Bars & Pubs

ကိုရီးယားစတိုင် ဝက်ဆလပ်ကို ဆိုဂျူးနဲ့ Chill လို့ ရတဲ့ Budget ဆိုင်

February 20, 2023

စားစရာသောက်စရာ စုံစုံလင်လင်ရရှိပြီး လူစည်ကားရာ နေရာလည်းဖြစ်တဲ့ ဣစ္ဆာသရလမ်း ( ဝင်းဘီယာဆိုင် မျက်နှာချင်းဆိုင်လမ်း ) ကျောက်မြောင်း မြို့နယ်မှာ ဖွင့်ထားတဲ့ December 29 Milk Tea Bar ဆိုတဲ့ ဆိုင် ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်လေးကတော့ ဆိုင်ပိတ်ရက်မရှိ မနက် ၁၀ နာရီခွဲမှ ည ၈ နာရီခွဲအထိပဲ ဖြစ်ပါတယ်။ 

Click Here >>> Kalar Lay

ဆိုင်အပြင်အဆင်ပုံစံလေးကတော့ Relax ဖြစ်စေမယ့် Indoor Table လေးတွေနဲ့ အလှဆင်ထားတာဖြစ်လို့ ချစ်သူလေးနဲ့ ရိုမန့်တစ်ဆန်ဆန် ဒိတ်လို့ကောင်းတဲ့ဆိုင်လေးဖြစ်တဲ့အပြင် ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ကောင်းတဲ့ ဆိုင်လေးလည်း ဖြစ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့လည်း Open Air ဖြစ်စေတဲ့ Outdoor Table လေးမှာ ထိုင်ရင်း အပန်းဖြေအနားယူလို့လည်း အဆင်ပြေပါတယ်။ 

ဒီဆိုင်လေးကတော့ ကိုရီးယားဆန်ဆန်လေး ဖွင့်ထားတဲ့ဆိုင်ဖြစ်တဲ့အတွက် ဆိုဂျူးတစ်မျိုးတည်းနဲ့ မ Chill ချင်ဘူး ဘီယာလေးနဲ့ပါ တွဲသောက်ချင်တယ်ဆိုတဲ့ ချင်းဂူးတွေအတွက်လည်း အပြင်ကနေ ဘီယာပါဆယ် ဆွဲလာလို့ရမှာဖြစ်ပြီး Bottle Charges လုံးဝပေးစရာ မလိုပါဘူး။ 

ဒီဆိုင်လေးမှာရရှိတဲ့ အဓိက Menu တွေကတော့ 
- ဝက်သားဆလပ်  ( သုံးထပ်သား/အမဲသား/ကြက်သား )
- ဝက်သားပဲပြားအစပ်ချက်
- Spicy Noodle
- Spicy Noodle Soup
- ကင်ချီဟင်းရည် 
- ကင်ချီထမင်းကြော်
- မာလာကြက်တောင်ပံ
- ကြက်အူချောင်းမာလာ 
- အာလူးမာလာ 
- ဖက်ထုပ်မာလာတို့ ရရှိမှာ ဖြစ်ပါတယ်။

အခြား Soft Drink များ အနေနဲ့ကတော့ Juice၊ Milk Tea၊ Milkshake၊ Soda၊ Yoghurt၊ Cheese Tea တွေလည်း ရတဲ့အပြင် ပေါ့ပေါ့ပါးပါး စားစရာတွေဖြစ်တဲ့ မာလာအကင်စုံသုတ်၊ ဖက်ထုပ်ကြော်၊ အာလူးချောင်း ကြော်တွေလည်း ရပါသေးတယ်။

ဒါကြောင့် ဒီဆိုင်လေးက အခြားဆိုင်တွေနည်းတူ အကျယ်ကြီးမဟုတ်ပေမဲ့ လူငယ်ဆန်ဆန် ထိုင်လို့ကောင်းပြီး တစ်ပွဲမှ ၂,၀၀၀ ကျပ်၊ ၃,၀၀၀ ကျပ် ဝန်းကျင်လောက်က စရှိလို့ ဘော်ဒါတွေနဲ့အတူ ဘတ်ဂျက် ဒိတ်ချင်တာမျိုး အတွက်ဆိုရင်တော့ ဒီဆိုင်လေးကို ရွေးချယ်ဖို့ အကြံပြုလိုက်ပါတယ်။
 

The Myanmar Restaurant Guide


Read 731 times.