Cafes & Restaurant

Seafoodတွေကို 50% off နဲ့ ရှယ်ဆွဲကြမယ်လေ

January 26, 2021

Seafood မစားရတာကြာလို့ တော်တော်လေး အာသီသဖြစ်နေပြီလား။ လုံးဝ အမိုက်စား Premium Seafood တွေကိုမှ စားချင်တယ်၊ ကြိုက်တတ်တယ် ဆိုတဲ့ သူတွေအတွက် စားတော်ပွဲက King-Sized Seafood Tray (Spanner Crab) ဗန်းတွေကို 50% Off နဲ့ ဇန်နဝါရီ လကုန်ထိ ရှယ်စားလို့ရပြီနော်။

စားတော်ပွဲရဲ့ Seafood Tray ထဲမှာဆိုရင်

  • ‌ရေဘဝဲ
  • ကဏန်း
  • ရေချိုပုစွန်
  • Spanner Crab
  • ဂုံးယောက်မ
  • ကင်းမွန်
  • ကမာ
  • ပြည်ကြီးငါး
  • Japan Scallop စတဲ့ ပင်လယ်စာ အစုံအလင် ပါတာကြောင့် အရမ်းမိုက်ပဲ။

အရသာ အနှစ်အနေနဲ့လည်း Mala, Tom Yum, Chili ဆိုပြီး (၃)မျိုးရှိတာမို့ ကိုယ်ကြိုက်တဲ့ အရသာကို ‌ရွေးချယ်ပြီး စားလို့ရပါတယ်။ Giant Tray နဲ့ King-Size Tray ဆိုပြီး များများစားမလား ပိုပြီး များများစားမလား ကြိုက်တဲ့ Size ကို မှာစားလို့ရတော့ ပိုပြီး အဆင်ပြေတာပေ့ါ။ အရင်တည်းက သွားစားမယ်ဆိုပြီး အခုထိ မစားဖြစ်သေးတဲ့သူတွေ ဒီ Promotionနဲ့မှ မစားဖြစ်ဘူးဆိုရင် အထာမကျ ဖြစ်သွားမှာပေါ့။ ပုံမှန်ဈေး (၄၈၀၀၀)ကျပ် လောက်ကျမယ့် Set Menu တွေကို 50% Off (၂၄၀၀၀)ကျပ်တည်းနဲ့ ရမယ်ဆိုတော့ တန်လွန်းအားကြီးနေပြီနော်။ ဆိုင်အနေအထားရော Serviceရော ကောင်းတယ်ဆိုတော့ ဒီလမကုန်ခင် Promotionနဲ့ ရှယ်ဆွဲဖို့ ဖန်တီးလိုက်ကြတော့ ဘော်ဒါတို့ရေ။

ဆိုင်လိပ်စာကတော့
အမှတ်၉၂၊ ရွှေတောင်တန်းလမ်း အလယ်ဘလောက် (၁၄လမ်းနဲ့ ၁၅လမ်းကြား) လမ်းမတော်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 775732137

အမှတ် (A+B) မေဥယျာဉ်အိမ်ယာ၊ ရတနာလမ်းမကြီး (ကျိုက္ကဆံဘုရားဘေး) ၊သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 776477755 တို့ပဲ ဖြစ်ပါတယ်။

 


Read 1879 times.