Cafes & Restaurant

December Promotion တွေပေးနေတဲ့ BBQ ဆိုင် (၅) ဆိုင်

December 12, 2022

Sweet December အတွက် ဘယ်စားသောက်ဆိုင်တွေကတော့ ဘယ်လို promotion တွေပေးနေလဲဆိုတာကို The Myanmar Restaurant Guide Website မှဖော်ပြပေးလိုက်ပါတယ်။

(1) THAI POT
ပထမဆုံးပြောပြပေးမယ့် ဆိုင်လေးကတော့ ကန်လမ်း၊ လှိုင်မြို့နယ်မှာရှိတဲ့ Thai Pot ဆိုတဲ့ဆိုင်လေး ပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ promotion အစီအစဉ်လေးကတော့ December Born လေးတွေအတွက် 20%OFF ပေးမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဒါ့အပြင် 10 ယောက်လာရင် 1 ယောက်စာ FREE ရမှာဖြစ်ပြီး 
နှင့် Cheese Free Flow ကိုမှ Unlimited Time ပါရရှိမှာဖြစ်ပါတယ်။ စျေးနှုန်းလေးတွေကတော့ လူကြီး ၂၀၉၀၀ကျပ်၊ ကလေး ၄-၇နှစ် ၉၀၀၀ကျပ်၊ ကလေး ၈-၁၁နှစ် ၁၁၀၀၀ကျပ် တို့ပဲဖြစ်ပါတယ်။

Address: အမှတ်(၄)၊ ကန်လမ်း ၊လှိုင်မြို့နယ်၊ ရန်ကုန်။
Ph: 095007997, 09260523688
Fb Link >>> THAI POT

(2) Manpuku Buffet Style
နောက်ထပ်ပြောပြပေးမယ့် ဆိုင်နာမည်လေးကတော့ Terminal M နှင့် Yankin မှာဖွင့်ထားတဲ့ Manpuku Buffet Style ဆိုတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ promotion အစီအစဉ်လေးတွေကတော့ ၈ ယောက်လာစားရင် ၁ ယောက် Free ရမယ့်အစီအစဉ်လေးအပြင် Happy Hour promotion အစီအစဉ်လေးလဲရှိမှာဖြစ်ပါတယ်။
Happy Hour promotion အစီအစဉ်ပုံစံလေးကတော့ အပတ်စဉ် တနင်္လာ မှ ကြာသပတေး (အများပြည်သူရုံးပိတ်ရက်များမပါ) နေ့လည်၁၁နာရီမှ ညနေ၅နာရီအထိ အချိန်အကန့်အသတ်မရှိ လာရောက်သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ Happy Hour ရဲ့ Last order မှာ (4:30pm) ဖြစ်ပြီး Beer, Lemon, sour, mango sour free flow သောက်သုံးခွင့်ကို (၁) နာရီခွဲသတ်မှတ်ထားပါတယ်။ 

၅နာရီနောက်ပိုင်းရောက်လာတဲ့ customer များအတွက်လဲ အပိုစားသုံးချိန် ၃၀မိနစ် အစီစဉ် ပုံမှန်သတ်မှတ်စားသုံးချိန် (1:30hr) + 30mins Bonus ပေးထားပါသေးတယ်။

Yankin Branch
Address: No(26/26B),Aung Zay Ya St၊ Kyouk Kone,Yankin Tsp 
Ph: 09961555977, 09961224147, 09975204365

Terminal M
G26/27
Address: No.196,No.3 Main Road,Yangon Industrial Zone,Mingalardon Township,Yangon
Ph: 09 256677144, 09256677188
Fb Link >>> Manpuku Buffet Style

(3) ရန်ကုန်အကင်ဆိုင်
နောက်ထပ်ဖော်ပြပေးမယ့် ဆိုင်နာမည်လေးကတော့ ရန်ကုန်အကင်ဆိုင် ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။
ဒီဆို်ငလေးရဲ့ ဒီဇင်ဘာလ ပရိုမိုးရှင်းအစီအစဉ်လေးကတော့ ကြားရက်တွေအတွက်
Lunch - ၁၀၅၀၀ကျပ်
Dinner - ၁၃၅၀၀ကျပ်

Weekend နဲ့ Public Holiday တွေအတွက်
Lunch - ၁၂၀၀၀ကျပ်
Dinner - ၁၅၀၀၀ကျပ်
(၄ယောက်နှင့်အထက် ဝိုင်းများအတွက် ပုဇွန်တန်ပူရာကြော် ဟင်းပွဲ လက်ဆောင်) ရရှိမှာဖြစ်ပါတယ်။
Hot Pot ဟင်းရည်အဖြစ် အချိုနှင့် တုန်ယမ်းနှစ်မျိုးမှ စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပြီး အသင့်စားသုံးနိုင်မည့် ဟင်းလျာများအဖြစ် သီးစုံ ထမင်းကြော်၊ ကြက်ဖတ်ကဖောင်ချက်၊ မလေးစတိုင် ဆန်ပြားကြော်၊ ကော်ပြန့်ကြွပ်ကြော်၊ ကိုက်လံခရုဆီ၊ ပန်းပွင့်ကြက်ဥကြော်  (Lunch Only) ဂဏန်းချဉ်စပ်ချက် (Dinner Only) တို့ ပါဝင်မှာ ဖြစ်ပါတယ်။ အချိုတည်းရန်နှင့် သောက်စရာအနေနဲ့ကတော့ Coca Cola, Sprite, Max+ Orange, ရေခဲမုန့်မျိုးစုံနှင့် ရာသီပေါ်အသီးတို့ကိုလည်း စိတ်ကြိုက် သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

Address: No. 226, Yangon Insein Road, near BarTar bus-stop Yangon
Ph: 09799465044
Fb Link >>> ရန်ကုန်အကင်ဆိုင်

(4) KKS B.B.Q
အခုပြောပြပေးမယ့် ဆိုင်လေးကတော့ ရွှေတောင်ကြားလမ်းမှာဖွင့်ထားတဲ့ KKS B.B.Q ဆိုတဲ့ဆိုင် လေးပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ပရိုမိုးရှင်းလေးကတော့ Dec 1ရက်နေ့မှ Dec 18 ရက်နေ့အထိ 
မနက် 11:00 am မှ ညနေ 4:00 pm အထိ Happy Hour အတွင်း လာရောက်သုံးဆောင်တဲ့ ဧည့်သည်တော်တိုင်းအတွက် 20% Discount ရရှိမှာဖြစ်ပါတယ်။

Address: L1, Shwe Taung Kyar Street, Bahan Township, Yangon.
Ph: 09 420000808
Fb Link >>> KKS B.B.Q

(5) Bamboo Korean BBQ Pyay Road
နောက်ဆုံးအနေနဲ့ ပြောပြပေးမယ့်ဆိုင်လေးကတော့ Bamboo Korean BBQ Pyay Road ဆိုင်လေးပဲဖြစ်ပါတယ်။ December born တွေအတွက် ဒီဇင်ဘာ တစ်လလုံး Bamboo မှာပဲ ရှိနေမယ့် Birthday Promotion ကြီးဖြစ်ပါတယ်။ Birthday Promotionပုံစံလေးကတော့ 
နှစ်ယောက်နဲ့အထက် လာမယ်ဆိုရင် 5% off Discount
လေးယောက်နဲ့ အထက် လာမယ်ဆိုရင် 10% off Discount ပေးမှာဖြစ်ပြီး
လူနည်းရင်လည်း တန်တယ်၊ လူများရင်လည်း တန်တယ်နော်လို့ပြောလို့ရပါတယ်။

Address: အင်းယားလမ်း နှင့် ပြည်လမ်းထောင့် ( Ruby Garden Hotel ) 
Ph:  09773773286
Fb Link >>> Bamboo Korean BBQ Pyay Road

ဒါ့ကြောင့် အေးချမ်းတဲ့ Sweet December မှာ အတန်ဆုံး December promotion လေးတွေနှင့်အတူ BBQ အကင်အဝစားဖို့ အထက်ဖော်ပြပါဆိုင်လေးတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။

The Myanmar Restaurant Guide
 


Read 482 times.