Up to 20% OFF

နှစ်သစ်ကူး အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးနေတဲ့ DIY ရဲ့ BBQ Set များ

December 29, 2020

(၂၀၂၀) နှစ်သစ်ကူးကတော့ ဆိုင်တိုင်းလိုလို အပြိုင်အဆိုင် ပရိုမိုးရှင်းတွေ ပေးနေကြတဲ့ နှစ်ပါပဲနော်။ ဒီလို ပရိုရှင်းတွေ ပေးကြတဲ့ ဆိုင်တွေထဲ DIY Hotpot & BBQ ဆိုင်လေးကလည်း စားသုံးသူတွေအတွက် ခရစ္စမတ်နဲ့ New Year အထူး ပရိုမိုးရှင်းတွေ ပေးအပ်နေပြန်ပါပြီ။

ပေးနေတဲ့ ပရိုမိုးရှင်းတွေကတော့ မကြာခင်ကမှ အသစ်ထွက်ရှိထားတဲ့ DIY Family Hotpot Set, Family BBQ Set နဲ့ DIY ငါးခဲပတ်ကင် ကို Discount 10% ပေးနေတဲ့အပြင် ဆိုင်မှာရှိတဲ့ တစ်ခြား Menu တွေအားလုံးကို 5% Discount ပေးထားတာပဲ ဖြစ်ပါတယ်။

ဒီထဲမှာမှ DIY ရဲ့ စားသုံးသူတိုင်း အကြိုက်တွေ့ကြတဲ့ DIY Family BBQ Set မှာ ဘာတွေပါဝင်လဲဆိုတာ ပြောပြပေးသွားမယ်နော်။

အသား (၅) မျိုး
အမဲသားလွှာ (မာလာ) >> (၂) ပွဲ
၀က်သားလွှာ ( ပျားရည်) >> (၂) ပွဲ
၀က်သုံးထပ်သားလွှာ >> (၂) ပွဲ
ကြက်သားလွှာ (ငံပြာရည်) >> (၂) ပွဲ  
၀က်နံရိုး ( ငရုတ်ကောင်း ) >> (၁) ပွဲ

ပင်လယ်စာ (၄) မျိုး
ပုဇွန်မြီးနီ >> (၁) ပွဲ
ရေချိုပုဇွန် >> (၁) ပွဲ
ပြည်ကြီးငါး >> (၁) ပွဲ
ငါးသားလွှာ >> (၁) ပွဲ

အသားလုံး (၆) မျိုး
Bacon
ကြက်မဲ
ကြက်ကြော + ကြက်အူချောင်း
ငါးတို့ဟူး + မှို၀က်သားသုံး

 

These Steamboat Spots In S'pore Confirm Will Make You Steaaammm

အသီးအရွက် (၉) မျိုး
ဆလပ်ရွက်
ကြာစွယ် + အာလူး
ပြောင်းသေး + ပန်းစိမ်း
ကန်စွန်းဥ + ပိန်းဥ
အပ်မှို + ရုံးပတေသီး

အပေါ်က ပြောထားတာတွေ အကုန်လုံး ပါမယ့်အပြင် ဟင်းရည်တစ်အိုး၊ ကိုလာ (၁.၅)လီတာ ဘူးကြီးတစ်ဘူးနဲ့ DIY အထူးဆော့စ်(၄) ထုပ်ပါ ပါဝင်မှာ ဖြစ်ပါတယ်နော်။ ဒါ့အပြင် အထူးအခွင့်အရေး Service အနေနဲ့ BBQ မှာယူသူတိုင်းကို…

  • အကင်စက် (၁) စက်
  • အကင်ညှပ် (၂) ခု
  • ပန်းကန် + ပန်းကန်လုံး + တူ + ဇွန်း (၄) စုံ
  • ဆီဗူး (၁) ဗူး  

စတာတွေကိုလည်း အစားအသောက် လာရောက်ပို့ဆောာင်တဲ့ အချိန်မှာ အခမဲ့ ငှားရမ်းပေးသွားမှာ ဖြစ်ပြီး၊ စားသောက်ပြီးချိန် ဆိုင်ကို ဖုန်းဆက်လိုက်တာနဲ့ အိမ်အထိ လာရောက်သိမ်းဆည်းပေးမယ်လို့ သိရပါတယ်နော်။

ဒီလိုမျိုး အမိုက်စား BBQ Family Set တစ် Set ကိုမှ (၃၆,၀၀၀) ကျပ်တည်းနဲ့ မှာယူနိုင်မယ့်အပြင် Discount ကလည်း 10% ဆိုတော့ ဘာလိုသေးလဲနော်။

DIY ဆိုင်ခွဲတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။
https://bit.ly/34Pgjry


Read 569 times.