Cafes & Restaurant

ယူနန်စတိုင်ဟင်းလျာတွေ အစုံရတဲ့ MK BBQ & Restaurant ရဲ့ 20% off

February 3, 2024

ယူနန်ဟင်းပွဲတွေ၊ မာလာစီချွမ်ဟင်းပွဲတွေ စုံစုံလင်လင်ရတဲ့ ဆိုင်ကောင်းကောင်းလေးတစ်ခု ရှာနေတယ်ဆိုရင် ရန်ကင်းဘက်က MK BBQ & Restaurant ဆိုတဲ့ ဆိုင်လေး ရှိပါမယ်။ သူ့ဆိုင်မှာ မနက်စာ၊ နေ့လယ်စာ၊ ညစာအတွက် ရွေးချယ်စရာ မီနူးတွေ၊ ဟင်းလျာတွေ တော်တော်စုံပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ သွားစားရင် 20% Off ပရိုမိုးရှင်းလည်း ရဦးမှာပါ။  

ဆိုင်အပြင်အဆင်
=========
ဆိုင်ကလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ စိမ်းစိမ်းစိုစို သစ်ပင်ပန်းမန်တွေ ရှိတာမို့ အမြင်အေးပြီး မိသားစုတွေ၊ သူငယ်ချင်းတွေ စုပြီး ထိုင်လို့ကောင်းတဲ့ ဆိုင်မို့ မျှဝေပေးတာ ဖြစ်ပါတယ်။ ကားပါကင်နေရာလည်း သီးသန့်ရှိပြီး ဆိုင်ထိုင်ဖို့ ရိုးရှင်းလှပတဲ့ အပေါ်ထပ်၊ အောက်ထပ်ဝိုင်းတွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ 

အစားအသောက်
========

  • 6am-11am မှာ Breakfast အတွက် ရှမ်းမြောက်ယူနန် ရသာစုံခေါက်ဆွဲတွေအပြင် Appetizer တွေ၊ Dessert တွေနဲ့ Coffee

 

  • Lunch & Dinner အတွက် 11am ကနေစပြီး ယူနန်အရသာစစ်စစ် ဟင်းလျာမျိုးစုံအပြင် မာလာရှမ်းကော၊ ဆိုင်ရဲ့ Signature Items တွေဖြစ်တဲ့ ဇကောထမင်း၊ ယူနန်ဟော့ပေါ့

 

  • 3pm နောက်ပိုင်းဆို Wan Ding အရသာ BBQ မျိုးစုံနဲ့ Beer၊ Soft drink၊ Cocktails၊ Mocktails၊ ဆေးစိမ်အရက်တွေကိုလည်း တစ်နေရာတည်းမှာ ရရှိနိုင်မှာဖြစ်ပါတယ်။

ယူနန်ဟော့ပေါ့
========
သူ့ယူနန်ဟောပေါ့တစ်အိုးမှာ -

- ပုဇွန်၊ ကြက်သား၊ နံရိုး၊ ဝက်ပေါင်ခြောက်၊ ဝက်စဥကြော်၊ ဝက်ခေါက်၊ ကြက်ဥအသားပြားလိပ်၊ ငုံးဥ၊ ပိန်းဥ၊မျှစ်ခြောက်၊ မုန့်ညှင်းစိမ်း
- အသုပ်တပွဲ လက်ဆောင် (အော်ဇွန်းဝက်ခေါင်းသုပ်)
- ကြိုက်နှစ်သက်ရာ ရာသီပေါ်အရွက် ၃ မျိုး (တာအိုးရွက်၊ ပေါချိုင်ရွက်၊ ပဲရွက်၊ စမုံစပါး၊ မုန့်ညင်းစိမ်း/ဖြူ) တို့ပါဝင်ပါတယ်။

လူအနည်း၊ အများပေါ်မူတည်ပြီး ဟော့ပေါ့အိုးသေး (၄-၅ယောက်စာ)နဲ့ အိုးကြီး (၈-၁၀ယောက်စာ) ဆိုဒ် ၂ မျိုးကို စီစဉ်ပေးထားပါတယ်။ 

ရှယ်ယူနန် ဇကောထမင်း
============
ထမင်းပူပူ၊ ဟင်းပူပူကို ဇကောဗန်းကြီးထဲမှာ အားရပါးရ စားရမယ့် ဒီဟင်းပွဲမှာ ဟင်း (၉) မျိုးလောက် ပါပါတယ်။  
- အသား ၅ မျိုး
- အရွက်ကြော်
- အထောင်း
- အသုပ်
- ဟင်းရည်
- ထမင်းတို့ ပါပါတယ်။ တစ်ဗန်းကို အနည်းဆုံး (၆) ယောက်လောက် စားလို့ရပါတယ်။ သူ့ဗန်းထဲမှာ ပါတဲ့ ဟင်းတွေမကြိုက်ရင် ဆိုင်မှာရှိတဲ့ တခြား ဟင်းလျာတွေနဲ့ လဲပေးပါတယ်။ 

ဒီဆိုင်မှာ လူ (၂) ယောက် (၃) ယောက်လောက် သွားစားတာထက် မိသားစုတွေ၊ သူငယ်ချင်းအုပ်စုလိုက်တွေ သွားစားရင် ပိုတန်ပါလိမ့်မယ်။ ဘာလို့လဲဆိုရင် သူ့ဟင်းပွဲတစ်ပွဲမှာ Portion အများကြီးပါတဲ့အတွက် လူများများနဲ့ သွားစားမှ အဆင်ပြေပါမယ်။ 

ပရိုမိုးရှင်း
======
ပရိုမိုးရှင်းကတော့ ဖေဖော်ဝါရီလအတွင်း သွားစားမယ်ဆိုရင် - 

- Chinese New Year Promotion အစီအစဉ်မှာ ပါဝင်ဖို့ Facebook Public Check-In ဝင်ရုံဖြင့် Food Menu Items အားလုံးကို 10% Off ပေးမှာပါ။ 

- နောက်ထပ် 10% Off ကတော့ CB Pay (or) CB Cards တွေနဲ့ ရှင်းပေးဖို့ပါပဲ။ စုစုပေါင်း 20% Off ကို MK ရဲ့ ဟင်းပွဲအားလုံး (Breakfast, Lunch & Dinner, BBQ) မှာ ရရှိမှာပါ။ 

- ဒါ့အပြင် Heineken Buy 2 + Get 1 နဲ့ Tiger  Buy 3 + Get 1 ဆိုပြီး Beer Promotion လည်း ပေးဦးမှာ ဖြစ်ပါတယ်။ 

လိပ်စာ- ကျောက်ကုန်းလမ်းနဲ့ မိုးကောင်းလမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

ဖုန်းနံပါတ် - 09 881 010 055 / 09 881 010 066MK 


Read 283 times.