Cafes & Restaurant

The Seaside Taste ဆိုတဲ့ဆိုင်မှာ Check in ဝင်ပြီး 10% Discount ယူကြမယ်

January 9, 2023

နည်းနည်းလေး အေးပြီဆိုတာနဲ့ ချဉ်ချဉ်စပ်စပ်ပူပူ အရသာဟင်းပွဲလေးတွေ စားချင်တဲ့ Foodie လေးတွေအတွက် မြောက်ဒဂုံစျေးလေးမှတ်တိုင်အနီး ဗိုလ်မှူးဗထူးလမ်းမှာဖွင်းထားတဲ့ The Seaside Taste ဆိုတဲ့ ဆိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

Click Here >>> DM Trading

ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပေးထားတဲ့ ပရိုမိုးရှင်းလေးကတော့ ဓာတ်ပုံရိုက်ပြီး မိမိ Fb မှာ Public နဲ့ Check in ဝင်ထားမယ်ဆိုရင်တော့ 10% Discount ရမှာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တာ တကယ်တော်တဲ့ Foodie လေးတို့ လက်စွမ်းပြလို့ရတဲ့ အချိန်လဲဖြစ်ပါတယ်။ (Fᴏᴏd only၊ Dine In တင်ပြီးသားအား privacy change,delete လုပ်လျှင် ပရိုမိုးရှင်း အကျုံးမဝင်ပါ။)

ပင်လယ်စာလတ်လတ်ဆတ်ဆတ် ဟင်းပွဲတွေစားရင် ဒီဆိုင်က မာလာရှမ်းကောကိုလဲ မှာစားကြည့်သင့်ပါတယ်။ ဒီဆိုင်ရဲ့ လူကြိုက်များတဲ့ မာလာရှမ်းကော စျေးနှုန်းလေးတွေကတော့
- normal size
(၁) ပင်လယ်စာ နဲ့ ၁၂,၀၀၀ ကျပ်
(၂) ကြက်(or) ဝက်သား နဲ့ ၈,၀၀၀ကျပ်
(၃) ဆိတ် (or) အမဲသား နဲ့ဆို ၁၀,၀၀၀ကျပ်
Small size ၄၅၀၀ကျပ် သာကျသင့်မှာဖြစ်ပါတယ်။

ဆော့ကိုလည်း Homemade sauce ကို သာသုံး​ထားပြီး အထုံနဲ့ အစပ်ကိုလည်း စားကောင်းမယ့် level ကွက်တိလေးပဲ ဆိုတော့ ထိထိမိမိလေးတကယ်ကို အရသာရှိပါတယ်။ Set တိုင်းမှာ အသားလုံး အသီးအရွက် အသားပြား ပါပေမယ့် Add on ထပ်ထည့်ချင်ရင်လဲ အသား၊ အရွက် အကင်စုံ၊ ပုဇွန်၊ ဂဏန်း၊ bacon၊ ဝက်မှိုလုံး စသဖြင့်ထပ်ထည့်လို့ရပါသေးတယ်။ ရောက်ရောက်ချင်းစားချင်တယ် ဆိုရင်တော့ မရောက်ခင် အနည်းဆုံး တစ်နာရီ ကြိုမှာပေးလို့ရပါတယ်။ 

ဒါကြောင့်ဒီဆိုင်မှာ ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေနဲ့ မာလာအရသာနဲ့ ချဉ်ချဉ်စပ်စပ် ဟင်းလျားလေး တွေကို အရမ်းတန်တဲ့ ပရိုမိုးရှင်းလေးရှိတုန်း သွားရောက်သုံးဆောင်ကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

ဆိုင်လိပ်စာ -  အမှတ် ၁၃၀၇၊ ၄ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ ‌မြောက်ဒဂုံ (စျေးလေးမှတ်တိုင်အနီး)၊ ရန်ကုန်။
Ph: 09 799928128
Fb Link >>> The Seaside Taste


Read 315 times.