Healthy Food

ဘာကြောင့် သကြားကို လျော့စားဖို့ လိုအပ်တာလဲ

November 17, 2020

ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ အစားအစာတိုင်းလိုလိုမှာ သကြားဓာတ်ကပါနေလေတော့ ချက်ချင်းကြီး အပြီးဖြတ်လိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ဒါပေမဲ့လည်း သင့်မှာဖြတ်ဖို့အစီအစဉ်ရှိတယ်ဆိုရင် သကြားဖြတ်ခြင်းရဲ့ ရေရှည်နဲ့ ရေတိုကောင်းကျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ပိုနုပျိုလာနိုင်ခြင်း

ဆိုဒါတွေ၊ သကြားဓာတ်ပါတဲ့ အချိုရည်တွေကိုလျော်သောက်လိုက်တယ်ဆိုတာနဲ့ အရေးအကြောင်းတွေနဲ့ အသားအရေလျော့တွဲတာတွေက သိသိသာသာကို လျော့နည်းသွားတာပါ။ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးတွင်းသကြားဓာတ်များပြားလာမယ်ဆို သင့်ရဲ့အသားအရေက ကြမ်းတမ်းလာပြီး အသားအရေမကောင်းတာမျိုးတွေဖြစ်လာနိုင်တယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။

 

အဝလွန်ခြင်းမှ ကာကွယ်ပေးခြင်း

ဝိတ်တက်ခြင်းနဲ့ သကြားစားသုံးမှုပမာဏ တိုက်ရိုက်ဆက်စပ်နေတဲ့အကြောင်းကို သုတေသနပေါင်းများစွာ ပြုလုပ်ခဲ့ကြပါတယ်။

(၁၉၉၇) ခုနှစ်ကနေ (၂၀၁၀) ခုနှစ်အတွင်း နိုင်ငံပေါင်း (၇၅) နိုင်ငံရဲ့ အဖျော်ယမကာပုံမှန်သောက်သုံးနေကြတဲ့ လူပေါင်း (၁၀၀) မှာ (၄.၈) ရာခိုင်နှုန်းလောက်က အဝလွန်နေကြပြီး နောက်ထပ် (၂.၃) ရာခိုင်နှုန်းလောက်က အဝလွန်တာထက်ပိုနေကြတယ်လို့ သိရပါတယ်။

သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းမှာဆိုရင် ကယ်လိုရီပမာဏ (၁၆) ရာခိုင်နှုန်းပါရှိပါတယ်။ ကြည့်လိုက်ရင်တော့ သိပ်မများလှတဲ့ပမာဏဆိုပေမဲ့ စားသောက်ကုန်တိုင်းမှာတော့ များစွာပါဝင်နေတာမို့ လျော့စားနိုင်လေ ကောင်းလေပါပဲ။

 

နှလုံးအားကောင်းလာခြင်း

ပုံမှန်အားဖြင့် တစ်နေ့သကြားဓာတ် (၁၇-၂၁)% စားသုံးသူတွေထက် (၂၁)% အထက် တစ်နည်းအားဖြင့် အလွန်အကျွံစားသုံးသူတွေ နှလုံးကျန်းမာရေးကို ထိခိုက်စေလာနိုင်ပါတယ်လို့ ဆိုပါတယ်။ မိမိနေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲ သကြားဓာတ် (၁၀)% လောက်သာ ထည့်ပြီးစားသုံးပေးခြင်းက အသင့်တော်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

 

ဗိုက်ပူခြင်းကို လျော့ချပေးခြင်း

အဆီဓာတ်နဲ့ အချိုဓာတ်ဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ အဓိကတရားခံပဲဖြစ်ပါတယ်။ (၂၀၁၆) ခုနှစ်မှာပြုလုပ်ခဲ့တဲ့ Framingham Heart Study ဆိုတဲ့ လူအယောက် (၁,၀၀၀) ကျော်နဲ့ပြုလုပ်ခဲ့တဲ့စစ်တမ်းအရ သကြားဓာတ်ကို ပိုစားသုံးလေလေ အူ၊ အသည်း၊ အဆုတ်စတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ အဆီဓာတ်တွေ တိုးမြင့်လာလေလေဖြစ်တယ်လို့ ဆိုပါတယ်။

 

အားအင်ပိုပြည့်လာခြင်း

သကြားဓာတ်မှာ ကာဘွန်၊ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်ဓာတ်တွေ စုပေါင်းပါဝင်ပါတယ်။ နားလည်အောင်ပြောရမယ်ဆိုရင်တော့ အစာချေလွယ်ပြီး သွေးတွင်းကိုလျင်မြန်စွာ ဝင်ရောက်ကာ အားအင်ပြည့်တင်းလာပြီး နိုးကြွားလာစေနိုင်တဲ့ဓာတ်တစ်မျိုးပါ။ သို့ပေမယ့် ဒီဓာတ်တွေကုန်သွားပြီဆိုရင်တော့ ချက်ချင်းဆိုသလို အားအင်ကုန်ခမ်းသွားနိုင်ပါတယ်။ ဒီအရာကို စွမ်းအားဖြည့်အချိုဖြည့်အချိုရည်တွေ အများကြီးသောက်တတ်သူတိုင်း ခံစားဖူးပါလိမ့်မယ်။ သောက်ပြီးပြီးချင်းတော့ နေ့မအိပ်၊ ညမအိပ် အလုပ်တွေအများကြီးလုပ်နိုင်ပေမယ့် ကျချိန်ရောက်ပြီဆို ရင်တုန်ပမ်းတုန်တွေတောင် ဖြစ်ရတဲ့အထိပါပဲ။

 

By The Myanmar Restaurant Guide


Read 449 times.