Special Deals

Tik Tok ဆော့ရင်း‌ iphone 12 Pro Max ကံစမ်းနိုင်မယ့် Pizza Hut ရဲ့ Tik Tok Challenge

December 28, 2020

Pizza ဆို Pizza Hut ပဲလို့ဆိုကြတဲ့ ပီဇာသရဲလေးတွေအတွက် ပီဇာအလကား စားရမယ့်အပြင် iPhone 12 Pro Max နဲ့ တစ်ခြား ဆုလက်ဆောင်တွေ အများကြီးရမယ့် Tik Tok Challenge အစီအစဉ်တစ်ခုကို ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

ဒါကတော့ Pizza Hut Myanmar ရဲ့ Official Facebook Page မှာ သရုပ်ဆောင် မင်းသား မင်းသွေးခန့်နဲ့ မော်ဒယ်လ် ဟန်နီနွေဦးတို့ ဆော့ထားတဲ့ Tik Tok Video လေးတစ်ခုကို Sample အနေနဲ့ တင်ထားတာ ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့်သူတွေက ဒီဗီဒီယိုလေးထဲကလိုမျိုး Tik Tok ဆော့ပေးရမှာ ဖြစ်ပါတယ်။

ဒီ Challenge ကို ပါဝင်ယှဉ်ပြိုင်ဖို့ သတ်မှတ်ချက်တွေကတော့
၁။ Pizza Hut Myanmar ရဲ့ Official Tik Tok Account ကို Follow လုပ်ရပါမယ်။

Follow လုပ်ရန်
https://www.tiktok.com/@pizzahut_myanmar

၂။ Challenge မှာ ဆော့ဖို့  ပီဇာလေးတွေကို Pizza Hut ကနေ ဝယ်ယူပြီး ဖောင်ထဲမှာ ဖြည့်ဖို့ ပြေစာလေးကို သိမ်းထားပေးရပါမယ်။

Thrifty mum gets £100 Pizza Hut meal for £27 using Eat Out to Help Out &  voucher codes

၃။ ပီဇာရတာနဲ့ သရုပ်ဆောင် မင်းသွေးခန့်နဲ့ဖြစ်ဖြစ်၊ ဟန်နီနွေဦးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် Pizza Hut သီချင်းလေးကို စိတ်ကြိုက် သရုပ်ဖော်ပြီး TikTok ဆော့ရပါမယ်။

၄။ ဆော့ပြီးတဲ့ ဗီဒီယိုလေးကို Facebook နဲ့ TikTok ပေါ်မှာ #PizzaHutTikTokChallenge #PizzaSoPizzaHut #ဆော့ရင်းစား_စားရင်းဆော့ လို့ ရေးပြီး Public နဲ့ တင်ရပါမယ်။

၅။ နောက်ဆုံးအနေနဲ့ ကိုယ်ပါဝင် ယှဉ်ပြိုင်ထားတဲ့ TikTok Video လင့်ခ်လေးနဲ့ ပီဇာဝယ်ထားတဲ့ ပြေစာပုံကို ကိုယ်ရေးအချက်အလက်နဲ့အတူ ဖောင်ဖြည့်ပေးရပါမယ်နော်။

ဖောင်ဖြည့်ရန်လင့်ခ်
http://bit.ly/PizzaHutTikTokForm

ပေးအပ်သွားမယ့် ဆုတွေက …

Apple iPhone 12 Pro Max review - GSMArena.com tests

  • iPhone 12 Pro Max - (၁) လုံး
  • ရွှေတစ်ကျပ်သားလော့ကဒ် - (၁) ခု
  • ရွှေ၅မူးသားပြား - (၁) ခု
  • (၃)သိန်းတန် City Mart Gift Voucher - (၁)စောင်
  • (၁)လကို ပီဇာတစ်ချပ် Free စားခွင့်ရှိတဲ့ Pizza Hut VIP card (T&C Applied)

စတာတွေပဲ ဖြစ်ပါတယ်။

ကံထူးရှင် စုစုပေါင်း (၅)ယောက်ကို ရွေးချယ်ပေးသွားမှာဖြစ်ပြီး ဒီ Challenge ကို ဇန်နဝါရီလ (၁၉) ရက်နေ့အထိ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။

စည်းမျဉ်းစည်းကမ်း အသေးစိတ်ကို ဖတ်ရှုရန်
http://bit.ly/PizzaHutTikTokTerms

မင်းသွေးခန့် နဲ့ duet ဆော့ချင်ရင်
http://bit.ly/MinThwayKhant

ဟန်နီနွေဦးနဲ့ duet ဆော့ချင်ရင်
http://bit.ly/HoneyNwayOo

Pizza Hut Myanmar ရဲ့ ဆိုင်ခွဲလိပ်စာတွေနဲ့ ဖုန်းနံပါတ်တွေကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။
https://bit.ly/2KvGlJO


Read 669 times.