓာတ်တွေကလည်း အသားအရေ ကြည်လင်ဖို့ကို ပံ့ပိုးပေးပါသေးတယ်။ အဲ့တော့ (၁)လမှာ (၂)ကြိမ်လောက် ဘီယာနဲ့ မျက်နှာသန့်စင် သင့်ပါတယ်။

၄။ ဝက်ခြံကင်းတဲ့ မျက်နှာလေးရဖို့ ရမ်

ဝက်ခြံပေါက်တတ်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ထားတဲ့ သူတွေအတွက်တော့ ရမ်က အသင့်တော်ဆုံးပါပဲ။ ရမ်ရဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိကြောင့် အရေပြားပေါ်မှာ ဝက်ခြံတွေ ထွက်လာမယ့် ပြဿနာကိုတော့ အလွယ်လေး ‌ဖြေရှင်းပေးနိုင်ပါတယ်။ ဝက်ခြံရှိတဲ့ နေရာနဲ့ အနီးတဝိုက်ကို ရမ်နဲ့ နှင်းဆီပန်း ပွင့်ဖတ် စိမ်ထားတဲ့ရေကို ရောလိမ်းပြီး (၅)မိနစ်အကြာမှာ မျက်နှာသစ်ပေးမယ်ဆိုရင် ဝက်ခြံတွေကို သက်သာစေမှာပါ။


Read 853 times.