Special Deals

The Bash Yangon ရဲ့ ကျပ် (၁၀,၀၀၀) တန် Shots ဘူဖေး

August 16, 2023

The Bash Yangon က ဩဂုတ်လ (၁၁) ရက်နေ့မှ စတင်ပြီး ရက်အကန့်အသတ်မရှိ  အ၀သောက် Shots ဘူဖေး အစီအစဉ်ကို ပြုလုပ်ပေးထားပါတယ်။ The Bash Yangon က မြေနီကုန်း၊ လင့်လမ်းမှတ်တိုင်ရဲ့ အနီးမှာ ရှိပါတယ်။

ဒီဆိုင်က နှစ်ထပ်ရှိပြီး အောက်ထပ်ရဲ့ Indoor မှာ အဲကွန်းလေးနဲ့ အေးဆေးထိုင်လို့ရသလို့ အပေါ်ထပ် Rooftop မှာလည်း ဂျပန်စတိုင် ခုံလေးတွေနဲ့ ထိုင်လို့ရပါတယ်။ ဂျပန်စတိုင် မထိုင်ချင်ဘူးဆိုလည်း ရိုးရိုးထိုင်ခုံဝိုင်းတွေလည်း ရှိပါတယ်။ ဆိုင်က ကျယ်ကျယ်ဝန်းဝန်းရှိပြီး အပြင်အဆင်ကလည်း သပ်သပ်ရပ်ရပ်နဲ့ လှပါတယ်။ 

Advertisement

Click Here > Golden House

ဘော်ဒါတွေနဲ့ အပျင်းပြေကစားဖို့ ဘီလီယက်ခုံ၊ ဘောလုံးခုံတို့လို့ Chilling Spot နေရာလေးလည်း ရှိပါတယ်။

The Bash Yangon ရဲ့ ဘူဖေးအကြောင်း ပြောရမယ်ဆိုရင် Shots (၆) မျိုးကို မြန်မာငွေ (၁၀,၀၀၀) ကျပ်နဲ့ အ၀သောက်လို့ရမှာ ဖြစ်ပါတယ်။ တကယ်သောက်နိုင်တဲ့ ကြွက်တွင်းတွေအတွက်ဆို တော်တော်လေးတန်တယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ အချိန်ကိုလည်း (၃) နာရီ ပေးထားတော့ အေးဆေး သောက်ရင်း မှောက်လို့ရပါတယ်။ 

The Bash ရဲ့ ဘူဖေးထဲမှာ ပါတဲ့ Shots (၆) မျိုး နာမည်ကတော့ -

-Lwan Tal (လွမ်းတယ်)

-Ta ti ya Tal (သတိရတယ်)  

-Thout Mal (သောက်မယ်)

-Muu Mal (မူးမယ်)

-Pyel Mal (ပြဲမယ်)    

-Mhout Mal (မှောက်မယ်) ဖြစ်ပြီး အပျင်း၊ အပျော့ကို မြန်မာအဓိပ္ပါယ်လေးနဲ့ ဖော်ပြပေးထားပါတယ်။ ပျင်းတာတွေ သိပ်မသောက်နိုင်တဲ့သူကတော့ လွမ်းတယ်၊ သတိရတယ်၊ သောက်မယ်ဆိုတဲ့ Shots လေးတွေကို ရွေးချယ်လို့ရပါတယ်။ အမြည်းတွေကတော့ ဘူဖေးတွေမှာ မပါပေမဲ့ ဒီဆိုင်မှာက အမြည်းကောင်းကောင်းလေးတွေ ရပါတယ်။ အမြည်း (၁၀,၀၀၀) ဖိုးလောက် ထပ်မှာပြီး Shots ဘူဖေးလေးနဲ့ Chill မယ်ဆိုရင်တောင် တန်နေပါပြီ။ 

‌Unplugged ဖျော်ဖြေရေးတွေ ရှိသလို Bar သွားပြီး ဒွန့်ရမှ ကျေနပ်မယ့်သူတွေအတွက် အမိုက်စား DJ ဖျော်ဖြေ‌ရေး အစီအစဉ်တွေလည်း ရှိပါတယ်။  

Shots ဘူဖေး အစီအစဉ်က ရက်အကန့်အသတ်မရှိဆိုတော့ ကြိုက်တဲ့ရက်၊ ကြိုက်တဲ့အချိန် သွားလို့ရပါတယ်။ ကိုယ့်လို ဝါသနာတူ ကြွက်တွင်းလေးတွေကိုလည်း စျေးအရမ်းတန်တဲ့ Shots ဘူဖေးအစီအစဉ်အကြောင်း Sharing လုပ်ပေးလိုက်ကြဦးနော်။

ဆိုင်လိပ်စာ - အမှတ် ၁၄၄၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

ဖုန်းနံပါတ် - 09 5096069


Read 385 times.