Cafes & Restaurant

လေကောင်းလေသန့်ရှူရင်း ရွှေစကောထမင်းစားကြမယ်

September 20, 2022

အနောက်တိုင်း အစားအစာတွေကို စားရတာငြီးငွေ့နေသူတွေအတွက် မြန်မာထမင်းဟင်း အရသာရှိတာလေးကို လေကောင်းလေသန့်ရှူရင်း "ရွှေစကော" ဆိုတဲ့ထမင်းဆိုင်လေးမှာ စားကြည့်ကြဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ရဲ့ ပထမဆုံးဖွင့်တဲ့ ရေပေါ်ထမင်းဆိုင်လဲဖြစ်ပါတယ်။

ရန်ကုန်မြစ်ရဲ့ ရေပြင်ကျယ်ကြီးကိုလဲ ကြည့်ပြီး ကောင်းကင်ပြာပြာကြီး ဖြစ်ဖြစ် မိုးရွာတဲ့အခါ လေဟာပြင်မှာ ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်နေတဲ့ တိမ်တွေကိုပဲ ဖြစ်ဖြစ် မြစ်ရေပြင်ပေါ်မှာ သွားလာနေကြတဲ့ ငှက်၊ လှေ၊ သမ္ဗာန်၊ ပင်လယ်ကူးသင်္ဘောကြီးတွေကိုပါကြည့်ပြီး ရွှေဇကောထမင်းကို တလုတ်ချင်းအရသာရှိရှိ သုံးဆောင်နိုင်ပါပဲဖြစ်ပါတယ်။

ရွှေစကောထမင်းဆိုင်မှာရရှိပြီး လူကြိုက်များတဲ့ဇကောထမင်းအမျိုးအစားတွေကတော့ -

- ဇကောထမင်း ကြက်ကြော် ၄၅၀၀ ကျပ်
- ဇကောထမင်း ပုဇွန် ၆၀၀၀ ကျပ်
- ဇကောထမင်း ဆိတ်သား ၆၀၀၀ ကျပ် တို့ပဲဖြစ်ပါတယ်။

ပွဲတိုင်းမှာ အဓိက အသားဟင်းအပြင် အရွက်စုံသနပ်သုပ် ၊ ငပိထောင်းနဲ့ တို့စရာ ၊ ဟင်းရည်သောက် တစ်ခွက် ပါဝင်ပါတယ်။

အခုနောက်ထပ် အသစ်တိုးပေးထာတဲ့ menu ကတော့ ဘဲသံပုံးကင်ဖြစ်ပါတယ်။ သူ့စျေးနှုန်းလေးကတေ ၁၅၀၀၀ ကျပ်ဖြစ်ပြီး ဘဲသံပုံးကင်တစ်ပွဲမှာစားရင် ဘီယာတစ်လုံးလက်ဆောင်ပေးတဲ့ အစီအစဉ်လဲရှိပါတယ်။

ဒီဆိုင်ရဲ့ အားသာချက်ကတော့ သင်္ဘောပေါ်မှာ River View ရှုခင်းကြည့်ပြီး စားရမယ်။ ဒါ့အပြင် ဓာတ်ပုံလှလှလေးတွေ တစ်ဝကြီး ရိုက်လို့ရမှာဖြစ်ပြိး သင်္ဘောပေါ်တက်ဖို့ Charges ပေးစရာလည်း မလိုဘူး။ 
Halal Food လဲဖြစ်တော့ လူမျိုးဘာသာမရွေးလာရောက် သုံးဆောင်နိုင်ပါတယ်။ 

ဆိုင်လိပ်စာ - ရေပေါ်သင်္ဘောစားသောက်ဆိုင်၊ ဆိပ်ခံတံတားအမှတ်၅၊ ဗိုလ်တထောင်ဘုရားအနီး၊ ရန်ကုန်။
ဖုန်းနံပါတ် - 09773399500
Fb Link >>> ရွှေဇကော ထမင်းဆိုင်
 


Read 509 times.