Bars & Pubs

ဗန္ဓုလတံတားအောက်က ကမ်းနား View နဲ့ ထိုင်လို့ကောင်းတဲ့ The Creek

January 10, 2024

မြို့ပြင်ထွက်မှ ရနိုင်တဲ့ Vibe မျိုးကို မြို့ထဲမှာတင် ရချင်တာဆိုရင် မဟာဗန္ဓုလတံတားအောက်က The Creek ဆိုတဲ့ ဆိုင်လေးကို ညွှန်ပေးချင်ပါတယ်။ သူ့ဆိုင်က တံတားအောက်မှာဖြစ်သလို ပုစွန်တောင်ချောင်းဘေးမှာရှိတာဖြစ်တဲ့အတွက် ညနေစောင်း ဘော်ဒါတွေစုပြီး စားသောက်ရင်း အချိန်ကုန်ဆုံးဖို့ အကောင်းဆုံး နေရာတစ်ခုပါ။ Unplugged ကြောင့် သူငယ်ချင်းတွေ စကားအေးဆေးမပြောရလို့ ငြီးနေတဲ့သူတွေအတွက်လည်း ရွေးချယ်သင့်တဲ့ နားအေးပါးအေး ဆိုင်မျိုးပါ။ 

ဆိုင်ပုံစံက ကျယ်ဝန်းတဲ့ Outdoor Area မှာ ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက် မြို့ထဲမှာ ထိုင်ဖူးနေကျ ဆိုင်တွေလိုမဟုတ်ဘဲ Open Type နဲ့မို့ လွတ်လပ်မှုကို ခံစားရစေပါတယ်။ စားဝိုင်းလေးတွေကိုလည်း ဓနိမိုး မိုးထားတဲ့ တဲလေးတွေအဖြစ် ပြင်ဆင်ပေးထားပါတယ်။ ပုစွန်တောင်ချောင်းရဲ့ ဘေးကပ်ရပ်မှာ ရှိတဲ့အတွက် ကမ်းနား View မှာ သူငယ်ချင်းအုပ်စုတွေ ဂီတာတီးပြီး သီချင်းဆိုချင်လည်း ရပါတယ်။

ဒီဆိုင်လေးမှာ ထိုင်ရင် အေးချမ်းတိတ်ဆိတ်မှုနဲ့ နေဝင်ဆည်းဆာအလှကို မြင်တွေ့ခံစားနိုင်ပါတယ်။ မနက်ပိုင်းထက် ညနေဘက်ဆို Fairy Lights တွေနဲ့ အလှဆင်ထားတာဖြစ်တဲ့အတွက် Vibe က ပိုမိုက်ပါတယ်။ ဒါပေမဲ့ Outdoor Area လည်းဖြစ်၊ ချောင်းနဲ့လည်း နီးတော့ ခြင်ကိုက်ပါတယ်။ ဆိုင်ကတော့ ခြင်ပြေးဆေး ဖြန်းပေးပါတယ်။ 

The Creek မှာ ရနိုင်တဲ့ အစားအသောက်မီနူးတွေကတော့ -

- BBQ အကင်စုံစုံလင်လင် 

- တရုတ်စာဟင်းလျာတွေ

- ယိုးဒယား ဟင်းလျာတွေ

- ပင်လယ်စာဟင်းလျာတွေ

- ထမင်းကြော်မီနူးအစုံ

- အကြော်/အထောင်း/အသုပ် စတဲ့ အမြည်းစုံစုံလင်လင်နဲ့

- ဘီယာ တို့ဖြစ်ပါတယ်။

Seafood ကြိုက်ရင် Seafood ကွန့်ထန်နဲ့ Seafood ဗန်း ( Mala / Tom Yum / ရခိုင် ) အရသာ ၃ မျိုး ရပါတယ်။ ငါးကြိုက်တဲ့သူဆို Shang Hai ငါးကုန်းဘောင်/ ငါးနှစ်မျက်နှာ/ ငါးကင်/ ငါးသံပရာပေါင်း/ ငါးသားချောင်းကြော်တို့ကို ရွေးချယ်နိုင်ပါတယ်။ 

အထောင်းမှာဆို ဆိတ်လက်ဖက်ထောင်း/ ဆိတ်ကချင်ထောင်းတို့ မြည်းစမ်းကြည့်ပါ။ ဘီယာလေးနဲ့ မြည်းဖို့အတွက် ကြက်အစုံကြော်/ ဝက်သုံးထပ်သားကြော်/ ဝက်ဂုတ်သားကင်/ ကြက်ဒူးဆစ်ကြော်/ ကြက်အရေခွံ ( မာလာ/ ပျားရည်စမ်း)/ ပိုးစာကြော်/ ငုံးကြော် တို့ရပါတယ်။ 

အကင်ကတော့ ညနေငါးနာရီမှ စရတာပါ။ မီနူးစျေးနှုန်းတွေကတော့ စျေးကြီးတဲ့ထဲ ပါပါတယ်။ လက်ထဲ ပိုက်ဆံအိတ်ဖောင်းနေမှ သွားသင့်တဲ့ ဆိုင်မျိုးပါ။ ချစ်ရသူနဲ့အတူ အလှမီးဆင်ထားတဲ့ ဓနိတဲအောက်မှာ Dinner Date လေး လုပ်ချင်တာမျိုး၊ ဘော်ဒါတွေ စုပြီး လွတ်လွတ်လပ်လပ် Chill ချင်တာမျိုးဆို အဆင်ပြေပါတယ်။

Opening Hours : 10am to 10pm 

Phone :09443344389 

Address : အောက်ပုဇွန်တောင်လမ်းမကြီး၊ နံ့သာဖြူလမ်း၊ ပုဇွန်တောင်မြို့နယ်။ (အနီးဆုံး ပုဇွန်တောင် Ocean အနီး၊ မဟာဗန္ဓုလတံတားအောက်)
 


Read 5217 times.