Bars & Pubs

ဗိုလ်တထောင်ကမ်းနားမှာ နေဝင်ချိန်အလှကို ခံစားရင်း အပန်းဖြေနိုင်မယ့် ရေပေါ်စားသောက်ဆိုင်

February 17, 2024

ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော အပန်းဖြေသင်္ဘောပေါ်က ရေပေါ်စားသောက်ဆိုင် The Love Boat ကို ရောက်ဖူးကြလား?

မွန်းကြပ်မှုတွေများလှတဲ့ ဒီလိုအချိန်မှာ ကမ်းနား View နဲ့ ရန်ကုန်မြစ်ကြီးကို အနီးကပ်မြင်တွေ့ရမယ့် ဆိုင်မှာ စားကောင်းသောက်ဖွယ်တွေ စားရင်း စိတ်အပန်းဖြေနိုင်ပါတယ်။ မြစ်ထဲမှာ ကူးလူးသွားလာနေတဲ့ စက်လှေလေးတွေရယ်၊ နေဝင်ချိန်ရှုခင်းအလှရယ်၊ ကမ်းနားက Container ကြီးတွေရယ်နဲ့ဆိုတော့ View ကတော့ လုံး၀အလွင့်ပေါ့။

သင်္ဘောပေါ်မှာ လေလေးတဖြူးဖြူးနဲ့ဆိုတော့ မိသားစုတွေ သွားစားရင် ဒါမှမဟုတ် ချစ်သူနှစ်ဦး ကြည်ကြည်နူးနူး Dinner Date မယ်ဆိုလည်း အဆင်ပြေတဲ့ဆိုင်ပါ။ မွေးနေ့ပွဲနဲ့ တခြား Event တွေ လုပ်မယ်ဆိုရင်လည်း နေရာလေးက မိုက်ပါတယ်။

တချို့က ဒီဆိုင်ကို သွားရင် သင်္ဘောပေါ်တက်ဖို့ ဝင်ကြေးပေးရတယ် ထင်ကြပါတယ်။ တကယ်က ဘာဝင်ကြေးမှ ပေးစရာ မလိုပါဘူးနော်။ သင်္ဘောက (၃) ထပ်ရှိပြီး အပေါ်ဆုံးထပ်ကတော့ View ပိုမိုက်ပါတယ်။ အပေါ်ဆုံးထပ်မှာ ထိုင်မယ်ဆိုရင်တော့ ညနေစောင်းမှ သွားတာ ပိုကောင်းပါတယ်။ မဟုတ်ရင် နေပူတဲ့ဒဏ်နဲ့ အေးဆေးထိုင်နိုင်မှာ မဟုတ်ပါဘူး။ 

ဒီဆိုင်မှာ တရုတ်နဲ့ ထိုင်းဟင်းလျာတွေ၊ Seafood တွေ၊ အမြည်းတွေ၊ BBQ အကင်တွေ၊ Fresh Juice နဲ့ Beer၊ Cocktail၊ Wine အစုံရပါတယ်။ သူ့ဆိုင်မှာ မြေအိုးဘီယာလည်း ရပါသေးတယ်။ အစားအသောက် စျေးနှုန်းကတော့ ပုံမှန်ဆိုင်တွေထက်တော့ စျေးများပါတယ်။ 

ပြီးတော့ ညနေတိုင်း Music Band တွေရဲ့ Live သီဆိုဖျော်ဖြေမှုလည်းရှိတာကြောင့် သီချင်းလေးနားထောင်ရင်း Chill လို့ရပါသေးတယ်။ 

နောက်ပြီး သင်္ဘောပေါ်မှာ မွေးနေ့လုပ်ချင်တဲ့ February Born တွေအတွက် မွေးနေ့ရှင်ရဲ့ မှတ်ပုံတင်ကတ်ပြပြီး မွေးနေ့ပွဲကျင်းပမယ်ဆို Red Label (၁) လုံး (သို့) Black Label (သို့) CHIVAS 1 လုံး (သို့) Beer 1 Tower ကို ကိုယ်ကြိုက်ရာ လက်ဆောင်ရယူနိုင်ပါတယ်။

လိပ်စာ - ဗိုလ်တထောင်ညစျေးတန်း၊ ဆိပ်ခံတံတားအမှတ်(၅)

ဖုန်း - 09773399500

ဆိုင်ဖွင့်ချိန် - နေ့ခင်း ၂ နာရီကနေ ည ၁၁ နာရီအထိ


Read 315 times.