Cafes & Restaurant

ကန်တော်ကြီး Lake View နဲ့ Tom Yam Koong မှာ 20% Off ညစာစားမယ်

March 5, 2024

ဒီဆိုင်လေးက မိသားစုနဲ့ ထမင်းလက်ဆုံစားချင်သူတွေ၊ ထိုင်းအရသာစစ်စစ်ရတဲ့ ဟင်းပွဲတွေကို မြည်းစမ်းကြည့်ချင်သူတွေ၊ ကန်တော်ကြီးရေပြင်ကျယ်ကြီးကို လှမ်းငေးရင်း Relax လုပ်ချင်သူတွေ ရွေးချယ်သင့်တဲ့ ဆိုင်မျိုးပါ။ Tom Yam Koong ဆိုင်ဟာ ဖွင့်လာတာလည်း (၁၀) စုနှစ်တစ်ခုကို ကျော်လာပြီဖြစ်ပြီး Authentic Thai Taste အပြည့်အဝခံစားရစေမယ့် ထိုင်းစာဖိုမှူးကြီးတွေရဲ့ လက်ရာကြောင့် စားသုံသူတွေ နှစ်သက်တဲ့ ထိုင်းစားသောက်ဆိုင်ပါ။ ပရိုမိုးရှင်းပေးတာ ရှားတဲ့ ဒီဆိုင်လေးက အခုတော့ Food Menu အာလုံးကို 20% Off ပရိုမိုးရှင်း ပေးထားပါတယ်။

 

ဆိုင်လေးက လေဝင်လေထွက်ကောင်းပြီး နေရာထိုင်ခင်းလည်း ကျယ်ဝန်းပါတယ်။ ဒီဆိုင်မှာက အေးအေးဆေးဆေး အနားယူပြီး စားသောက်ချင်သူတွေအတွက် မှန်လုံအဲကွန်းခန်းလေးထဲမှာ ထိုင်လို့ရသလို အပြင်ဘက်မှာလည်း ကန်တော်ကြီး Lake View ကို ကြည့်ရင်း သဘာ၀လေနုအေးကို ခံစာလို့ရမယ့် ဝိုင်းလေးတွေရှိပါတယ်။

 

ဆိုင်အပြင်အဆင်က လူငယ်၊ လူကြီးမရွေး ကြိုက်ကြတဲ့ အငြိမ် Vibe ရတဲ့ ဆိုင်လေးပါ။ ကားရပ်ဖို့နေရာအတွက် ကားပါကင်လည်း ရှိပါတယ်။ Semi-Fine dining ဆိုင်လေးဖြစ်တဲ့အတွက် အလုပ်ကိစ္စအတွက် အရေးကြီးတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံရမယ်ဆိုရင် ဒီဆိုင်လေးကို ရွေးချယ်လို့ရပါတယ်။ 

 

အစားအသောက်ပိုင်းကို ပြောရမယ်ဆိုရင် ဒီဆိုင်မှာက မနက်စာမှ ညစာအထိ တစ်နေရာတည်း စုံလင်စွာ ထိုင်းအစားအသောက်ကောင်းကောင်းလေးတွေကို သုံးဆောင်နိုင်ပါတယ်။ မနက်စာမှာဆို မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ပဲပြုတ်ထမင်းဆီဆမ်း၊ ရှမ်းခေါက်ဆွဲ၊ မြှီးရှည်၊ ဆန်စီး၊ ဆန်ပြားသုပ်၊ မြန်မာထမင်းသုပ်၊ လက်ဖက်ထမင်း၊  ငပိထမင်း၊ ပုန်းရည်ကြီးထမင်း၊ ဒင်မ်ဆမ်း၊ ကော်ဖီ၊ လက်ဖက်ရည် စတဲ့ မနက်ခင်းစာတွေ ရပါတယ်။ ဒင်မ်ဆမ်းက ပူပူနွေးနွေးလေးနဲ့ အရသာအိအိလေး စားစေချင်လို့ ၁၂ နာရီလောက်အထိပဲ ရပါတယ်နော်။ 

 

နေ့လည်စာနဲ့ ညစာအတွက်ကျတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဟင်းလျာတွေ၊ ထိမိဂွိဖြစ်စေမယ့် ထိုင်းစတိုင် ချဉ်ငံစပ် အထောင်းနဲ့ အသုပ်မီနူးလေးတွေ၊ အရည်သောက်တွေ၊ အကြော်အလှော်တို့အပြင် ထိုင်းအချိုပွဲတွေကိုလည်း စားသုံးနိုင်ပါတယ်။ ထိုင်းစတိုင် အုန်းနို့ချက်ဟင်းလျာတွေဆို အုန်းနို့အရသာ အီဆိမ့်နေတာမျိုး ကြိုက်တဲ့သူတွေနဲ့ လုံး၀အံကိုက်ပါပဲ။ 

 

ဆိုင်ရောက်ရင် Signature Menu လို့ပြောလို့ရတဲ့ ထိုင်းလက်ရာစစ်စစ် “ယိုးဒယားငါးပိထောင်း” လေးကိုတော့ မပါမဖြစ် စားကြည့်ခဲ့ပါ။ Thai Drama ထဲမှာ မြင်ဖူးနေကျပုံစံအတိုင်း ငရုတ်ဆုံ အသေးလေးထဲ စပယ်ရှယ်ထောင်းထားတဲ့ ပျစ်ပျစ်နှစ်နှစ် ငပိထောင်းလေး ထည့်ထားပြီး ဘေးနားမှာ ငါးကြော်လေးတွေရယ်၊ အတို့အမြှပ် အသီးအရွက်ပြုတ်လေးတွေရယ်၊ အစပ်ပြေတွဲဖက်စားဖို့ ဆူးပုတ်ရွက်ကြက်ဥကြော်လေးရယ်ပါ စီစဉ်ပေးထားတော့ အဆင်ပြေနေရောပဲ။   

 

တစ်နေ့တာ အလုပ်ပြီးလို့ ညနေခင်းမှာ ကန်တော်ကြီး View နဲ့ Sunset ကြည့်ရင်း Chill မယ်ဆိုရင် ဘီယာနဲ့ အကင်က အလိုက်ဖက်ဆုံးပေါ့။ Tom Yam Koong မှာ ပုစွန်ကင်၊ ကြက်ကင်မွှေး၊ ဝက်ဂုတ်သားဒုတ်ထိုးကင်၊ ဝက်ဂုတ်သားပြားကင်၊ ဆာတေး၊ အသားလုံးကင် စတဲ့ ပူပူနွေးနွေး BBQ လေးတွေကို Thai Saue နဲ့ မြည်းစမ်းကြည့်ပါ။ သူ့ဆိုင်မှာ သောက်စရာအနေနဲ့ Beer အပြင် Cocktail၊ Fruit Juice၊ Smoothie နဲ့ Soda Drinks တွေ ရပါသေးတယ်။    

 

ရွေးချယ်စရာများပြားတဲ့ မီနူးအစုံနဲ့ သက်တောင့်သက်သာရှိတဲ့ ဆိုင်နေရာထိုင်ခင်းရှိတဲ့ Tom Yam Koong  ဆိုင်လေးမှာ ညနေ (၆) နာရီကျော်တာနဲ့ Food Menu တွေအားလုံးကို 20% Off ပေးထားတဲ့ Happy Hour Promotion လေးရှိပါတယ်။ ဘယ်ရက်ထိပဲဆိုတာမျိုး လောလောဆယ် ကန့်သတ်ထားတာမျိုးတော့ မရှိသေးပါဘူး။ ဒါကြောင့် ပရိုမိုးရှင်းရှိတုန်းလေး ထိုင်းစားကောင်းကောင်းလေးတွေကို ညစာအဖြစ် Tom Yam Koong မှာ သွားစားလိုက်တော့နော်။ 

 

ဆိုင်ခွဲ (၁) 
အသံလွှင့်ရုံလမ်း၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့
Phone - 09-977222034, 09-977222058

 

ဆိုင်ခွဲ (၂) 
နံပါတ် ၄၄ (B)၊ နတ်မောက်လမ်း၊ဗဟန်းမြို့နယ် ၊ရန်ကုန်မြို့
Phone - 09-977222030, 09-977222049

 

ဆိုင်ခွဲ (၃)
Sule Square၊ 2nd Floor၊ ဆူးလေဘုရားလမ်း၊ ပန်းဘဲတန်းမြို့နယ်
Phone - 09960011466


Read 686 times.