Best Cuisine

Myanmar Culture Valley ထဲမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင် အသစ်

February 13, 2023

အခုပြောပြပေးမယ့်ဆိုင်လေးကတော့ Myanmar Culture Valley ထဲမှာ အသစ်ဖွင့်ထားတဲ့ JC7 Myanmar Culture Valley ဆိုတဲ့ စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်လိပ်စာ အပြည့်အစုံလေးကတော့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် အရှေ့က Myanmar Culture Valley၊ ဦးဝိစာရလမ်းမကြီး၊ ဒဂုံမြို့နယ်၊ ရန်ကုန် ဖြစ်ပါတယ်။ 

ဆိုင်ဖွင့်ပွဲ အမှတ်တရအနေနဲ့ ပရိုမိုးရှင်းအစီအစဉ်လေးလည်း ရှိပါသေးတယ်။ ပရိုမိုးရှင် အစီအစဉ် ပုံစံလေးကတော့ ဖေဖော်ဝါရီလကုန်အထိ တစ်သောင်းဖိုး ပြည့်တာနဲ့ 20% Discount Coupon လေး ပြန်ပေးမှာပဲ ဖြစ်ပါတယ်။

Click Here >>>  Phyo Thu Kha

ဆိုင်နေရာ ကျယ်ဝန်းတာကြောင့် ဒီဆိုင်မှာ Wedding, Private Events Dinner, Birthday party, Teachers' Homage Ceremony ပွဲတွေ လုပ်ချင်သူများအတွက် စျေးအသက်သာဆုံးနဲ့ Buffet Catering Services ကို လက်ခံ ဆောင်ရွက်ပေးနေပါတယ်။

ပွဲလုပ်တဲ့အခါဖိတ်ကြားမယ့် လူဦးရေ အရေအတွက်အတိုင်း အဆင်ပြေဆုံးစျေးနဲ့ အစားအသောက်များကို High Quality ရအောင် စီစဉ်ပေးတယ်လို့လည်း သိရပါတယ်။ Budget လည်း အရမ်း အကုန်မခံနိုင်ဘဲ မိမိကျင်းပချင်တဲ့ ပွဲလေးလည်း ဖြစ်ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကို ရွေးချယ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

ဒီဆိုင်ရဲ့ အဓိကရရှိတဲ့ အစားအစာတွေကတော့ တရုတ်အစားအစာနှင့် ဒင်ဆမ်းပဲဖြစ်ပြီး ဒင်ဆမ်းကတော့ ဒီဆိုင်ရဲ့ လူကြိုက်အများဆုံး Menu လည်း ဖြစ်ပါတယ်။  သောက်စရာအနေနဲ့ကတော့ ဘီယာအပြင် အခြား Soft Drink မျိုးစုံလည်း ရရှိပါတယ်။

ကိုယ်ပိုင်ကားနဲ့ လာရောက် သုံးဆောင်မယ့် သူတွေအတွက်လည်း ကျယ်ဝန်တဲ့ ကားပါကင် ရှိတာကြောင့် ကားပါကင်အတွက်လဲ စိတ်ပူစရာမလိုပါဘူး။

ရုံးပိတ်ရက်မှာ နားအေးပါးအေး ဘော်ဒါ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး Chill ချင်တဲ့ သူတွေအတွက် ဒီဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။
 

The Myanmar Restaurnt Guide


Read 657 times.