Best Cuisine

Weekend ပိတ်ရက်လေးကို Kit Kit မှာ Hot Pot Buffet အ၀စားကြမယ်

January 6, 2023

ဟော့ပေါ့ကို အကင်လေးနဲ့တွဲစားလိုက်ရမှ ကျေနပ်မယ့် ဟော့ပေါ့သရဲလေးတွေအတွက် Kit Kit - Hot Pot & BBQ Buffet ဆိုတဲ့ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ 

အချိန် ၃ နာရီကို အဝစား ဟော့ပေါ့ နှင့် အကင် အပြင် ဒင်ဆမ်း ဝက်နံရိုးကြော် မာလာရှမ်းကော ဂဏန်းချဉ်စပ် ကဲ့သို့ အရသာရှိ အရံဟင်းပွဲ ၁၆ မျိုး လည်းပါပါသေးတယ်။ ဒီဆိုင်လေးမှာရရှိတဲ့ Hot Potနဲ့ BBQ ထဲထည့်စားတဲ့ အသား၊ ပင်လယ်စာ၊ အသီးအရွက်တွေဆိုရင်လဲ လတ်လတ်ဆတ်ဆတ်နဲ့ စုံစုံလင်လင်ရရှိမှာဖြစ်ပါတယ်။ 

အသားဆိုရင် ကြက်မဲ၊ အမဲသား၊ သုံးထပ်သား၊ ဝက်သား၊ ကြက်သား၊ ငါးအသားလွှာ၊ ငါး‌‌ခေါင်း၊ ဝက်အူမ၊ ဝက်လျှာ ၊ဝက်သဲ ၊ကြက်အသဲ ၊ကြက်အမြစ် အစုံရှိပြီး ပင်လယ်စာဆိုရင်လဲ ပုစွန် 2မျိုး၊ ပြည်ကြီးငါး ၊ဂုံး သွေးဂုံး၊ ခရုဂဏန်း တို့ရရှိမှာဖြစ်ပါတယ်။ အသီးအရွက်တွေကလဲ အစုံဆိုမှ အစုံ ၃၅ မျိုးတောင်ရှိပါတယ်။

 အသားလုံးတွေဆို ၁၅ မျိုး၊ ရေခဲမုန့် ၄ မျိုး soft drinks ၃ မျိုးလဲ Free Flow ဆိုတော့ တန်တန်လေးနဲ့ စုံစုံလင်လင်စားရမှာဖြစ်ပါတယ်။ အရံဟင်းတွေကလဲ အစုံပဲဆိုတော့ ပေးရတာနဲ့ စားရတယ် တကယ်တန်ပါတယ်။ 

စျေးနှုန်းလေးတွေအနေနဲ့ကတော့ လူကြီးတစ်ယောက်ကို ၁၇,၀၀၀ +++ နှင့် ကလေးတယောက် 3 ပေကနေ 4 ပေအတွင်း ကို ၇,၀၀၀ သာကျသင့်မှာဖြစ်ပါတယ်။ Hot Pot & BBQ Buffet ရဲ့ဝန်ဆာင်မှုက ဘယ်လောက်ကောင်းလဲဆိုင်ရင် လူပါးတဲ့အချိန်ဆို ပုစွန် များများစားလို့ရအောင် ကြိုက်တဲ့အရသာပြောအခွံနွှာပြီး အရသာလည်းနယ်ပေးပါသေးတယ်။ ရရှိတဲ့ အချိန်ကလည်း ၃ နာရီတောင်ဆိုတော့ စားလိုက် နားလိုက်နဲ့ အေးဆေးစားလို့ရပါတယ်။

ဒါကြောင့် အခုလာမယ့် Weekend ပိတ်ရက်လေးမှာ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ Hot pot နဲ့ BBQ ကို အသား၊ ပင်လယ်စာ၊ အသီးအရွက်စုံစုံလင်လင်ကိုမှ တန်တန်လေးနဲ့ အမုန်းဆွဲချင်တယ်ဆိုရင်တော့ Kit Kit - Hot Pot & BBQ Buffet မှာ သွားစားကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။ 

Address -  အမှတ် 229၊ အထက်ဗဟိုလမ်းမုဒိတာအိမ်ရာ 1 သွားတဲ့လမ်းပေါ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
Ph: 09-448020007/09, 448020008
Fb Link >>> Kit Kit - Hot Pot & BBQ Buffet

The Myanmar Restaurant Guide


Read 378 times.