Bars & Pubs

ကိုရီးယား Drama ထဲက Penthouse မဟုတ်တဲ့ မြန်မာပြည်ရဲ့ Penthouse

December 9, 2020

မြန်မာပြည်ရဲ့ Penthouse ဆိုတော့ ဘာကိုများ ပြေးမြင်မိကြလဲ???
ကိုရီးယား Drama ထဲမှာ ပါဝင်တဲ့  မိုးမျှော်တိုက်ကြီး မဟုတ်ပေမယ့် ရန်ကုန်မြို့ရဲ့  ရှုခင်းလှလှတွေကို မြင်တွေ့ရမယ့် Penthouse ပဲ ဖြစ်ပါတယ်။

မြင်တွေ့နေကျ အစားအသောက်တွေ မဟုတ်ပဲ  မြေထဲပင်လယ် အစားအစာတွေကို ရောင်းချပေးနေတဲ့  စားသောက်ဆိုင်တစ်ဆိုင် ဖြစ်ပြီး ဆိုင်နာမည်ကတော့  The Penthouse လို့ ခေါ်ပါတယ်။ ဘားဂရာ လမ်းမကြီးပေါ်မှာ တည်ရှိပြီး  My Hotel ဘေးကကပ်ရပ်မှာ ရှိတဲ့ အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ ဖွင့်ထားတာ ဖြစ်ပါတယ်။


Penthouse ဖြစ်တဲ့အတွက် ရန်ကုန်မြို့ရဲ့ ရှုခင်းတွေကို အပေါ်စီးကနေ မြင်တွေ့ရမှာ ဖြစ်ပြီး   စိမ်းစိမ်းစိုစို အပင်လေးတွေပါ စိုက်ပျိုးထားတဲ့အတွက် ပန်းခြံလေးတစ်ခုလို ခံစားရမှာ ဖြစ်ပါတယ်။အများစုကတော့ ဒီလိုနေရာလေးမှာ ပိုစ့်အပြိုင်အဆိုင်နဲ့ ဓာတ်ဖမ်းလေ့ ရှိကြပါတယ်။

ခုံအမြင့်လေးတွေလည်း စီရီထားတဲ့အတွက်ကြောင့်လည်း  ဘားပုံစံ Mood လေးကို ခံစားရမှာ ဖြစ်ပါတယ်။နေ၀င်ဆည်းဆာ အလှနဲ့အတူ  ရန်ကုန်မြို့ရဲ့ ရှုခင်းလေးကို ကြည့်ပြီး စိတ်အပန်းဖြေလို့ ရတယ်လေ။
ဒါ့အပြင် ဆိုင်ရဲ့ အတွင်းဘက် စားသောက်ခန်းမရဲ့  အပြင်အဆင်က ထူးထူးခြားခြား သစ်သားတွေနဲ့ပဲ ပြုလုပ်ထားတာ ဖြစ်ပါတယ်။သစ်သားစားပွဲ၊ သစ်သားထိုင်ခုံတွေကို သီးသန့် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

နံရံတွေကို မှန်အပြည့်ကာထားတဲ့အတွက် စားသောက်ခန်းမအတွင်းကနေ အပြင်အလင်းရောင်ကို ကောင်းမွန်စွာ ရရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ The Penthouse ရဲ့  အစားအစာ Menu အများစုက  ပင်လယ်စာ အများစု ဖြစ်တဲ့အတွက် ပင်လယ်စာကောင်းကောင်း စားချင်တဲ့သူတွေအတွက်  သွားသင့်တဲ့နေရာလေး တစ်ခုဖြစ် ပါတယ်။

ထူးခြားချက်တစ်ခုကတော့ ပုစွန်၊ ကင်းမွန်စတဲ့ ပင်လယ်စာတွေကို သဘာ၀အတိုင်းကင်ပြီး ဝိုင်နဲ့ ပြန်ချက်ထားတဲ့အတွက် ဝိုင်နံ့မွှေးမွှေးလေးနဲ့ ပင်လယ်စာတွေကို ပေါင်းစပ်ထားတဲ့ အရသာက မွှေးအီနေပြီး စားသုံးသူတွေ အကြိုက်ဖြစ်စေမှာပါ။

Penthouse မှာ ကမ္ဘာ့နိုင်ငံအနှံ့က ၀ိုင်မျိုးစုံဖြစ်တဲ့  Red Wine, White Wine နဲ့ Rose Wine အစရှိတဲ့ဝိုင်မျိုးစုံအပြင် Shisha တို့ကိုလည်း ရရှိတဲ့အတွက် ဝိုင်ကြိုက်တဲ့သူတွေအတွက်ရော Shisha ကြိုက်တဲ့သူတွေအတွက်ရော အဆင်ပြေနေစေမှာပါ။

ဒါ့အပြင် အချိုပွဲနဲ့  Cake မျိုးစုံကိုလည်း ရရှိနိုင်ပါသေးတယ်။နိုင်ငံတကာက အစားအစာတွေကို ကြိုက်နှစ် သက်တဲ့ သူတွေအတွက်  နိုင်ငံတကာအတွေ့အကြုံရှိတဲ့ မြန်မာစားဖိုမှူးကိုယ်တိုင် ဦးဆောင်စီမံနေတဲ့အတွက် အရသာကတော့ ပြောစရာမလိုတော့အောင် အတော်လေး ကောင်းပါတယ်။

လောလောဆယ်မှာတော့ ကိုဗစ်ကာလဖြစ်တဲ့အတွက်  အိမ်အရောက်၀န်ဆောင်မှု ရှိတဲ့အတွက် Penthouse က အစားအစာတွေကို မြည်းစမ်းချင်သူတွေအတွက် အောက်ပါလင်ခ့်မှာ သွားရောက်မှာ ယူနိုင်ပါတယ်။>https://bit.ly/3oAj5Zf

ကိုဗစ်ကာလပြီးဆုံးသွားတဲ့အချိန်ကျ အတူသွားကြမယ့် ဘော်ဒါတွေရှိရင် Mention ခေါ်လိုက်ကြပါအုံး။ 

Photo Crd- Penthouse,google

 


Read 931 times.