Best Cuisine

မှန်ကန်တဲ့ အရည်အသွေးနဲ့ မြန်မာပြည်မှာ ဆယ်စုနှစ်ကျော်ကြာ ရပ်တည်နေဆဲ ဖြစ်တဲ့ CP Five Star

December 2, 2020

90’s Kids တွေရဲ့ ငယ်ဘဝ အမှတ်တရတွေထဲမှာ ဈေးလမ်းဆုံနား သို့မဟုတ် လူစည်ကားတဲ့ နေရာတွေနားမှာ ဆိုင်သေးလေးတွေနဲ့ ရောင်းချပေးနေတဲ့ CP Five Star ကြက်ကြော်နဲ့ ကြက်အူချောင်းတွေလည်း တစ်ခုပါဝင်မယ်လို့ ထင်ပါတယ်။

CP Five Star ဟာ ၂၀ရာစု၊ မြန်မာနိုင်ငံရဲ့ ကြက်ကြော်တစ်ခေတ် ဖြစ်အောင် ပထမဆုံး လမ်းဖောက်ခဲ့သူဆိုလည်း မမှားပါဘူး။ အ်ခုဆိုရင်တော့ CP Five Star ဟာ ကြက်ကြော်အပြင် တစ်ခြားသော အထားခံ စားသောက်ကုန် တော်တော်များများကိုပါ ထုတ်လုပ်လာတာ ဖြစ်ပါတယ်။

အိမ်အနီးအနားက ဈေးတွေ ဒါမှမဟုတ် Citymart လို စင်တာမျိုးတွေရဲ့ Frozen Counter ကို သွားလိုက်ရင် CP Five Star ရဲ့ Frozen Product တွေက အပြည့်အဝ နေရာယူထားတာကိုလည်း တော်တော်များများ တွေ့မြင်နိုင်ပါတယ်။ CP Five Star မှာ ကြက်ကြော်နဲ့ ကြက်ကင်အပြင် Frozen Product တွေ ဖြစ်တဲ့ …

  • ကြက်သားအစိမ်း၊
  • ကြက်အူချောင်း၊
  • ဝက်အူချောင်း၊
  • ကြက်/ဝက် အသားပြား၊
  • ငါးအသားလုံး၊
  • ကြက်/ဝက် အသားလုံး၊
  • ကြက်ဥ၊
  • မှိုင်းတိုက် ကြက်/ဝက်အူချောင်း၊
  • ကြပ်တိုက် ချိစ် ကြက်/ဝက်အူချောင်း၊
  • ငရုတ်ကောင်း ကြက်သားလုံး၊

စတဲ့ အထားခံ စားစရာတွေကို အစုံအလင် ဝယ်ယူ ရရှိနိုင်ပါတယ်။


အပေါ်မှာ ပြောခဲ့တဲ့ Frozen Product တွေအပြင် CP Five Star အသင့်စား ဆိုင်တွေမှာတော့

  • Cripsy ကြက်ကြော်
  • အစပ်၂ဆ ကြက်ကြော်
  • ရိုးရိုးကြက်ကြော်
  • ကြက်ကောင်လုံးကင်
  • ဘဲကင်
  • အသားလုံးများ
  • ဝက်သားကောက်ညင်း စတာတွေနဲ့ ဆိုင်အနည်းငယ် ကျယ်ပြီး ထိုင်စားလို့ ရတဲ့ ဆိုင်တွေမှာတော့ ဝက်ကျောရိုးပေါင်း၊ ဝက်သားဒုတ်ထိုးနဲ့ တစ်ခြားသော ဆလပ်မျိုးစုံ၊ အအေးမျိုးစုံကို မှာယူစားသုံးနိုင်ပါတယ်။

Dad's Lemony Grilled Chicken Recipe: How to Make It | Taste of Home


အရသာပိုင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ စားသုံးသူ အတော်များများရင်ထဲ နေရာယူပြီးသား ဖြစ်တဲ့ CP Five Star ဟာ အရည်အသွေးပိုင်းမှာ စိတ်ချယုံကြည်ရတဲ့အပြင် ထုတ်ပိုးမှုအပိုင်းမှာလည်း စံထားရလောက်တဲ့အထိ ဂရုတစိုက် ထုတ်လုပ်ထားတာမို့ အခုချိန်ထိ မြန်မာပြည်ရဲ့ ဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် စားသောက်ဆိုင်များအတွက်လည်း CP Fresh Shop တွေမှာ အရည်အသွေး ပြည့်ဝတဲ့ CP ကြက်တွေကို ဝယ်ယူရရှိနိုင်ပြီးတော့ ကြက်သား မှာယူကြမယ့် စားသောက်ဆိုင်များ၊ ဟိုတယ်များနဲ့ Bar များအတွက် အထူးအစီအစဉ်များ ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိ ကိုဗစ်ကာလအတွင်းမှာတော့ CP Five Star ရဲ့ ထိုင်စားလို့ရတဲ့ ဆိုင်တစ်ချို့ကို ပါဆယ်စနစ်သာ ရောင်းချခွင့် ပြုထားတာဖြစ်ပြီး အသင့်စားစရာတွေနဲ့ Frozen Product တွေကိုတော့ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အိမ်အရောက် ပို့ဆောင်ပေးတဲ့ စနစ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် CP Five Star ကနေ စားသုံးသူတွေကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ အပတ်စဉ် Luckydraw တွေ၊ ပရိုမိုးရှင်းတွေကိုလည်း ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ ဒါကတော့ CP Five Star ရဲ့ Product တွေကို အပတ်စဉ် တနင်္လာနေ့တိုင်း All Star Delivery ကနေ မှာယူမယ်ဆိုရင် အနည်းဆုံး ၁သောင်းကျပ်ဖိုး မှာယူတာနဲ့ ၃၀ရာခိုင်နှုန်း လျှော့ဈေး ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီပရိုမိုးရှင်းကိုတော့ ဒီဇင်ဘာလ နောက်ဆုံးအပတ် တနင်္လာနေ့အထိ ရရှိနိုင်မယ့်အပြင် ၁သောင်းဖိုးဝယ်တာနဲ့ Lucky Draw Coupon Code SMS တစ်စောင် (ကံစမ်းခွင့် Code လက်မှတ်) ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ Lucky Draw Cupon ရဲ့ ဆုတွေကတော့ ငွေကျပ် ၅သောင်း၊ ၃သောင်း၊ ၂သောင်းနဲ့ ၁သောင်း ဈေးဝယ်ခွင့် ကူပွန်တွေကို အပတ်စဉ် ကံစမ်းခွင့် ရရှိမှာပါနော်။

Lucky Draw နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://bit.ly/2JvYJBg

CP Five Star ကို အိမ်အရောက်ပို့စနစ်နဲ့ ရရှိနိုင်မယ့် မြို့နယ်တွေကတော့ …

ရန်ကုန်တိုင်း (၁၃) မြို့နယ်

  • စမ်းချောင်း၊
  • ကြည့်မြင်တိုင်၊
  • ကမာရွတ် (လှည်းတန်း) ၊
  • မရမ်းကုန်း ( ရေကြောင်း, ဘုရင်နောင်, ၈မိုင်, ၉ မိုင်, သမိုင်းလမ်းဆုံ) ၊
  • အင်းစိန် (ကြို့ကုန်း) ၊
  • လှိုင် (အင်းစိန်းလမ်းမ, ဘူတာရုံလမ်း) ၊
  • မြောက်ဒဂုံ (ပင်လုံစီးတီးမတ်, မန်းလေးလမ်း, ဗိုလ်မှုးဗထူးအိမ်ရာ) ၊
  • တောင်ဥက္ကလာ (တောင်ဥက္ကလာဘုရား) ၊
  • သင်္ဃကျွန်း (စံပြဈေး) ၊
  • ရန်ကင်း (ရန်ကင်းစင်တာ) ၊
  • တာမွေ ( ကျောက်မြောင်း, အသောက, ယုဇနပလာဇာ, Super One KKS) ၊
  • လှိုင်သာယာ (ကျန်စစ်သားအိမ်ရာ, F.M.I City, ပင်လုံ, ဗိုလ်ချုပ်လမ်း) ၊
  • သန်လျင် (ကျားဘုရား, သန်လျင်ဆေးရုံ, မြို့မဈေး, အောင်ချမ်းသာ, ကျိုက်ခေါက်ဘုရား)


နေပြည်တော်

  • ဥတ္တရသီရိမြို့နယ် - MICC-2 ၊ မြို့မဈေး ၊ Ocean အနီး
  • ဇမ္ဗူသီရိမြို့နယ် - သဇင်အိမ်ရာ၊ ကံကော်အိမ်ရာ၊ ခရေအိမ်ရာ၊ သပြေကုန်းဈေး၊ Junction


မန္တလေးတိုင်း (၅) မြို့နယ်

  • အောင်မြေသာဇံမြို့၊
  • ချမ်းအေးသာဇံမြို့၊
  • မဟာအောင်မြေမြို့၊
  • ပြည်ကြီးတံခွန်မြို့နယ်၊
  • အမရပူရမြို့


မုံရွာ
စက်မှုမြို့မှ အလုံမြို့အထိ

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ CP Five Star အရောင်းဆိုင်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက် ရှာဖွေနိုင်ပါတယ်။
https://bit.ly/33w8k24


Read 1745 times.