Healthy Food

ကိုဗစ် ကာလအတွင်းမှာ နေ့စဉ်စားသုံးပေးသင့်သော အစားအစာများ

October 21, 2020

လူသားတို့ နေ့စဉ်စားသောက်ရသော အစားအစာများသည် ကျန်းမာရေးနှင့်ညီညွတ်ရန် အရေးကြီးသလို အရသာရှိ၍ အဆာပိုခံရန်နှင့် အာဟာရဓာတ်ပြည့်ဝရန် အရေးကြီးပါသည်။

အခုလို ကပ်ရောဂါကြီး စိုးမိုးနေတဲ့ ကာလအတွင်းမှာ ခန္ဓာကိုယ်ကျန်းမာပြီး ကိုယ်ခံအားစနစ်ကောင်းနေဖို့ လိုအပ်ပါသည်။ ဒါ့ကြောင့် လူတို့မဖြစ်မနေ စားသုံးပေးသင့်တဲ့ အစားအစာတွေကို မျှဝေပေးချင်ပါသည်။

 

၁။ အာလူးမီးဖုတ်(သို့မဟုတ်) အာလူးပြုတ်

အာလူးမီးဖုတ် (သို့မဟုတ်) အာလူးပြုတ်သည် အဆာခံနိုင် သော အစားအစာဖြစ်ပြီး ဗီတာမင်များ၊ အမျှင်ဓာတ်နှင့် အခြားသော အာဟာရဓာတ်များစွာ ပါဝင်သဖြင့် စွမ်းအင်ပြည့်ပြီး အချိန် ကြာ ဗိုက်ပြည့်စေသော အစားအစာဖြစ်သည်။

 

၂။ ပဲဟင်းရည်

ပဲဟင်းရည်သောက်ပေးခြင်းဖြင့် သွေးကြောများထဲရှိ သကြား ဓာတ်ထုတ်လွှတ်မှုကို နှေးကွေးစေပြီး အမျှင်ဓာတ်နှင့် ရေဓာတ်ပြည့်ဝစေသည်။

 

၃။ ကြက်ဥ နှင့် ဘဲဥ

ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်သည့် ကြက်ဥနှင့် ဘဲဥများ စားပေးခြင်းဖြင့်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုနိုင် သည်။

 

၄။ ဒိန်ချဉ်

အဆီထုတ်ပြီးသား ဒိန်ချဉ်သောက်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရန် အထောက်အကူပြုနိုင်ပြီး အခြားသော အစားအစာများ စားသုံးမှုလျော့နည်းစေကာ သွေးထဲရှိ သကြားဓာတ်ပမာဏကို ထိန်းပေးနိုင်သည်။

 

၅။ ပန်းသီး

အစာချေဖျက်မှုအတွက် အထောက်အကူပြုသော ပန်းသီးကို ပုံမှန်စားပေးသင့်သည်။

 

၆။ ပြောင်းဖူးပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်စားပေးခြင်းဖြင့် အ ချိန်ကြာကြာ ဗိုက်ပြည့်နေစေနိုင်သည်။

 

၇။ မင်းဂွတ်သီး

ကျန်းမာရေးနှင့်ညီညွတ် သော မင်းဂွတ်သီးစားခြင်းဖြင့် အချိုစားလိုစိတ်လျော့နည်းစေကာ သွေးထဲရှိ သကြားဓာတ်ထုတ်လွှတ်မှုကို နှေးကွေးစေနိုင်သည်။


၈။ မြင်းစားဂျုံ

မြင်းစားဂျုံတွင်လည်း အမျှင်ဓာတ်နှင့် ကျန်းမာရေးနှင့်ညီသော အဆီဓာတ်ပါဝင်သဖြင့် ပုံမှန်စားပေးသင့်သည်။

 

၉။ သဘာဝဂျုံစေ့

သဘာဝဂျုံစေ့များတွင် ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ၎င်း ၌ ပါဝင်သော အမျှင်ဓာတ်က ဆာလောင်မှုကို ထိန်းပေးနိုင်သည်။

 

၁၀။ သစ်သီးဖျော်ရည်

သစ်သီးဖျော်ရည်များသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ငှက်ပျောသီးကဲ့သို့ အသီးများတွင် ပိုတက်ဆီယမ် ဓာတ် ကြွယ်ဝစွာပါဝင်သည်။

 

By The Myanmar Restaurant Guide


Read 511 times.