Cafes & Restaurant

ဝက်သားကင်ဆလပ် တစ်ဗန်းကို ၉,၀၀၀ ကျပ်နဲ့ Rooftop မှာ ကြိတ်မယ်

February 2, 2024

အပေါ်စီးကနေ ရန်ကုန်မြို့ရဲ့ City View နဲ့ Sunset View ကို ကြည့်ရင်း ဝက်ဆလပ်ကင်လေးကို စျေးတန်တန်နဲ့ စားချင်တဲ့သူတွေအတွက် တောင်ဥက္ကလာပက ဆိုင်လေးတစ်ဆိုင်ကို ညွှန်ပေးချင်ပါတယ်။ ၉,၀၀၀ ကျပ်မှာ ဝက်သားအပြင် ဘာတွေပါလဲ? ဖေဖော်ဝါရီလအတွင်း ဘယ်လိုပရိုမိုးရှင်းတွေ ရှိလဲဆိုတာ အောက်မှာ ဆက်လက်ပြောပြပေးပါမယ်။

ဆိုင်နာမည်က Natural Cascade Rooftop Kitchen ဖြစ်ပြီး Natural Cascade Hotel ရဲ့ အပေါ်ဆုံးထပ်မှာ ရှိပါတယ်။ သူ့တစ်နေရာတည်းမှာ Hotel၊ Mini Cinema၊ KTV၊ Spa၊ Rooftop Bar အစုံရှိပါတယ်။ 

Natural Cascade Rooftop Kitchen မှာ Beer၊ Cocktail နဲ့ Juice တို့အပြင် Main Dishes၊ Vegetables၊ Salad၊ Soup၊ ‌BBQ၊ Mookata တို့လည်း ရပါတယ်။ 

ဒီဆိုင်မှာ ဝက်သားကင်ဆလပ်လည်း စျေးတန်ပြီး စားလို့ကောင်းပါတယ်။ သူ့ရဲ့ ၉,၀၀၀ ကျပ်တန် ဝက်ဆလပ်တစ်ဗန်းမှာ ဝက်သားအချိုနှပ်တစ်ပွဲ၊ ဆလပ်ရွက် တစ်ခြင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့ အချဉ်ရည် ပေးပါတယ်။ ကိုရီးယားဝက်ဆလပ်မဟုတ်တဲ့အတွက် ကင်မ်ချီတော့ မပေးပါဘူး။ သူ့ဝက်သားက သုံးထပ်သား မဟုတ်ဘဲ အသားလွှာကိုပဲ အချိုအရသာ နှပ်ထားတာ ဖြစ်ပါတယ်။ Cheese လေးနဲ့ စားချင်ရင်လည်း တစ်ပွဲ ၂,၀၀၀ ကျပ် ပေးပြီး ဝယ်စားလို့ရပါတယ်။ 

သူ့ဝက်ဆလပ်တစ်ပွဲက အစားနည်းတဲ့သူဆိုရင် နှစ်ယောက်လောက် အေးဆေး စားလို့ရပါတယ်။ သူ့ဆိုင်အနေအထားနဲ့ဆို ဆိုင်ကောင်းကောင်းကြီးမှာ ဝက်ဆလပ်တစ်ပွဲ ၉,၀၀၀ ကျပ်နဲ့ဆိုတာ တန်ပါတယ်။ အအေးဓာတ်လေးရှိနေဆဲ ဆောင်းတွင်းမှာ ဝက်ဆလပ်ကင် ပူပူနွေးနွေးလေးကို Rooftop မှာ Beer လေးသောက်ပြီး  မြည်းမယ်ဆိုရင် နတ်စည်းစိမ်ပါပဲ။ 

ဖေဖော်ဝါရီလထဲမှာ ဝက်ဆလပ်တစ်ပွဲ ဝယ်စားမယ်ဆိုရင် ရေခဲခြစ်တစ်ခု လက်ဆောင်ပေးပါတယ်။ ဝက်ဆလပ်လေးစားပြီး ရေခဲခြစ် ချိုချိုအေးအေးလေး လက်ဆောင်တောင်းဖို့ မမေ့ပါနဲ့နော်။ ပြီးတော့ ဆိုင်မှာ တစ်ခါစားလို့ ၃၅,၀၀၀ ကျပ်ဖိုး ပြည့်တယ်ဆိုရင် Stamp (၃) ခု ထုပေးပြီး (၉) ခုပြည့်တဲ့နေ့မှာ ဝက်ဆလပ်တစ်ပွဲ Free စားရဦးမှာပါ။ သွားမစားခင် ကိုယ်လိုချင်တဲ့ဝိုင်းလေးရဖို့ ဘိုကင်ကြိုလုပ်ပေးဖို့တော့ လိုပါတယ်။

Booking: 09891127676

Address: No 717, Thadar Street, South Okkalapa Tsp.(Near 4/6 Byamaso Road)


Read 320 times.