Cafes & Restaurant

ဆိုင်သစ်ဖွင့်ပွဲ 15% Discount  ရှိတဲ့ မာလာမောက်ချိုက်နဲ့ BBQ တွဲဖွင့်ထားတဲ့ဆိုင်

January 25, 2023

မာလာမောက်ချိုက်နှင့် BBQ ကိုတွဲစားချင်တဲ့ Foodie လေးတို့အတွက် သံသုမာလမ်းမကြီးပေါ်မှာ ဖွင့်ထားတာ မကြာသေးတဲ့ Po Tay Toe Mao Cai and BBQ ဆိုတဲ့ နာမည်ဆန်းဆန်းလေးနဲ့ ဆိုင်သစ်လေးကို မိတ်ဆက် ပေးလိုက်ပါတယ်။

ဒီဆိုင်လေးကိုတော့ သွားရလာရ လွယ်ကူတဲ့ သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းမကြီးပေါ်မှာ ဖွင့်ထားတာဖြစ်ပြီး မာလာမောက်ချိုက်မှ မာလာမောက်ချိုက်ဆိုသူတွေအတွက် အဝေးကြီးသွားစရာ မလိုဘဲ အနီးလေးတင် သွားရောက် မြည်းစမ်းကြည့်လို့ရမှာ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန် နေ့လည် ၁ နာရီကနေ ည ၉ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

Click Here >>>  KM Fashion Shop

ဆိုင်သစ်ဖွင့်တဲ့ အထိမ်းအမှတ်အနေနဲ့ လာရောက် စားသုံးသူတွေအတွက် Happy Hour Promotion အစီအစဉ်လေးလည်း ပြုလုပ်ပေးထားပါသေးတယ်။ Promotion အစီအစဉ်လေးကတော့ ဇန်နဝါရီလ တစ်လလုံး မနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း လာရောက်စားသုံးလျှင် 15% Discount ရရှိမှာ ဖြစ်ပါတယ်။

ဆိုင်ပြင်ဆင်ပုံ ဒီဇိုင်းပုံစံလေးကလည်း Warm & Natural Style လေး ဖြစ်တာကြောင့် ဓာတ်ဖမ်းချင်တဲ့ Foodie လေးတွေအတွက် ရွေးချယ်သင့်တဲ့ နေရာကောင်းလေး တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဆိုင်ကို မိသားစု၊ ချစ်သူ၊ ဘော်ဒါတွေနဲ့အတူ သွားရောက်စားသုံးမယ်ဆိုင်ရင် စျေးနှုန်းသင့်တင့်ပြီး သက်သာလို့ Budget Save ချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ 

Po Tay Toe ဆိုင်လေးမှာ ရရှိတဲ့ Menu တွေကတော့ ပူစပ်ထုံ မာလာမောက်ချိုက်၊ ထိမိတဲ့အရသာနဲ့ သင်းသင်းမွှေးမွှေး BBQ အကင်၊ Seasonal Fruit Juice နဲ့ နောက်ဆုံး Special Menu ကတော့ ကောင်းတာထက်ကို ပိုတဲ့ ဆန်ပြုတ်ပူပူလေးတွေပဲဖြစ်ပြီး အရသာထိမိဂွိဖြစ်မယ့် Po Tay Toe အာလူးကြော်ကိုလည်း မြည်းစမ်းကြည့်လို့ ရပါသေးတယ်။

ဒါ့အပြင် Po Tay Toe ဆိုင်လေးမှာ လူကြိုက်များဆုံး Special Menu တွေကတော့ ဝက်သုံးထပ်သားကင်၊ ဝက်နံရိုးကင်၊ ဆိတ်စပ်ခြောက်ဖုတ်သုပ်တို့ပဲ ဖြစ်ပါတယ်။

ညနေပိုင်း အကင်လေးကို ဘီယာလေးနဲ့ Chill ချင်လို့ပဲဖြစ်ဖြစ် ဗိုက်ဆာလို့ ထမင်းပူပူလေးနဲ့ မာလာမောက်ချိုက်လေးကို တွဲစားချင်လို့ပဲဖြစ်ဖြစ် ဒီဆိုင်လေးကို သတိရဖို့ အကြံပေးချင်ပါတယ်။ ဘီယာနဲ့ အကင် Chill ချင်တဲ့သူတွေအတွက်လည်း Bottle Charges လုံးဝ မယူတဲ့အပြင် ရေခဲပါ Free Flow Service ပေးဦးမှာ ဖြစ်ပါတယ်။

အကင်မှာ ဆိုရင်လည်း အချဉ်ကအစ တစ်ရက်စာတစ်ရက် လုပ်တာမလို့ သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစားတွေပဲ သုံးဆောင်ရမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ကားနဲ့ သွားရောက်သုံးဆောင်မယ့် သူတွေအတွက်တော့ ကားပါကင်ထားဖို့ နေရာကလည်း အကျယ် ကြီးပဲဆိုတော့ ဆိုင်ရောက်ရင် ပါကင်လေးထိုးပြီး အေးအေးဆေးဆေး ဝင်ရောက် သုံးဆောင်လို့ရပါတယ်။

ဒါကြောင့် မောက်ချိုက်ပဲစားစား၊ ကင်ပဲစားစား၊ အရသာ ထိထိမိမိနဲ့ သန့်သန့်ရှင်းရှင်းလေးစားချင်ရင် Po Tay Toe Mao Cai & BBQ ကိုသာ ရွေးချယ်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

The Myanmar Restaurant Guide


Read 894 times.