Up to 20% OFF

16% Off အထိ ပရိုမိုးရှင်း ရှိတဲ့ Hotpot Paradise မှ ဟော့ပေါ့ဘူဖေး

September 5, 2023

ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် ဟော့ပေါ့ဘူဖေးရတဲ့ ဘက်ခြမ်းမှာပဲ နေမယ့် Foodie တွေရေ Hotpot Paradise ကနေ ဟော့ပေါ့ဘူဖေး အ၀စားကိုမှ 16% အထိ ပရိုမိုးရှင်း ပေးနေတယ်ဆိုတာ သိပြီးကြပြီလား။ မိုးလေးတဖွဲဖွဲ ဟော့ပေါ့အသည်းစွဲဆိုရင်တော့ ရက်အကန့်အသတ်မရှိတဲ့ Hotpot Paradise မှ ပရိုမိုးရှင်းအကြောင်းကို အောက်မှာ ဆက်ဖတ်ကြည့်ကြနော်။

Hotpot Paradise မှာ Regular Fun နဲ့ Seafood Lover ဆိုပြီး ဘူဖေးအမျိုးအစား (၂) မျိုး ရှိပါတယ်။ Regular Fun မှာ ဘာတွေ ပါမလဲ၊ စျေးနှုန်းက ဘယ်လောက်လဲ?

Regular Fun မှာ ကြက်သားလွှာ၊ ကြက်မဲသားလွှာ၊ ကြက်သားနှပ်၊ ကြက်သားလုံး၊ ကြက်အူချောင်း၊ ချိးစ်ကြက်အူချောင်း၊ ကြက်ဆင်၊ ဝက်သုံးထပ်သား၊ ဝက်ဂုတ်သား၊ ဝက်မှိုလုံး၊ အမဲသား၊ အမဲသားလုံး တို့ပါဝင်ပါတယ်။ ပင်လယ်စာ မကြိုက်တဲ့ သူတွေ၊ ပင်လယ်စာနဲ့ မတည့်တဲ့သူတွေ ရွေးကြပါတယ်။ စျေးနှုန်းကတော့ ၁၈,၃၀၀ ကျပ် သတ်မှတ်ထားပါတယ်။ အခု ပရိုမိုးရှင်းကတော့ -

  • (၁) ယောက်တည်း သွားစားမယ်ဆို 5% - 17,385+ 

  • (၂) ယောက်တည်း သွားစားမယ်ဆို 9% - 16,653+

  • (၃) ယောက်တည်း သွားစားမယ်ဆို 13% - 15,921+

  • (၄) ယောက်တည်း သွားစားမယ်ဆို 16% - 15,372+ အသီးသီး စျေးလျှော့ပေးထားပါတယ်။

  •      Advertisement

    Click Here > ATT

Seafood Lover မှာ ဘာတွေ ပါမလဲ၊ စျေးနှုန်းက ဘယ်လောက်လဲ?

Seafood Lover မှာ ပုဇွန်၊ ကင်းမွန်၊ ဒိုရီငါး၊ ဂုံးစိမ်း၊ ဂုံးယပ်တောင်၊ ငါးအိုးစည်၊ ချီးစ်ငါးတို့ဟူး၊ ပြည်ကြီးငါးလုံး၊ ပုဇွန်ဥ၊ ငါးသားလုံး၊ ပုဇွန်ဖက်ထုပ်၊ ဂဏာန်းအသားချောင်းတို့နဲ့ ပင်လယ်စာအစုံဗန်း ပါဝင်ပါတယ်။ စျေးနှုန်းကိုတော့ ၁၉,၉၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ၁၉,၉၀၀ တန်ဘူဖေး စားရင် ၁၈,၃၀၀ တန် Regular Fun က မီနူးတိုင်းကို စားလို့ရပါတယ်။ 

  • (၁) ယောက်တည်း သွားစားမယ်ဆို 5% - 18,905+

  • (၂) ယောက်တည်း သွားစားမယ်ဆို 9% - 18,109+

  • (၃) ယောက်တည်း သွားစားမယ်ဆို 13% - 17,313+

  • (၄) ယောက်တည်း သွားစားမယ်ဆို 16% - 16,716+ အသီးသီး စျေးလျှော့ပေးထားပါတယ်။

ဟော့ပေါ့ဘူးဖေး (၂) မျိုးလုံးမှာ ပါဝင်တဲ့ အသီးအရွက်၊ တခြား စားသောက်ဖွယ်နဲ့ သောက်စရာ အအေးများ

အသီးအရွက်အစုံ - အပ်မှို၊ မှိုဘုရင်၊ ကြွက်နားရွက်၊ ပိန်းဥ၊ မုန့်ညှင်းဖြူ၊ ဘေဘီကွန်း၊ ပြောင်းဖူး၊ ဂျပန်ပဲပြား၊ ကြာစွယ်၊ ကန်စွန်းရွက်၊ ကြက်ဥ၊ မုန့်ညှင်းစိမ်း၊ ပဲလိပ်ခြောက်၊ ပဲလိပ်ကြော်၊ အာလူး၊ ရွှေဖရုံသီး၊ မုန်လာဥနီ

Side Dish - ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ မားမားခေါက်ဆွဲကြော်၊ သင်္ဘောသီးထောင်း

အအေး - ကိုကာကိုလာ၊ Sprite၊ လိမ္မော်ရည်

ဟော့ပေါ့အရည် - တုံယမ်း၊ မာလာ၊ အချို၊ အစပ် စသဖြင့် ရွေးချယ်စရာတွေ များပါတယ်။

အချိန်ကန့်သတ်ချက် မရှိတဲ့ ဘူဖေးအ၀စားဖြစ်တဲ့အတွက် မ၀မချင်း စားလို့ရသလို ဖြေးဖြေးချင်း အစာကြေမှ ထပ်စားလည်း ရတယ်နော်။

Makro ရောက်လို့ ဈေးဝယ်ရင်း ဗိုက်စာလို့ပဲဖြစ်ဖြစ် ရာသီဥတုနဲ့ လိုက်ဖက်နေလို့ ဟော့ပေါ့စားချင်ရင်ဖြစ်ဖြစ် ပရိုမိုးရှင်းပေးနေတုန်းလေးတဖြတ် သူငယ်ချင်းတွေနဲ့အတူ သွားစားလိုက်ကြဦးနော်။ 

Makro Wholesale Myanmar

လိပ်စာ - အမှတ် - ၃၂၂၊ ပုဇွန်ထောင်အထက်လမ်းမ၊ စက်ဆန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်

ဖုန်း - 09-777005067, 09-750800446, 09-777200702


Read 399 times.