Up to 20% OFF

15% discount နဲ့ ရှယ်စားရမယ့် FuFu Hotpot ရဲ့ Promotion 

January 15, 2021

ဟော့ပေါ့နဲ့ မာလာရှမ်းကောတွေကို ပရိုမိုးရှင်းနဲ့မှ အရသာရှိရှိ စားချင်တဲ့ သူတွေအတွက် FuFu Hotpot က 15% Discount ကို ရက်တိုးပေးလိုက်ပါပြီ။ အရင်က ဇန်နဝါရီ (၆)ရက်နေ့ကနေ (၁၃)ရက်နေ့အထိပဲ 15% Discount ပေးထားပေမယ့် ဟော့ပေါ့ ချစ်သူတွေနဲ့မာလာရှမ်းကော ပရိတ်သတ်တွေ အတွက် (၁၃) ရက်နေ့ နောက်ပိုင်းမှာလည်း ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်  ပရိုမိုးရှင်းနဲ့ စိတ်ကြိုက် စားလို့ရပါပြီ။ 

လောလောဆယ်မှာတော့ ဆိုင်ထိုင်စားဖို့ မသေချာသေးတာကြောင့် Take Away Only ပဲရမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလက ရက်အတိအကျ မသိရသေးတဲ့အတွက် အမြန်လေး ဝယ်စားဖို့တော့ လိုပါလိမ့်မယ်။ 

စိတ်မကောင်းစရာ တစ်ခုက Delivery နဲ့ မှာစားမယ့်သူတွေ အတွက်ကတော့ 15% Discount ကိုရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်တိုင် လာဝယ်မယ်ဆိုရင် ပရိုမိုးရှင်းက ဆိုင်ခွဲတိုင်းမှာ ရနိုင်တာမို့လို့ ကိုယ်နဲ့ နီးစပ်ရာ FuFu Hotpot ဆိုင်တွေမှာ တန်တန်လေး ပြေးဝယ်လို့ရပါသေးတယ်။

ဆိုင်ဖွင့်ချိန်တွေကတော့ မနက် (၁၀:၀၀) မှ ည (၇:၀၀) နာရီအထိ ဖြစ်ပါတယ်။

ဆိုင်လိပ်စာတွေကတော့

City Mall St. John - 3rd floor, City Mall, Dagon Township 

Ph - 09452470777

Junction 8 - မရမ်းကုန်းမြို့နယ် (Hotpot & Mala Xiang Guo) 

Ph - 09777416777

Dagon Centre 2 - No 1, 5th floor, Dagon Centre 2, Sanchaung 

Ph - 09450850777

 


Read 1276 times.