Bars & Pubs

Christmas ပိတ်ရက်လေးမှာ ပရိုးမိုးရှင်းတွေပေးနေတဲ့ ဒီဆိုင်လေးတွေမှာစားကြမယ်

December 20, 2022

အခုပြောပြပေးမယ့်ဆိုင်လေးတွေကတော့ Christmas ပိတ်ရက်လေးမှာ အပြင်ထွက်ပြီး မိသားစုတွေ၊ သူငယ်ချင်းတွေနှင့်အတူ အပြင်ထွက်ပြီး စားသောက်ကြမယ်ဆိုရင် စျေးသက်သက်သာသာနှင့် စားသောက်ချင်သူတွေအတွက် ဘယ်ဆိုင်လေးတွေမှာ စျေးသက်သာပြီး ပရိုမိုးရှင်းရှိတယ်ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။

(1) Time Off Cafe
ပထမဆုံးပြောပြပေးမယ်ဆိုင်လေးကတော့ မကြာသေးချင်ကမှ Food Volger တစ်ဦးရဲ့ review ကောင်းလေးရထားတဲ့  Time Off Cafe ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ပရိုမိုးရှင်း အစီအစဉ်လေးကတော့  Time Off Cafe ရဲ့ Menu အသစ်လေးဖြစ်တဲ့ Beef Steak နဲ့ Pan - Seared Chicken လေးကို အမှတ်တရအနေနဲ့စတင် Launch လုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် Christmas Dinner မှာချန်ထားလို့မရတဲ့ Wine လေးတစ်ခွက်လဲပါဦးမှာပါ။ 

ပရိုမိုးရှင်းပုံစံလေးတွေကတော့ -
- Save the Day dinner ticket
- Beef steak with a glass of wine - 18,000ks
- Pan-seared chicken with a glass of wine - 15,000ks
အရသာကိုလည်း ပိုမို ပိုလွင်စေဖို့ စနစ်တကျ ရွေးချယ်ထားတဲ့ ဝိုင်လေးတစ်ခွက်နဲ့ Steak ဆို Chicken ရယ် Beef ရယ် ၂မျိုးရှိတာဆိုတော့ စိတ်ကြိုက်ရွေးလို့ရမှာဖြစ်ပါတယ်။ ၂ ယောက်လာရင်လည်း Panna cotta တစ်ခွက်လဲ dessert အဖြစ်လက်ဆောင်ပေးအုံးမှာပါ။

Address - 12B Nat Mauk Lane 1, Bahan Township Yangon
Ph - 09442999305
Fb Link >>> Time Off Cafe

(2) Friday - BBQ & Restaurant
နောက်ထပ်ပြောပြပေးမယ့်ဆိုင်လေးကတော့ ဘီယာကို BBQ နဲ့မှ Chill ချင်တဲ့သူတွေအတွက်  မြောက်ဒဂုံ ၄၆ လမ်းဆုံအနီးမှာဖွင့် ထားတဲ့ Friday ဆိုတဲ့ BBQ & Restaurant ဆိုင်ပဲဖြစ်ပါတယ်။ 

ဒီဆိုင်ရဲ့ ပရိုမိုးရှင်းအစီအစဉ်လေးကတော့ Friday ရဲ့ ဟင်းပွဲလေးတွေအကုန်လုံးကို ဆိုင်မှာလာရောက်သုံးဆောင်မယ်ဆိုရင် 20% Off ရရှိမယ့် ပရိုမိုးရှင်း အစီအစဉ်လေးပဲဖြစ်ပါတယ်။

Address - 1049, ပြည်ထောင်စုလမ်းမကြီး၊ (46) လမ်းဆုံအနီး၊မြောက်ဒဂုံမြို့နယ်။
Ph: 09-768854944,09-952179995, 09-429066482,09-770744582
Fb Link >>> Friday - BBQ & Restaurant

(3) Black Canyon
နောက်ထပ်ဆိုင်လေးကတော့ ကျောက်တံတားမြို့နယ်မှာ ဖွင့်ထားတဲ့ Black Canyon ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။

Black Canyon ရဲ့ ပရိုမိုးရှင်းအစီအစဉ်လေးကတော့ Black Canyon (Sule) ဆိုင်ခွဲရဲ့ 15% Off Special Promotion လေးပေးမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းပုံစံလေးက ဟင်းပွဲတွေကိုပဲ သီးသန့်ချပေးထားမှာဖြစ်ပါတယ်။

Address: No.118, Ground Floor, First Quarter, Sule Pagoda Road, Kyauktada Township, Yangon.
Ph :09 262599930
Fb Link >>> Black Canyon Myanmar

(4) Spicy Hot Pot
ဒီဆိုင်နာမည်လေးကတော့ Spicy Hot Pot ဖြစ်ပြီး ဗဟန်းမြို့နယ်မှာဖွင့်ထားတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။

Spicy Hot Pot ဆိုင်ရဲ့ ပရိုမိုးရှင်းအစီအစဉ်လေးကတော့ ဒီဇင်ဘာလကုန်ထိ Extra 30 Mins လက်ဆောင်နှင့် Beer Buy 1 Glass Get 1 Glass Free ရရှိမှာဖြစ်ပါတယ်။ 

ပရိုမိုးရှင်းပေးတဲ့အချိန်လေးကိုတော့ ကန့်သတ်ထားပါတယ်။ 11AM to 4PM အတွင်းကို 18,900+ Ks (မန်ဘာကတ်အသုံးပြုမရပါ)နှင့် 4PM to 10PM အတွင်းကို 21,800+ Ks (မန်ဘာကတ်အသုံးပြုလို့ရပါသည်) တို့ဖြစ်ပါတယ်။ ဒါ့အပြင် Birthday Month Promotion - 5% off လဲပေးထားပါသေးတယ်။(မှတ်ပုံတင်နှင့်မန်ဘာကတ် ယူလာရပါမယ်)

Address - ဆရာစံဆိုင်ခွဲလိပ်စာ - အမှတ် (၅၉)၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ (SP bakery ရှေ့) 
Ph: 09 778 711 711, 09 779 711 711
Fb Link >>> Spicy Hot Pot

(5) White Cottage Restaurant & Beer Garden
နောက်ဆုံးပြောပြပေးမယ့်ဆိုင်နာမည်လေးကတော့ White Cottage Restaurant & Beer Garden ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ ပရိုမိုးရှင်းအစီအစဉ်လေးကတော့ တစ်ဝိုင်းကိုအနည်းဆုံး ၁၀၀,၀၀၀ ကျပ်ဖိုးကျတာနှင့် Heineken (1) Tower လက်ဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Heineken & Tiger စည်ဘီယာတွေကိုလည်း special လျှော့စျေးတွေနဲ့ သုံးဆောင်ရမှာဖြစ်ပါတယ်။

Address - 6, Kanbawza Street, Bahan Township Yangon
Ph: 09 44643 2977
Fb Link  >>> White Cottage Restaurant & Beer Garden 


Read 364 times.