ကချင်အစားအစာမှာ နာမည်ကြီးတဲ့ စမ်းချောင်းက ကချင်ရိုးရာစားသောက်ဆိုင်
ကချင်ပြည်နယ်ကိုမသွားရဘဲ ရန်ကုန်မှာတင် ကချင်ရိုးရာအစားအစာစစ်စစ်ကိုမှ စားချင်တဲ့ Foodie လေးတွေအတွက် စမ်းချောင်း spirit ဘေးမှာဖွင့်ထားတဲ့ Simple traditional foods ဆိုတဲ့ ကချင်ရိုးရာစားသောက်ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဒီဆိုင်ရောက်ရင်မစားမဖြစ် ရောင်းအားအကောင်းဆုံးကတော့ ပလာတူးငါးဆလတ်ပဲဖြစ်ပါတယ်။ ငါးကိုအရသာနှပ်ပြီးကြော်ထားတဲ့ ငါးကြော်ပူပူလေးကိုမှ မုန်ညင်းဖြူရွက်ထဲ မုန့်ဖက်ထည့် ငါးကြော်ထည့် အလယ်ကဆောစ့်ချဉ်ချဉ်စပ်စပ်ကိုဆမ်းပြီး စားလိုက်ရတဲ့အချိန်မှာ ဆွေမျိုးပါမေ့လောက်အောင်ကောင်းတဲ့ အရသာကိုခံစားရမှာဖြစ်ပါတယ်။
Click Here >>> GK General Trading
စမ်းချောင်းမှာ ကချင်ရိုးရာအစားအစာဖြစ်တဲ့ ဆာဖြယ်နဲ့ ငါးပလာတူဆလတ် စားကောင်းတဲ့ဆိုင်လေးဆိုရင်တော့ ဒီဆိုင်လေးကိုညွှန်းပေးချင်ပါတယ်။ ဒီဆိုင်ကဟင်းလျာတွေက ကချင်ဒေသကအရသာနီးပါး တော်တော်လေး စားကောင်းပါတယ်။
ဒီဆိုင်ရဲ့ Menu အသစ်တွေလဲဖြစ် လူကြိုက်အများဆုံး ဟင်းလျာတွေကတော့-
ပလာတူးငါးဆလတ်
အမဲပုဆိုးကြမ်းသုပ်
ဝက်မျှစ်ချဉ်ချက်
အမဲမျှစ်ချဉ်ချက်
ဆာဖြယ် အမဲချဉ်စပ်
တို့ပဲဖြစ်ပါတယ်။
ဒီဆိုင်လေးမှာ သုံးတဲ့ ကုန်ကြမ်းတွေကအစ ကချင်ပြည်နယ်ဘက်က မှာပြီးချက်ပြုတ်တာဖြစ်တဲ့အပြင် ဟင်းအော်ဒါတက်မှ လတ်လတ်ဆတ်ဆတ်ချက်ပေးတာမို့လို့ ဟင်းအရသာမှာ လုံးဝကောင်းမွန်ပြီး ကချင်ဟင်းလျာစစ်စစ်ကို သုံးဆောင်ရမှာပဲဖြစ်ပါတယ်။
ဟင်လျားတွေကိုလည်း ပူပူနွေးနွေးနဲ့ လတ်လတ်ဆတ်ဆတ်စားစေချင်လို့ ဟင်းပေါင်းလိုဟာမျိုးကလွဲပြီး ကြိုချက်ထားတာမျိူးလည်းမရှိပါဘူး။ ဟင်းပေါင်းတောင် တရက်တခါပေါင်းပြီး ရောင်းတာမို့လို့ လတ်လတ်ဆတ်ဆတ်စားရမှာဖြစ်ပါတယ်။ ဆိုင်နေရာလေးက နည်းငယ်ကျဉ်းတာမို့ လာပြီးပြန်သွားရတဲ့ customer တွေလည်းရှိပါတယ်။ ဆိုင်မှာသွားစားလို့ရသလို Food panda ကနေလည်းမှာလို့ရပါတယ်။
ဒါကြောင့် တစ်နေရာထဲမှာပဲ ကချင်အစားအစာအစုံအလင်ရတဲ့ လတ်ဆတ်ပြီး လက်ရာကောင်းတာကို စားချင်ရင်တော့ စမ်းချောင်းက ကချင်ရိုးရာစားသောက်ဆိုင်လေးကို သွားရောက်မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။
Address: No.80 (A), mingalar street , sanchaung township, Yangon
Ph: 09 253 459 016
Fb Link: Simple traditional foods