Eating Tips

အစေ့အဆံ စားခြင်း၏ ကျိုးကျေးဇူးများ

September 23, 2022

အစေ့အဆံတွေဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကနေ အထောက်အကူပြုပေးနိုင်တယ်ဆိုတာ ကျန်းမာ ရေးလိုက်စားသူ တော်တော်များများက သိထားကြပါတယ်။ အစေ့အဆံတွေမှာ အာဟာရကြွယ်ဝတဲ့အပြင် ကျန်းမာရေးအတွက် ဘယ်လိုတွေ အထောက်အကူပြုနိုင်မလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။

Almonds (ဗာဒံစေ့)
ဗာဒံစေ့က အစေ့အဆန်တွေထဲမှာ ကယ်လ်ဆီယမ် (ထုံးဓါတ်) အများဆုံးပါ‌ဝင်တဲ့ အစေ့အဆန်ပဲ ဖြစ်ပါတယ်။ ထို့အပြင် အမျှင်ဓာတ်၊ ဗီတာမင် E နှင့် မဂ္ဂနီဆီယမ်ဓာတ် များတဲ့အတွက်ကြောင့် သွေးတွင်းကိုလက်စထရောကိုလည်း လျှော့ချပေးနိုင်တဲ့အပြင် နှလုံးရောဂါနှင့် ဆီးချိုရောဂါကိုလည်း တဖက်တလမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ 

Cashews (သီဟိုစေ့)
သီဟိုစေ့ကတော့ သံဓာတ်နှင့် မဂ္ဂနီဆီယမ်ဓာတ်တွေ များတဲ့အပြင် မပြည့်ဝဆီ တစ်မျိုးဖြစ်တဲ့ oleic acid တွေ ပါဝင်တဲ့အတွက် ကင်ဆာဖြစ်ပွားမှု့ကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးရောဂါတွေပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါအပြင်ကော့ပါးဓာတ်ပါဝင်တဲ့အတွက် ဆံပင်နှင့် အသားအရေအတွက်လည်း ကောင်းပါတယ်။ 

Walnuts (သစ်ချသီး)
 သစ်ချသီးကတော့ အိုမီဂါသရီး ပါဝင်မှု့များတဲ့အပြင် ဓာတ်တိုးဆန့်ကျင်သတ္တိနှင့် ဖိုင်တိုစတီရော ပါဝင်ပါတယ်။ ဒါကြောင့် ကင်ဆာနှင့် အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှု့ကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောလည်း ကျစေပါတယ်။

Hazelnuts (သစ်အယ်သီး)
မပြည့်ဝဆီ တစ်မျိုးဖြစ်တဲ့ oleic acid ပါဝင်မှု့များတဲ့အတွက်ကြောင့် သွေးတွင်းကိုလက်စထရောကို တဖက်တလမ်းကနေ ကျစေပါတယ်။ မဂ္ဂနီဆီယမ်၊ ထုံးဓါတ်နှင့် ဗီတာမင်ဘီ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် နှလုံး ရောဂါကို ကာကွယ်ပေးတဲ့အပြင် ကြွက်သား၊ အရိုး၊ အဆစ်နှင့် အစာချေဖျက်ခြင်းတို့အတွက် ကောင်းမွန်ပါတယ်။

Peanuts (မြေပဲ)
ဖောလိုက် (folate) ဓာတ်ကြွယ်ဝတဲ့မြေပဲ စားပေးရင်တော့ ဦးနှောက်ဖွံ့ဖြိုးမှု့အတွက် အထူးအသုံးဝင်ပါတယ်။ ဗီတာမင် E ကြွယ်ဝတဲ့အတွက် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ 

Pecan (ပီကန်စေ့)
ပီကန်စေ့ကတော့ မပြည့်ဝဆီတွေ များတဲ့အတွက် ကိုလက်စထရောကျစေပါတယ်။ ထို့အပြင် ဘီတာစီတီစတီရ (Beta-sitisterol) ပါဝင်တဲ့ ဆီးကျိတ်ကြီးနေတဲ့ အမျိုးသားတွေ စားသင့်တဲ့ အစေ့အဆန်တစ်မျိုးလည်းဖြစ်ပါတယ်။

Sunflower seeds (နေကြာစေ့)
နေကြာစေ့ကတော့ ဗီတာမင် Eနှင့် မပြည့်ဝဆီတွေ ပါဝင်တဲ့အတွက် အခြားအစေ့အဆန်များနည်းတူ ကိုလက်စထရောကျစေပြီး၊ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

Myanmar Restaurant Guide
 


Read 843 times.