Bars & Pubs

TGIF မှာ relax ဖြစ်ပြီး Chill လို့ကောင်းမယ့် Rooftop Bar (၅) ဆိုင်

January 13, 2023

ဒီနေ့က သောကြာနေ့လည်းဖြစ်ပြီး တစ်ပတ်တာဖြတ်သန်းလာတဲ့ အလုပ်ခွင်ထဲက ပင်ပန်းမှုတွေနဲ့ စိတ်ဖိစီးမှုတွေကို ချစ်တဲ့သူ၊ မိသားစု၊ ဘော်ဒါသူငယ်ချင်းတွေနဲ့အတူ အပန်းဖြေရင်း Chill လို့ကောင်းတဲ့ ရန်ကုန်မြို့တွင်းမှာဖွင့် ထားတဲ့ Rooftop Bar တွေကို လိပ်စာနှင့် တကွဖုန်းနံပါတ်တွေပါဖော်ပြပေးလိုက်ပါတယ်။

Click Here >>>  Great Star Enterprise

(1) Dynasty Rooftop Bar & Grill
ပထမဆုံးပြောပြပေးမယ့် Bar နာမည်ကတော့ လှိုင်မြို့နယ် ရွာမကျောင်းလမ်းမှာဖွင့်ထားတဲ့ Dynasty Rooftop Bar & Grill ဆိုတဲ့ Bar ပဲဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ Rooftop မှာဖွင့်ထားတာဖြစ်ပြီး သီးချင်သံ လေးနားထောင်ရင်း Chill ချင်တဲ့သူတွေအတွက်ဆိုရင်တော့ unplugged နဲ့ DJ ဖျော်ဖြေမှုအစီအစဉ် တွေလဲပါဝင်တဲ့အတွက် စိတ်ကိုလွတ်လပ်ပေါ့ပါစေတဲ့ Vibe ကိုရမှာဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုရင် Company party ပွဲတွေ event ပွဲတွေကိုလဲ လက်ခံကျင်းပပေးပါတယ်။

Address: No.131, Ywarma Kyaung Street Hlaing Tsp., Yangon (Gemsy Hotel Rooftop), Hlaing, Yangon
Ph: 09449200787, 09449200544
Fb Link >>> Dynasty Rooftop Bar & Grill 

(2) Vista Rooftop Bar
အခုပြောပြမယ် Bar ကတော့ promotion တွေမကြာခဏပေးတဲ့ ဗဟန်းမြို့နယ်မှာဖွင့်ထားတဲ့ Vista Rooftop Bar ပဲဖြစ်ပါတယ်။ ဒီဆိုင်လေးကလည်း Rooftop မှာဖွင့်ထားတဲ့ Bar ပဲဖြစ်ပါတယ်။ ဒီဆိုင်မှာ Chill မယ်ဆိုရင်တော့ ညခင်းကို ဘီယာလေးသောက်ရင်း ဆောင်းလေအေးအေးလေးကြားမှာ ရန်ကုန်မြို့ရဲ့လှပတဲ့ view ကို အေးဆေးစွာခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆိုင်က  promotion တွေကို package တွေနဲ့ စီစဉ်ပေးထားတာဆိုတော့ Budget လည်း save ဖြစ်ပါတယ်။
Address: No(168) A, Corner Of Old Yay Tar Shay & Shwe Gone Doing Rd, Bahan, Yangon
Ph: 09 252666678
Fb Link >>> Vista Rooftop Bar

(3) Inya View Roof Top Bar
ဒီဆိုင်လေးကတော့ Rooftop မှာလဲဖွင့်ထားပြီး တစ်ခြားသော Bar တွေထက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို အကောင်းဆုံးပေးထားတဲ့  Inya View Roof Top Bar ပဲဖြစ်ပါတယ်။ ချစ်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ အားလပ်ရက်လေးမှာ ရန်ကုန်မြို့ရဲ့ View အလှကို ဖီလင်အပြည်အ၀နဲ့ ခံစားချင်တယ်ဆိုရင်တော့ ဒီ Bar ကိုရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ဓာတ်ဖမ်းရတာ ဝါသနာပါတဲ့သူတွေအတွက်လဲ ဘီယာသောက်ရင်း ပို့စ်ကောင်းလေးတွေရမယ့် ဆိုင်လေးလည်းဖြစ်ပါတယ်။

Address: No.12, B-7, Kan Road, 51/2 Miles, Hlaing Township, Yangon.
Ph: 09 409 100 900, 09 409 100 800
Fb Link >>> Inya View Roof Top Bar

(4) Honey Nest Gastro PUB
နောက်ထပ်ပြောပြပေးမယ့် Bar ကတော့ ရန်ကုန်မြို့မှာ အကြီးဆုံးလဲဖြစ် review ကောင်းကောင်းတွေလဲရထား တဲ့ Honey Nest Gastro PUB ဆိုတဲ့ Roottop Bar ပဲဖြစ်ပါတယ်။ ဒီဆိုင်ကတော့ Unplugged နေ့တိုင်းရှိပြီး stage စင်အကြီးကြီးနဲ့ Show ပွဲကြည့်နေရသလို Feeling လေးနဲ့ ဘီယာလေးသောက်ရင် Chill လို့ရမှာဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ထူးခြားချက်ကတော့ စတုရန်းပေ ၃၅,၀၀၀ ကျော်ရှိတဲ့ လူ ၂၀၀၀ ဝန်းကျင် လှုပ်ရှားမှုဧရိယာကျယ် Bar တစ်ခုပဲဖြစ်ပါတယ်။ 

Address: No. 110,Ward 1, Thamine Railway Station Street,Mayangone Tsp; Yangon
Ph: 0943030111
Fb Link >>> Honey Nest Gastro PUB

(5) NATURAL CASACADE Rooftop Customized Bar 
နောက်ဆုံးအနေနဲ့ ပြောပြပေးမယ် Bar ကတော့ အသောက်တင်ပဲ မဟုတ်ဘဲ အမြည်းကောင်းကောင်းလေးတွေပါရရှိတဲ့ NATURAL CASACADE Rooftop Customized Bar  ဆိုတဲ့ Bar ပဲဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုရင် Birthday party ပွဲနဲ့ အခြား party ပွဲတွေကိုလဲ လက်ခံကျင်းပပေးပါတယ်။ Unplugged လဲရှိပြီး သီချင်းဝါသနာအိုးတွေအတွက်တော့ ကိုယ်တိုင်ပါဝင် ဖျော်ဖြေလို့ရပါတယ်။ အခြားဆိုင်တွေနဲ့ မတူတဲ့ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ ကိုယ်ဆိုထားတဲ့ သီချင်းတွေကို Audio နဲ့ကူးထားပေးပြီး Android (သို့) Type C Phone နဲ့ အမှတ်တရအနေနဲ့ အိမ်အပြန်ယူသွားလို့ ရပါတယ်။ 

Address: အမှတ် (717)၊သဒ္ဒါလမ်း၊ (4)ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ် ၊ (Innocity) (ပါရမီညောင်ပင်မှတ်တိုင်အနီး)၊ ရန်ကုန်။
Ph: 09891127676
Fb Link >>> Natural Cascade Rooftop Kitchen

ဒါကြောင့်  TGIF မှာ relax ရင်း Chill ချင်ကြတဲ့ အသောက်တစ်လိုင်း Foodie လေးတွေအတွက် ရန်ကုန်မြို့တွင်းက နာမည်ကြီးပြီး လူသိများတဲ့ Bar တွေကို လမ်းညွှန်ပေးလိုက်ပါတယ်။
 


Read 529 times.