Bars & Pubs

30% Discount ပေးနေတဲ့ Table Hood Restaurant & Bar

January 26, 2023

အခုပြောပြပေးမယ့် ဆိုင်ကတော့ သူငယ်ချင်းတွေနဲ့ Chill ချင်သူတွေ ချစ်သူလေးနဲ့ပဲ Date ချင်သူတွေ၊  အလုပ်အေးဆေး လုပ်ချင်သူတွေအတွက် ကျောက်တံတားမြို့နယ်၊ ၃၆ လမ်း (အပေါ်ဘလောက်) မှာ ဖွင့်ထားတဲ့ Tablehood Restaurant & Bar ဆိုတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ 

ဆိုင်သစ်လေး ဖြစ်တဲ့အတွက် Soft Opening အနေနဲ့ လာရောက် စားသုံးသူတွေအတွက် ပရိုမိုးရှင်း အစီအစဉ်လေး ရှိနေပါသေးတယ်။ လာရောက်စားသုံးသူတွေအနေနဲ့ ဘယ်ဟင်းပွဲမဆို မှာယူတာနဲ့ 30% Discount ရရှိမှာ ဖြစ်ပါတယ်။

Click Here >>>  Meditech Co., Ltd.

ဆိုင်ကို မနက် ၁၀ နာရီကနေ ည ၁၁ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး ဆိုင်ပုံစံလေးက Bar ဆိုပေမယ့် တိတ်ဆိတ်အေးဆေးပြီး Classic ဆန်ဆန်လေးဆိုတော့ လာရောက်စားသုံးသူတွေအတွက် နားအေးပါးအေးစားသောက် အနားယူလို့ရမှာ ဖြစ်ပါတယ်။

ဒီဆိုင်လေးရဲ့ ထူးခြားတဲ့ Vibe လေးတစ်ခုကို ခံစားရင်း Asian နဲ့ European ဟင်းလျာများအပြင် တမူထူးခြား အရသာကောင်းမွန်လှတဲ့ Cocktails နဲ့ပါ တွဲဖက် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ Ccocktails ကို သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့ ညနေပိုင်းတွေမှာ မှာယူ ရရှိနိုင်ပါတယ်။

ဆိုင်သစ်လေးမှာ ရရှိမယ့် Menu တွေကတော့ -
ပုဇွန်မဆလာချက် ( Masala Prawns )
အိမ်ချက်ရှယ် ကြက်စတူး ( Braised Chicken )
ဆေးဘဲဥဟင်းနုနွယ်ရွက်ကြော် ( Stir Fry Spinach with Century Egg )
ဝက်ဂုတ်သားကင်သုပ် ( Grilled Pork Neck Salad )
ကညွတ်နှစ်တစ်ရာသီးကြော် ( Stir Fry Asparagus with Ginkgo Seeds  )
ကြက်ချိုချဉ်ကြော် ( Sweet & Sour Chicken )
ကြက်ကုန်းဘောင်ကြော် ( Kung Pao Chicken )
ဝက်မိုးခိုသားသုပ် ( Pork Tenderloin Salad )
ပုစွန်ခြောက်ဂေါ်ရခါးညွှန့်ကြော် ( Stir Fry Chayote Shoot with Dried Shrimps ) တို့ပဲ ဖြစ်ပါတယ်။ 

Restaurant and Bar ဆိုပေမယ့် အပူအစပ်ပါမှ စားချင်သူတွေအတွက်လည်း မာလာရှမ်းကောနဲ့ကြက်ချဉ် စပ်ကြော်တွေလည်း ရရှိပါသေးတယ်။

သောက်စရာအနေနဲ့ကတော့ Cocktails ကိုမှ ပုံစံအမျိုးမျိုးနဲ့ ရရှိမှာဖြစ်ပြီး Smoothies၊ Beer နဲ့ Soft Drinks အမျိုးမျိုးလဲ မှာယူသုံးဆောင်လို့ရမှာဖြစ်ပါတယ်။  

ဒါကြောင့် ဆိုင်ဖွင့်ပွဲအတွက် Discount လေးရှိတုန်း သူငယ်ချင်း၊ မိသားစု၊ ချစ်သူနဲ့ ဒိတ်ပြီး Tablehood  Restaurant & Bar ဆိုတဲ့ ဆိုင်သစ်လေးရဲ့ အေးချမ်းတိတ်ဆိတ်တဲ့ Vibe လေးကို ခံစားရအောင် လမ်းညွှန်ပေးလိုက်ပါတယ်။
 

The Myanmar Restaurant Guide


Read 1031 times.