Cafes & Restaurant

ပိတ်ရက်ကျ ဒိတ်ဖို့ ရန်ကင်းက Aesthetic Vibe နဲ့ ဂျပန်ကော်ဖီဆိုင်လေး

September 14, 2023

စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ ချစ်ရသူနဲ့ဖြစ်ဖြစ် ဂျပန်ဆန်ဆန် ကော်ဖီဆိုင်လေးမှာ ဒိတ်ချင်ရင် ရန်ကင်းက Yuki Mugi ဆိုတဲ့ Bakery ဆိုင်လေးကိုသာ သတိရလိုက်ပါ။ သူ့ဆိုင်က ဂျပန်ပေါင်မုန့်နဲ့ ပြင်သစ်မုန့် ခွာဇွန်းက လူကြိုက်အရမ်းများသလို ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ကောင်းတဲ့ Insta Spot လည်း ဖြစ်ပါတယ်။  ဒါကြောင့် ဒီဆိုင်ကို ကောဖီနံ့မွှေးမွှေးလေးနဲ့ အိစက်နူးညံ့နေတဲ့ မုန့်သားလေးတွေကို တွဲဖက်စားချင်တဲ့ အစားတလိုင်းတွေရော အဖြူရောင် ချယ်ရီပင်အောက်မှာ ဓာတ်ဖမ်းချင်တဲ့သူတွေရော သဘောကျကြပါတယ်။

Yuki Mugi က မုန့်လေးတွေရဲ့ အားသာချက်က ဆိုင်ထဲမှာ ကိုယ်ပိုင် မုန့်ဖုတ်ခန်းရှိတဲ့အပြင် တာရှည်ခံတဲ့ ဓာတုဗေဒဆေးတွေ ဘာမှမပါတာမို့ မုန့်အရသာကို ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် စားရပါတယ်။ သူ့ဆိုင်က ကိတ်နဲ့ ပေါင်မုန့်တွေကို ဂျပန်မု့န်ဖုတ်နည်း သုံးပြီး လုပ်ထားတာဖြစ်တဲ့အတွက် ဂျပန်နိုင်ငံအထိ သွားစရာမလိုဘဲ ဂျပန်အရသာ မုန့်တွေကို မြန်မာငွေ ၂,၀၀၀ - ၃,၀၀၀ လောက်ပေးပြီး စားနိုင်တဲ့ ဆိုင်လေးပါ။ 

Advertisement

Click Here > Myat Noe Lay Co., Ltd.

ဆိုင်အပြင်အဆင်လေးက တစ်ဆိုင်လုံးကို မျက်စိအေးတဲ့ အဖြူရောင်အငြိမ်လေးပဲ သုံးထားပြီး သစ်သားစားပွဲနဲ့ ခုံလေးတွေ၊ အဖြူရောင် မီးဆိုင်းလေးတွေနဲ့ဆိုတော့ တကယ်ကို အဆင့်မြင့်တဲ့ ဂျပန်ကော်ဖီဆိုင်လေးလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် သူ့ဆိုင်မှာ တစ်ပင်လုံး ဖွေဖွေးဆွတ်နေတဲ့ အဖြူရောင် ချယ်ရီပင်လေးလည်း ရှိတာကြောင့် ဂျပန်နိုင်ငံရဲ့ အငွေ့အသက်ကို ခံစားရစေပါတယ်။ အေးစိမ့်နေတဲ့ Air Con ခန်းလေးမှာ Wifi Free နဲ့ ‌ခေါင်းအေးအေးထားပြီး အလုပ်လုပ်ချင်သူတွေအတွက်လည်း အဆင်ပြေတဲ့ ဆိုင်လေးပါ။  

သူ့ဆိုင်မှာ ဘာမုန့်တွေ ရလဲဆိုရင် လူငယ်၊ လူကြီးမရွေး ကြိုက်ကြတဲ့  
- Japanese Buns လေးတွေ

- French Croissant လေးတွေ

- Cake နဲ့ Swiss Roll လေးတွေ

- Sandwich တွေ

- ဂျပန်လူမျိုးတွေ ကြိုက်ကြတဲ့ Toast ပေါင်မုန့်လေးတွေ

- တုန်တုန်အိအိ Pudding လေးတွေ

- ဆိမ့်ဆိမ့်မွှေးမွှေး Egg Tart လေးတွေ ရနိုင်ပါတယ်။ 

သောက်စရာအနေနဲ့ -

- Chocolate

- Latte

- Americano

- Cappucino

- Mocha

- Milk နဲ့

- Soda Drinks တို့ရှိပါတယ်။

စျေးနှုန်းတွေကတော့ သူအရပ်နဲ့ သူ့ဇာတ်လိုက်ပြီး များနေတာကို တန်တယ်လို့ ပြောလို့ရပေမဲ့ ဘတ်ဂျတ်ဖြစ်တဲ့ ဆိုင်တော့ မဟုတ်ပါဘူး။ 

ဆိုင်မှာ မထိုင်ချင်ဘူး၊ အိမ်ကနေပဲ လှမ်းမှာပြီး စားချင်တယ်ဆိုရင် Foodpanda၊ Grabfood နဲ့ Foodmall ကနေတဆင့် မှာယူလို့ ရသလို ဆိုင်ရဲ့ Chat box ကနေ ဖြစ်စေ၊ ဖုန်း 09 760 760 599, 09 760 654 602, 09 662 606 108 တို့ကို ဆက်ပြီး ဖြစ်စေ တစ်ရက်ကြိုပြီး Order တင်လို့လည်း ရပါတယ်။ 

ချယ်ရီပင်အောက်မှာ ချစ်သူနဲ့ တစ်နေကုန် ကြည်နူးမလား၊ သူငယ်ချင်းတွေနဲ့ မုန့်ထိုင်စားရင်း ပွားမလား၊ မိသားစုလိုက် ကန်ဘောင်မှာ အပန်းဖြေရင်း ဝင်စားမလား၊ The Central မှာ စျေးဝယ်ထွက်ရင်း အိမ်အတွက် ပါဆယ်ဝယ်မလား Yuki Mugi ဆိုင်က 7:30 AM - 8PM အထိ ဖွင့်ပါတယ်။

လိပ်စာ - အမှတ် ၇ A - ၈ A ၊ ဆိုင်ခန်းနံပါတ် ၂၈ ၊ The Central Boulevard နောက်ကျောဘက်၊ ကမ္ဘာအေးဘုရားလမ်းမနှင့် ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်။


Read 292 times.