Healthy Food

လူတိုင်းမသိသေးတဲ့ ရေနွေးသောက်ခြင်းအကျိုးများ

October 26, 2020

မနက်စောစောရေနွေးသောက်ခြင်းဟာ ကျန်းမာရေးကိုလုံးဝ(လုံးဝ) ကောင်းမွန်စေကြောင်း လူတိုင်းမသိကြပါဘူး။

သိသူနည်းပါးတဲ့ ဗဟုသုတလေးကို မျှဝေပေးချင်ပါတယ်။

ဂျပန်မှာ များပြားလှတဲ့ သမားတော်ကြီးတွေဟာ ရေနွေးနဲ့ ကုသခြင်းကြောင့် ၁၀၀% ရလဒ်ကောင်းတွေ ရတယ်လို့ တညီတညွတ်တည်း ဆိုကြပါတယ်။

အဲ့ဒီရလဒ်တွေထဲက တချို့ကို ပြောပါမယ် –

ခေါင်းကြီးကိုက်ရောဂါ (ပျို့အန်ခြင်း ၊ အမြင်ထိခိုက်ခြင်းများ ပူးတွဲပါရှိတဲ့ မကြာခဏခေါင်းကိုက်မှု) ၊

သွေးတိုးခြင်း ၊

သွေးအားနည်းခြင်း ၊

အဆစ်အလက်တွေ နာကျင်ခြင်း ၊

နှလုံးခုန်နှုန်းအရမ်းမြန်ခြင်း သို့မဟုတ် နှေးကွေးခြင်း ၊

ရုတ်တရက် လဲကျပြီး သတိလစ်သွားတတ်သော အာရုံကြောရောဂါ ၊ (ဝက်ရူးပြန်ရောဂါ)၊
အဆီ ၊ ကိုလတ်စ်ထရောလ်ဓာတ် ၊

ချောင်း အပြင်းအထန် ဆိုးခြင်း ၊

စိတ်မငြိမ်ခြင်း ၊

လည်ချောင်းနာခြင်း ၊

ပန်းနာရောဂါ ၊

ချောင်းနက်ရောဂါ သို့မဟုတ် ကြက်ညှာချောင်းဆိုး ရောဂါ ၊

သွေးကြောများ ပိတ်ဆို့နေခြင်း ၊

ဆီးအိမ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါများအားလုံး ၊

အစာအိမ် အချဉ်ပေါက်ခြင်း ၊

အစာအိမ်နာရောဂါ ၊

ဆာလောင်မှု နည်းပါးခြင်း ၊

မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းနှင့်သက်ဆိုင်သော ရောဂါအားလုံး ပျောက်ကင်းသက်သာနိုင်ပါတယ်။

ကုသနည်းကတော့-

နေ့စဉ်မနက်စောစော ထပါ …

ပြီးရင် ဘာမှမစား ၊ မသောက်သေးပဲ 160cc အရွယ်အစားရှိ ဖန်ခွက် လေးခွက်ခန့်သောက်ပါ … 

ရေဟာ ပူရမှာဖြစ်ပေမယ့် လျှာကျက်လောက်အောင် ပူခြင်းမျိုးမရှိရပါ … ပူတယ်ဆိုရုံလောက်သာ ဖြစ်ရပါမယ် … ။

ရှောင်ရှားရန်မှာ –

ရေသောက်ပြီး (၄၅) မိနစ်ထိအောင် ဘာတစ်ခုမှ စားခြင်း ၊ သောက်ခြင်း မရှိရပါ … ဒါ့အပြင် အစား စားပြီးတိုင်း နှစ်နာရီတိုင်အောင် ရေလုံးဝ မသောက်ရပါ … ။

အချို့သူတွေဟာ အစပိုင်းမှာ ဖန်ခွက် လေးခွက်မသောက်နိုင်ကြပါဘူး … အဲ့ဒီအခါမှာ တဖြည်းဖြည်းချင်း လေးခွက်ထိရောက်အောင် လုပ်ရပါမယ် … ။

ရေနဲ့ အမျိုးမျိုးသော ရောဂါတွေကို ကုသခြင်းဟာ သတ်မှတ်ကာလတွေအလိုက် သောက်သုံးသင့်ပါတယ်… အဲ့ဒါတွေကတော့ –

သကြားဓာတ် – ရက် (၃၀) .

သွေးတိုး – ရက် (၃၀) .

အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါဟူသမျှ – (၁၀) ရက် .

ရှိသမျှ ကင်ဆာအမျိုးအစား အားလုံး – (၉) လ .
သွေးကြောပိတ်ခြင်း – (၆) လ .

စားချင်စိတ် နည်းပါးခြင်း – (၁၀) ရက် .

ဆီအိမ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါများ – (၁၀) ရက် .

နား ၊ နှာခေါင်း ၊ လည်ချောင်း – ရက် (၂၀) .

အမျိုးသမီးရောဂါများ – (၁၅) ရက် .

နှလုံးနဲ့ နှလုံးဆိုင်ရာ ရောဂါများ – ရက် (၃၀)

ခေါင်းကြီးကိုက်ရောဂါ – (၃) ရက် .

သွေးအားနည်းခြင်း – ရက် (၃၀) .

အဆီ ၊ ကိုလတ်စ်ထရောလ် – (၄) လ .

ပန်းနာ ၊ အသက်ရှူကြပ်ရောဂါများ – (၄) လ .

ရုတ်တရက် လဲကျပြီး သတိလစ်တတ်တဲ့ အာရုံကြောရောဂါနဲ့ သွက်ချာပါဒရောဂါများဟာ (၉) လ ဆက်တိုက်သောက်ရင် ပျောက်ကြောင်း အာမခံချက်ရှိထားပါတယ်။

ရှေးဟောင်း ဆေးပညာတွင်လည်း မနက်စာ မစားခင် ရေနွေးသောက်ခြင်းဟာ အကျိုးများစွာ ဖြစ်ထွန်းစေကြောင်း ဖော်ပြထားပြီး အလွန်ပဲ အလေးအနက်ပြုထားပါတယ်။

လက်တွေ့စမ်းသပ်ကြည့်ပါ တကယ်ကောင်းပါတယ်။ ရေအေး သောက်ခြင်းသည်ကောင်းတယ်ဆိုပေမဲ့။

ရေအေးဟာ လူကြီးမင်းကို ငယ်တုန်းမှာ ရောဂါမဖြစ်စေဘူးဆိုရင်တောင် အသက်ရလာရင်တော့ အဆိုးဝါးဆုံး ရောဂါကြီး ဖြစ်စေပါတယ်။

ရေအေးဟာ နှလုံးရဲ့သွေးကြော (၄) ခုကို ပူးကပ်သွားပြီး နှလုံးရဲ့သွေးကြောမကြီးကိုလည်း ပိတ်သွားစေတယ်။ နှလုံးရောဂါဖြစ်ဖို့ အကြောင်းရင်းများပါတယ်။

အများအားဖြင့် ငယ်တုန်းမှာ နှလုံးရောဂါဖြစ်ရတာဟာ အအေးများ သောက်ခြင်းကြောင့်ပါ။

ရေအေးဟာ အသည်းကို ပျက်စီးစေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ အဆီတွေဟာ ရေအေးကြောင့် စု၍ခဲသွားသဖြင့် အဆီပိတ်တဲ့ရောဂါဖြစ်နိုင်တာပါ။

အမှန်က ရေအေးဟာ အစာအိမ်အတွင်းပိုင်းက အကာအရံတွေကို ထိခိုက်စေပြီး သကြားဓာတ်ကို ဖြစ်ပေါ်စေတာပါ။

ရေအေးဟာ အစာအိမ်နဲ့ အူမကြီးကို အန္တရာယ်ဖြစ်စေပြီး ကင်ဆာရောဂါရဲ့အကြောင်းရင်းဖြစ်ပါတယ်။

 

By The Myanmar Restaurant Guide


Read 909 times.