Bars & Pubs

ဗိုလ်တစ်ထောင်မှာ အသစ်ဖွင့်ထားတဲ့ ကိုရီးယားစတိုင်လ်နဲ့ Bar

September 9, 2022

အခုပြောပြပေးမှာကတော့ ဗိုလ်တစ်ထောင်မြို့နယ် Urban Asia Center မှာ ကိုရီးယားစတိုင်လ်နဲ့ အသစ်ဖွင့်ထားတဲ့ “The Space Lounge” လို့ခေါ်တဲ့ Bar ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့ခင်း ၁နာရီမှ ည ၁၀နာရီအထိပါ။

ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ wifi ပါ free ပေးထားတော့ လာရောက်စားသုံးသူအတွက် ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ပြည့်အဝခံစားရမှာဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ ပြင်ဆင်မှုပုံစံလေးက ကိုရီးယားစတိုင် Bar & Music ပုံစံလေးဖြစ်ပါတယ်။ ဒီဆိုင်က နေ့လည်ဘက်ဆို သီချင်းအငြိမ် လေးတွေဖွင့်ပြီး ညနေဘက်ဆိုရင်တော့ Dance Music နဲ့ Unplugged စတိုင်လ်မျိုးဖြစ်ပါတယ်။ night out ထွက်မယ်ဆိုရင် ထိုင်လို့ကောင်းတဲ့ဆိုင်မျိုးလေးပဲဖြစ်ပါတယ်။

ကိုရီးယား အစားအစာ Foodie လေးတွေအတွက် ရွေးချယ်စားသုံးသင့်တဲ့ ဟင်းပွဲတွေကတော့ -
(၁) ကိုရီးယားကြက်ကြော် အစပ် ( Korean Sweet & Crispy Chick) 
(၂) တော့ပုကီ (Teok-Bokki) 
(၃) ဝက်သားပြားကြော် (Tonkatsu)
(၄) BBQ ကြက်တောင်ပံကြော် (Fried Chicken Wing) ဟင်းပွဲတွေပဲဖြစ်ပါတယ်။

ဒါ့အပြင် Western စတိုင်လ် menu တွေလည်းရပါတယ်။ သောက်စရာဆိုရင် ဆိုင်ရဲ့ ကိုယ်ပိုင် Signature Cocktail တွေထဲမှာ ရွေးစရာ တော်တော်များပါတယ်။ Seoul’s soul၊ Carrot ginger၊ Nice Pear တို့ကတော့ သောက်ကြည့် သင့်တဲ့ထဲမှာပါပါတယ်။ 

ဓာတ်ပုံလှလှလေးရိုက်ချင်တဲ့သူတွေအတွက်တော့ ညနေဘက်ဆို မီးရောင်လှလှလေးတွေနဲ့ Date လုပ်လို့ကောင်းတဲ့ နေရာလေးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဗိုလ်တစ်ထောင် Urban Asia Center ကိုရောက်ရင် The Space Lounge ဆိုတဲ့  Bar အသစ်လေးမှာ ချင်းဂူးတွေနဲ့ Chill ရအောင် ဒိတ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

ဆိုင်ဖွင့်တဲ့ အထိမ်းအမှတ် Promotion အနေနဲ့ကတော့ 16.09.2022 အထိ Menu အားလုံးကို 20% off ပေးထားပါတယ်။

ဆိုင်လိပ်စာ - G16၊ Urban Asia Center၊ ၉ ရပ်ကွက်၊ ၄၈ လမ်း နဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09980638284 ၊ 09420742717

FB Link >>> The Space Lounge

Myanmar Restaurant Guide


Read 431 times.