Up-to-date News

Bartender ဖြစ်ချင်သူများအတွက် ငွေကျပ် (၅၀,၀၀၀) လျှော့ဈေးနဲ့ သင်တန်းတက်နိုင်မယ့် အခွင့်အရေး

November 30, 2020

ပွင့်လင်မြင်သာတဲ့ ခေတ်ကာလတစ်ခု ရောက်ခဲ့ပြီးတဲ့နောက်မှာ လူငယ်တော်တော်များများကြား ဘားထိုင်တဲ့ အလေ့အထတစ်ခုဟာလည်း ခေတ်စားလာခဲ့ပါတယ်။ ဘားထိုင်တဲ့အခါ တရားလွန် မူးပြဲတဲ့အထိ သောက်ကြတာမျိုး မဟုတ်ဘဲ ဘော်ဒါတွေစုပြီး စကားလက်ဆုံပြောလိုက်၊ တစ်ငုံလောက် သောက်လိုက် အမြည်လေးတို့လိုက် လုပ်ရင်း Chill ကြတာမျိုးပေါ့။

ဒီလိုမျိုး ဘားယဉ်ကျေးမှု ဝင်ရောက်လာတာနဲ့အညီ Bartending လုပ်ငန်းနဲ့ အသက်မွေးချင်ကြတဲ့ သူတွေ၊ Bartender ဖြစ်ဖို့ ဝါသနာပါလာကြတဲ့ လူငယ်တွေ တော်တော်များများလည်း ရှိလာကြပါတယ်။ နာမည်ကြီးတဲ့ ဘားအများစုမှာလည်း Bartender ရာထူးအတွက်ကို အထူးအလေးပေး ခေါ်ယူကြလာတာကိုလည်း တွေ့ရပါတယ်။

Montreal to let bars serve alcohol until sunrise starting in June - The  Globe and Mail

ဒါ့အပြင် Bartender သင်တန်းတွေလည်း အလျှိလျှိ ပေါ်ပေါက်လာပြီး Professional အလုပ်တစ်ခုလို လုပ်ကိုင်လာကြပါတယ်။ ယခုလို ကိုဗစ်ကာလမှာတော့ Bar နဲ့ စားသောက်ဆိုင်တွေ ပိတ်သိမ်းထားရတာကြောင့် Bartending သင်တန်းတွေ ခေတ္တ ပိတ်သိမ်းထားခဲ့ပေမယ့် အခု MIHS ဟိုတယ်နဲ့ Bartender သင်တန်းကျောင်းကနေ Bartender ဖြစ်လိုသူ လူငယ်များအတွက် သင်တန်းလေးတစ်ခု ပြန်လည် ဖွင့်လှစ်ပေးနေပြီ ဖြစ်ပါတယ်။

MIHS သင်တန်းကျောင်းရဲ့ Special Bartending Course and Bar Management တန်းခွဲအသစ်တစ်ခု ဖြစ်ပြီးတော့ Bartending လုပ်ငန်းနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်သူတွေ၊ အပျော်စီး သင်္ဘောများပေါ်မှာ အလုပ်လုပ်ကိုင်ချင်သူတွေ၊ အဆင့်မြင့် ဘားနဲ့ စားသောက်ဆိုင်များမှာ အလုပ် လုပ်ကိုင်လိုသူတွေအတွက် ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။

ဒီသင်တန်းလေးကိုတော့ ယခုလာမယ့် ဒီဇင်ဘာလ (၁၂)ရက်၊ ၂၀၂၀မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီးတော့ ပရိုမိုးရှင်းအနေနဲ့ ယနေ့မှ စ၍ ဒီဇင်ဘာ (၉) ရက်နေ့အတွင်း သင်တန်းလာရောက် အပ်နှံသူများကို ငွေကျပ် (၅၀,၀၀၀) အထိ လျှော့ဈေးတွေ ပေးသွားမယ်လို့ သိရပါတယ်။

Sebastian Wrażeń - Professional Bartender (PROMO) - YouTube

သင်တန်းမှာ သင်ကြားပေးသွားမယ့် ဘာသာရပ်များကတော့ …

1.Bar Management
2.Bar Orientation
3. POS (Point Of Sale)
4.Tools of the Trade(Bar Equipment)
5.Glassware
6.Liquor Knowledge
7.Speed Pouring
8.Basic & Combination Drinks
9.Infused Drinks
10.How to use Siphon (Coffee/Soda/Cream)
11.Art of pouring Beer
12.Beer Knowledge
13.Wine Knowledge
14.Wine Tasting
15.Art of Shaking
16.Mixing Techniques
17.Shots
18.Fire Drinks
19.Blended Drinks
20.Layered Drinks
21. Preparation of Shisha
22.How to make Dehydrated Garnish
23.Cooking Syrups for Cocktails
24.Bar Inventory Management

သင်တန်းကာလမှာ အချိန် (၁)လခွဲခန့် ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းချိန်ကတော့ နံနက် (၉း၃၀) မှ နေ့လည် (၂း၀၀) အထိ ဖြစ်ပါတယ်။ အပတ်စဉ် စနေ၊ တနင်္ဂနွေနဲ့ တနင်္လာနေ့တိုင်းမှာ သင်ကြားပေးသွားမှာ ဖြစ်ပြီး လူဦးရေကန့်သတ်ထားတယ်လို့ သိရပါတယ်။

သင်တန်းနဲ့ ပတ်သက်ပြီး စုံစမ်းချင်တယ်ဆိုရင်တော့
လိပ်စာ - အမှတ် (၃၇)၊ မြေညီထပ်၊ အသောက လမ်းမကြီး၊ အသောက မှတ်တိုင်အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 444 478 726 , 09 955 522 527

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ဘား (၆၉၄) ဆိုင်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက် ရှာဖွေနိုင်ပါတယ်။
https://bit.ly/36mr8Th


Read 1229 times.