Bars & Pubs

တစ်ယောက် ၁၃,၀၀၀ ကျပ်တည်းနဲ့ ဆိုဂျူနဲ့ ဘီယာအရော ဆိုမက် အဝသောက်ဘူဖေး

September 11, 2023

ဝေဇယန္တာလမ်းမကြီးပေါ်မှာ ဖွင့်ထားတာ ရက်ပိုင်းလောက်ပိုင်း ရှိသေးတဲ့ အကင်နဲ့ ဘီယာဆိုင်အသစ်လေးက စက်တင်ဘာ တစ်လလုံးအတွက် ဆိုဂျူနဲ့ ဘီယာအရော ဆိုမက် (Somaek) ကို ဘတ်ဂျတ်နည်းနည်းနဲ့ အ၀သောက်နိုင်ဖို့ ဘူဖေးအစီအစဉ် လုပ်ပေးထားပါတယ်။

ဘူဖေးပရိုမိုးရှင်းအကြောင်း မပြောခင် ဆိုမက်ဆိုတာ ဘာလဲ ပြောပြပေးပါမယ်။ ဆိုမက် (Somaek) ဆိုတာက ဘီယာနဲ့ ဆိုဂျူနှစ်ခုကို အချိုးကျ ရောစပ်ပြီး လုပ်ထားတဲ့ ကော့တေးလို့ ပြောလို့ရပါတယ်။ အခုနောက်ပိုင်း ကိုရီးယားမှာ နာမည်ကြီးလာတဲ့ ဘီယာကော့တေးတစ်မျိုးပါ။

အဲ့ဒီ ဆိုဂျူနဲ့ ဘီယာအရော ဆိုမက် (Somaek) ကို တစ်ယောက် ၁၃,၀၀၀ ကျပ်တည်းနဲ့ အချိန် ၂ နာရီအတွင်း အဝသောက်လို့ရမယ့် ဘူဖေးအစီအစဉ်ကို Way-UP မှာ စက်တင်ဘာ (၁) ရက်နေ့ကနေ (၃၀) ရက်နေ့အထိ ရရှိနိုင်ပါပြီ။  

Advertisement

Click Here > Zhong Xin

သုံးထားတဲ့ ဘီယာကတော့ BAWDAR စည်ဘီယာ ဖြစ်ပါတယ်။ ဆိုဂျူကိုတော့ မူရင်းအရသာ၊ စတော်ဘယ်ရီ အရသာ၊ စပျစ်အရသာ (၃) မျိုးထဲက ကြိုက်တာလေးနဲ့ စပ်ခိုင်းလို့ရပါတယ်။ BAWDAR ရဲ့ နူးညံ့တဲ့ အရသာနဲ့ Soju ရဲ့ ပျင်းရှတဲ့ အရသာ ရောစပ်ထားတဲ့ ဆိုမက်ကို အ၀သောက်ချင်ရင် Way-Up ကိုသာ သတိရလိုက်ပါ။

ဆိုင်ရဲ့ အပြင်အဆင်ကို ပြောရမယ်ဆိုရင် မိုးရွာတဲ့နေ့လေးမှာ ကိုရီးယားလမ်းဘေးဆိုင်လေးတစ်ခုမှာ ဝင် Chill နေရသလို Vibe မျိုးကို ရရှိစေတဲ့ ပုံစံလေးပါ။ ဆိုင်ရဲ့ အတွင်းဘက်မှာလည်း အေးဆေးထိုင်လို့ရသလို အပြင်ဘက်မှာဆို စည်ပိုင်းစားပွဲခုံတွေနဲ့ ထိုင်စရာလုပ်ထားတော့ လူငယ်ဆန်ပြီး ထိုင်လို့ ပိုကောင်းပါတယ်။ 

ဘီယာအစုံ၊ ကော့တေးမျိုးစုံတို့ကို ရနိုင်တဲ့အပြင် ဘီယာနဲ့ဆိုဂျူ ရောထားတဲ့ ဆိုမက်ရဲ့ တမူထူးခြားတဲ့ အရသာကိုလည်း ခံစားလို့ ရနိုင်ပါတယ်။ ဒါ့အပြင် ဘီယာ၊ ဆိုဂျူတွေနဲ့ လိုက်ဖက်မယ့် စားသောက်ဖွယ်ရာ အမြည်းတွေ၊ မန္တလေးစတိုင် BBQ အကင်တွေကို ရရှိနိုင်ပါသေးတယ်။

နောက်ပြီး ညနေခင်းတွေကျ စိတ်အပန်းဖြေရင်း သီချင်းတွေထဲမှာ မျောလွင့်ဖို့ စက်တင်ဘာလရဲ့ အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ Unplugged အစီအစဉ် ရှိပါတယ်။ 

ဒီတော့ ကိုရီးယားဆန်ဆန် ဆိုဂျူလေသောက် အကင်လေးစားရင်း ဘော်ဒါတွေနဲ့အတူ ပျော်ပါးနိုင်ဖို့ Way-Up ဆိုတဲ့ ဆိုင်အသစ်လေးကို ညွှန်ပေးလိုက်ပါတယ်။ 

Contact - 09 260 888 386

Open Hours - 2:00 PM - 10:00 PM

Address - အမှတ် (၁၀၄၁)၊ စာဂလမ်းနဲ့ ဟီရိလမ်းကြား၊ ဝေဇယန္တာလမ်းမကြီးပေါ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။


Read 356 times.