Bars & Pubs

ရန်ကုန်မြို့ထဲက ဓာတ်ဖမ်းလို့ အလှဆုံး စားသောက်ဆိုင် (၅) ဆိုင်

October 17, 2022

ရန်ကုန်မြို့ပေါ်မှာဖွင့်ထားတဲ့ စားသောက်ဆိုင်ကောင်းကောင်းတွေအနက် အစားအသောက်လဲကောင်းပြီး ဓာတ်ဖမ်းလို့အရမ်းကောင်းတဲ့ စားသောက်ဆိုင် (၅) ဆိုင်ကိုဖော်ပြပေးလိုက်ပါတယ်။ 

(1) White Swan Myanmar Tea House
အခုပြောပြမယ့် စားသောက်ဆိုင်ကတော့ ရန်ကုန်မြို့ရဲ့ အလှဆုံး Fine Dining Restaurant နေရာတစ်ခုဖြစ်ပြီး အဆောက်အဦးအဖြူရောင် ဆိုင်အပြင်အဆင်နဲ့ စိမ်းစိုလွန်းတဲ့သစ်ပင်တွေ၊ ခြံကျယ်ကျယ်ကြီးနဲ့ အင်းယားရေပြင်ကျယ်ကြီးက ဒီစားသောက်ဆိုင်ရဲ့ အလှကိုပိုမိုပေါ်လွင်စေပါတယ်။ Fine Dining Restaurant တစ်ခုဖြစ်တာမို့ သူ့အလှတရားကလည်း သီးသန့် Limited Class လေးတစ်ခုလို ဘယ်တော့မှ မရိုးတဲ့ အမြဲစိမ်းအလှတရားကို ပိုင်ထားတဲ့ ရန်ကုန်ရဲ့ အလှဆုံး Restaurant ပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ အဓိက အစားအစားကတော့ အရသာရှိတဲ့ European Food နဲ့ Cake မျိုးစုံရရှိမှာဖြစ်ပါတယ်။

ဆိုင်လိပ်စာ - အမှတ် ၅၊ ဦးထွန်းငြိမ်းလမ်း၊ ၁၀ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 799 368 488

FB Link >>> White Swan Myanmar Tea House

(2) Burma Bistro
Vintage အငွေ့အသက်တွေ၊ ခေတ်ဟောင်းလူနေမှုစတိုင်လ်တွေနဲ့ ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်အကြာက စားသောက်ပွဲရုံတစ်ခုကို ရောက်သွားသလို ခံစားမိစေတဲ့ထိကို ရင့်ကျက်ခမ်းနားတဲ့အလှနဲ့ ရန်ကုန်မြို့ရဲ့ နိုင်ငံခြားသားများကိုဆွဲအဆောင်နိုင်ဆုံး ခေတ်ဟောင်း စားသောက်ဆိုင်တစ်ခုပဲဖြစ်ပါတယ်။  Bar နဲ့တွဲရက်ဖွင့်ထားပြီး ဆိုင်တစ်ခုလုံးရဲ့ နေရာသေးသေးလေးမှမကျန် လျှို့ဝှက်ချက်တွေ၊ တိတ်ဆိတ်မှုတွေနဲ့ ညို့ငင်နိုင်စွမ်းတဲ့နေရာဖြစ်ပါတယ်။ 

ဆိုင်လိပ်စာ - အမှတ် ၆၄၄၊ ကုန်သည်လမ်းနဲ့ ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 40118 3838

FB Link >>> Burma Bistro

(3) Seeds Restaurant and Lounge
Seeds Restaurant and Lounge ကတော့ ရန်ကုန်မြို့က မိန်းကလေးတိုင်းရဲ့ Proposal Dream Place လို့ပြောရလောက်အောင် လှတဲ့ စိမ်းစိုနေတဲ့ မြက်ခင်းပြင်တစ်ဆုံးရဲ့ အိပ်မက်ဆန်ဆန် ကမ္ဘာလေးဖြစ်ပါတယ်။ နိုင်ငံခြားသားတွေနဲ့ အထက်တန်းလွှာတွေအတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်ထားတာမို့ ဈေးနှုန်းကတော့ US$ နဲ့ ကျသင့်ပါတယ်။ Private Pavilion လေးတွေနဲ့ ချစ်သူတွေ Dinner Date၊ Lunch Date လုပ်ဖို့ဆိုရင် romantic အဆန်ဆုံးနေရာလေးပဲဖြစ်ပါတယ်။
ဆိုင်လိပ်စာ - အမှတ် ၆၃ A ၊ ဦးထွန်းငြိမ်းလမ်း၊ ၁၀ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။
ဖုန်းနံပါတ် - 09 972 784841

Fb Link >>> SEEDS Restaurant & Lounge

(4) The Newsroom Café Deli
ရန်ကုန်မြို့ရဲ့ အနောက်တိုင်း ကိုလိုနီယဉ်ကျေးမှုအလွှမ်းမိုးဆုံး ကဖေးတွေထဲက အလှဆုံးလို့ တင်စားလို့ရမယ့် Cafe လေးတစ်ခုပါ။ Colonial Theme Hotel တစ်ခုဖြစ်တဲ့ Hotel Excelsior ထဲမှာ တည်ရှိတာဖြစ်ပြီး အနောက်နိုင်ငံရဲ့ ခေတ်ဟောင်းအသုံးအဆောင်တွေ၊ Fashion တွေနဲ့ Interior Decoration တွေကအစ ခမ်းနားထည်ဝါပြီး ဂန္ဓဝင်ဆန်ဆန်တင့်တယ်တာကို တွေ့ရမှာပဲဖြစ်ပါတယ်။

ဆိုင်လိပ်စာ - အမှတ် ၁၉၊ ၄၃ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဆိုးတန်း။
ဖုန်းနံပါတ် - 01 925 3861

Fb Link >>> The Newsroom Café Deli

(5) Cafe's Dibar
ရန်ကုန်မှာ ဆိုင်ခွဲ ၃ခုနဲ့ ချစ်စရာကော်ဖီဆိုင်လေးတွေအဖြစ် လူငယ်တွေကြားမှာ နာမည်အကြီးဆုံး ကော်ဖီဆိုင်လေးပါ။ သူလည်း Artistic ဆန်ဆန်၊ ခေတ်ဟောင်းအနုပညာစီးမျောမှုနဲ့ Vintage ပုံစံဖန်တီးထားပြီး အဓိကအားဖြင့် အီတလီအစားအစာတွေ၊ အနောက်တိုင်းအစားအစာတွေနဲ့ ကော်ဖီကောင်းကောင်းလေးရပါတယ်။
ဆိုင်လိပ်စာ-အမှတ် ၉၊ ကမ္ဘာအေးဘုရားလမ်း၊ သစ္စာလမ်းထောင့်၊ ရန်ကင်းမြို့နယ်။
                 အမှတ် (၁၇) ပန်းခြံလမ်း၊ စမ်းချောင်း။
                 အမှတ် (၇၆) ဓမ္မာရုံလမ်း၊ မြေနီကုန်း။
ဖုန်းနံပါတ် - 09 965 114932

FB Link >>> Cafe's Dibar -

ဒါကြောင့် ရန်ကုန်မှာပဲ အမှတ်တရ အချိန်လေးတွေဖန်တီးလို့ကောင်းတဲ့ အလှဆုံးလဲဖြစ် ဓာတ်ဖမ်းလို့အရမ်းလှတဲ့ စားသောက်ဆိုင်လေးတွေကို လိပ်စာနှင့် တကွဖော်ပြပေးလိုက်ပါတယ်။

Myanmar Restaurant Guide
 


Read 709 times.