Special Deals

The Pizza Company ရဲ့ အယောက် (၅၀) စာ သီတင်းကျွတ် ပီဇာလက်ဆောင်

October 24, 2023

ပီဇာချစ်သူ Foodie အပေါင်းတို့အတွက် သီတင်းကျွတ်မှာ ပီဇာ အလကားစားလို့ရမယ့် အစီစဉ်လေးတစ်ခုတော့ ရှိနေပြီဆိုတာ သိပြီးကြပြီလား?

ဒီအစီအစဉ်လေးကိုတော့ The Pizza Company က ဖန်တီးပေးထားတာဖြစ်ပြီး အောက်တိုဘာလ (၂၄) ရက်နေ့ကနေ (၂၈) ရက်နေ့အတွင်း (၅) ရက်ဆက်တိုက် ရှိနေမှာ ဖြစ်ပါတယ်။

ပီဇာလက်ဆောင်ရယူဖို့အတွက် ပါဝင်ချင်တယ်ဆိုရင် အောက်က The Pizza Company ရဲ့ မူရင်းပိုစ့်အောက်မှာ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရှိခဲ့ဖူးတဲ့ သီတင်းကျွတ် အမှတ်တရလေးတွေကို Comment ပေးလိုက်ရုံပါပဲ။

>> https://shorturl.at/kox25

ကွန့်မန့်တွေအားလုံးထဲကမှ တစ်နေ့ကို ကံထူးရှင် (၁၀) ယောက် ရွေးပြီး (၅) ရက် ဆက်တိုက် ရွေးချယ်သွားမှာဖြစ်လို့ အယောက် (၅၀) တောင် ကံထူးနိုင်မှာဖြစ်ပါတယ်။ ပီဇာကံထူးသွားတဲ့ ကံထူးရှင် (၁၀) ယောက်ကိုလည်း The Pizza Company ရဲ့ တရားဝင် Page မှာ နေ့စဉ် ကြေငြာပေးသွားဦးမှာပါ။

ကွန့်မန့် မန့်တဲ့အခါ တစ်ယောက်ကို တစ်ခါပဲ မန့်ရမှာမျိုး မဟုတ်ဘဲ စိတ်ကြိုက် အကန့်အသတ်မရှိ မန့်လို့ရပါတယ်နော်။ ကိုယ့်မန့်တွေ များလေ ပီဇာရဖို့ အခွင့်အရေးလည်း ပိုရလေပေါ့နော်။ ပီဇာလက်ဆောင်ရရှိတဲ့ သူတွေကို  နေ့စဉ် (၅) ရက်ဆက်တိုက် တစ်ရက်ကို (၁၀) ယောက်ကြေငြာပေးသွားမှာဆို‌တော့ ဒီနေ့ မပါလည်း နောက်နေ့ ပါလာနိုင်တာဖြစ်လို့ နေ့တိုင်းမန့်နေလို့ ရပါတယ်။

သတိပြုရမယ့် အချက်များ

- လက်ဆောင်ပေးမယ့် ပီဇာသည် အပြောင်းအလဲ ရှိနိုင်ပါတယ်။

- ဆုလက်ဆောင်တွေကို ငွေသားနဲ့ လဲလှယ်ခွင့် မရှိပါဘူး။

- ဆုလက်ဆောင် ထုတ်ယူဖို့အတွက် ကံထူးရှင် ကြေငြာတဲ့နေ့မှ စတင်ပြီး (၃) ရက်အတွင်း Page ရဲ့ Chat Box မှာ ဦးစွာ အကြောင်းကြားပြီးမှသာလျှင် ပီဇာလက်ဆောင် ထုတ်ယူခွင့်ရှိပါတယ်။ 

- အကြောင်းပြန်ထားသော ကံထူးရှင်များအတွက် ဆုလက်ဆောင်တွေကို (၃) ရက် အတွင်း သက်ဆိုင်ရာ ဆိုင်ခွဲမှာ ထုတ်ယူရပါမယ်။  


Read 388 times.