Best Cuisine

ဟော့ပေါ့ချစ်သူတွေအတွက် မြန်မာပလာဇာမှာပါ ထပ်မံနယ်ချဲ့လိုက်တဲ့ Jo Jo Hotpot ဆိုင်ခွဲအသစ်

January 22, 2021

Foodie တို့ အသည်းစွဲ Jo Jo Hotpot ကလည်း နှစ်သစ်ကို (၆)ဆိုင်မြောက် ဆိုင်ခွဲအသစ်နဲ့ ထပ်မံ ကြိုဆိုလိုက်ပြန်ပါတယ်။ ဆိုင်ခွဲအသစ်ကိုတော့ ပြီးခဲ့တဲ့ (၁၆.၁.၂၀၂၁) ရက်က စတင် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

Jo Jo Hotpot မှာ အစားတလိုင်းတို့ အသည်းစွဲ ဟော့ပေါ့နဲ့ မာလာရှမ်းကောကို မိမိစိတ်ကြိုက် အမယ်တွေကို ရွေးချယ် မှာယူပြီးတော့ပဲဖြစ်ဖြစ်၊ Set အလိုက် မှာယူပြီးဖြစ်ဖြစ် A La Carte စားသုံးနိုင်ပါတယ်။ လက်ရှိ ကိုဗစ်ကာလအတွင်းမှာတော့ ပါဆယ်ပဲ ရဦးမယ်လို့ ဆိုပါတယ်။

ရွေးချယ်မှာယူနိုင်တဲ့ ပါဝင်ပစ္စည်းတွေကတော့

  • အသီးအရွက် (၃၃) မျိုး
  • အသား၊ငါနဲ့ ပင်လယ်စာ (၂၆)မျိုး
  • Home Made အသားလုံး (၁၀)မျိုး
  • ဖက်ထုပ် (၅)မျိုး
  • Stick Roll (၉)မျိုး
  • အသားလုံး (၂၂) မျိုး
  • မှို (၈) မျိုး
  • ထမင်းနဲ့ ခေါက်ဆွဲ (၇)မျိုး

စသဖြင့် စုံစုံလင်လင် ရွေးချယ်စားသုံးနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Set Menu တွေဖြစ်တဲ့

  • Beef Slice Set
  • Chicken Slice Set
  • Pork Slice Set
  • Seafood Set
  • Marla Beef Set
  • Marla Chicken Set
  • Marla Pork Set
  • Marinated Beef Set
  • Marinated Chicken Set
  • Marinated Pork Set

စသဖြင့် စုံလင်လှတဲ့ Hotpot Set တွေကို ဈေးနှုန်း (၇၅၀၀)ကျပ်ထဲနဲ့ မှာယူစားသုံးနိုင်မှာ ဖြစ်သလို့ ဟင်းရည် အမျိုးအစား (၅)မျိုးအထိ ရွေးချယ်စားသုံးနိုင်မှာပဲ ဖြစ်ပါတယ်။ ရရှိတဲ့ ဟင်းရည် အမျိုးအစားတွေကတော့ …

  • Tomato
  • Tom Yum
  • Miso
  • Marla
  • Chicken Soup စတာတွေပဲ ဖြစ်ပါတယ်။

Jo Jo Fan တွေအတွက် အထူးအစီအစဉ်တစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ (၁၈.၁.၂၀၂၁) ကနေ (၂၄.၁.၂၀၂၁) အတွင်း ငွေကျပ် (၅၀,၀၀၀) ဖိုးနဲ့အထက် လာရောက်စားသုံးသူတိုင်းကို Jo Jo ရဲ့ Special Member Card လေး လက်ဆောင်‌ ပေးသွားမယ်လို့ သိရပါတယ်။

ဒီကဒ်ကို Jo Jo Hotpot ရဲ့ မြန်မာပလာဇာ ဆိုင်ခွဲအသစ်မှာ လာရောက်ဝယ်ယူသူတိုင်း ရရှိနိုင်မှာ ဖြစ်ပြီးတော့ ကဒ်အရေအတွက် ကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။ ဆိုင်ကဝယ်ယူထားတဲ့ ဘောက်ချာနဲ့ပဲ Member Card ကို ရယူနိုင်မှာ ဖြစ်ပြီးတော့ Delivery Order တွေကတော့ အကြုံးဝင်မှာ မဟုတ်ပါဘူးနော်။

Jo Jo Hotpot ဆိုင်ခွဲတွေအားလုံးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကတော့ …

ကြည့်မြင်တိုင် ဆိုင်ခွဲ
လိပ်စာ - အမှတ် (၅၀၈/A)၊ အောက်ကြည့်မြင်တိုင်လမ်း၊ ဟုမ်းလမ်းမှတ်တိုင်အနီး၊ အနောက်ပိုင်းဆေးရုံကြီး မျက်စောင်းထိုး
ဖုန်း - 09 775 503 040

ဒေါပုံဆိုင်ခွဲ
လိပ်စာ - Capital Hypermarket, ၃လွှာ၊ ဒေါပုံမြို့နယ်။
ဖုန်း - 09 897 145 848

ကမာရွတ်ဆိုင်ခွဲ
လိပ်စာ - Junction Square, Secret Garden, ကမာရွတ်မြို့နယ်။
ဖုန်း - 09 448 945 979

ပန်းဘဲတန်းဆိုင်ခွဲ
လိပ်စာ - Junction City, ၄လွှာ၊ ပန်းဘဲတန်းမြို့နယ်။
ဖုန်း - 09 894 778 588

မင်္ဂလာတောင်ညွှန့် ဆိုင်ခွဲ
လိပ်စာ - ကန်သာယာ Shopping Center, မြေညီထပ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဆလာစက် မှတ်တိုင်အနီး။
ဖုန်း - 09 662 355 525

ဗဟန်းဆိုင်ခွဲ (ဆိုင်ခွဲအသစ်)
လိပ်စာ - မြန်မာပလာဇာ၊ မြကျွန်းသာကန်ပေါင်အနီး၊ ဗဟန်းမြို့နယ်။
ဖုန်း - 09 880 575 203

Delivery နဲ့ပဲ မှာယူချင်တယ် ဆိုရင်တော့ ..
Grab Food
Food Panda
FOOD MALL : 09 890 050 056
Hi So Mall. : 09 894 991 061
Food to you : 09 771 001 011
Door to door :09 797 205 454

စတဲ့ Delivery Service တွေကို ဆက်သွယ်နိုင်ပါတယ်။

ကဲ၊ ဟောပေါ့စားဖို့ ဆိုင်အသစ်ကိုလည်း သိရပြီဆိုတော့ အတူတူသွားစားဖို့ သူငယ်ချင်းတွေကို မန်းရှင်းခေါ်လိုက်ဦးနော်။


Read 1290 times.